တရုတ်ပြည်သူ့သမ္မတနိုင်ငံ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
Fixed typo စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် |
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +... |
||
စာကြောင်း ၁၃၄ -
ဤကာလအတွင်း တရုတ်နိုင်ငံသည် ဗဟိုမှ ချုပ်ကိုင်သည့် တပြေးညီ စီမံခန့်ခွဲမှု၏ ထိရောက်မှုကို အလေးပေးသည့် သမဝါယမနှင့် ပြည်သူ့ကွန်မြူးစနစ်များကို ကျင့်သုံး ခဲ့သည်။ သို့သော် ကုန်ထုတ်အရင်းအမြစ်များ အသုံးချမှု၊ စံနစ်တကျ ခွဲဝေမှုတို့တွင် အကျိုး သက်ရောက်မှုများ နည်းပါးခဲ့သည်။ အကျိုးဆက်အားဖြင့် တောင်သူလယ်သမားတို့၏ စိတ်ပါဝင်စားမှု လျော့ပါးစေခဲ့သည်။ ဤကာလအတွင်း စုစုပေါင်းလယ်ယာကုန်ထုတ်လုပ်မှု သည် ပျမ်းမျှအားြဖင့် နှစ်စဉ် တစ်နှစ် ၂.၃ ရာခိုင်နှုန်းသာ တိုးတက်ခဲ့သည်။
၁၉၇၈ ခုနှစ်၌ အိမ်ထောင်စုအလိုက် တာဝန်ခံသည့်
၂၁ နှစ်တာကာလအတွင်း တရုတ်နိုင်ငံ၏ လယ်ယာထွက်ကုန် စုစုပေါင်းတန်ဘိုး တိုးတက်မှုနှုန်းမှာ တစ်နှစ်ပျမ်းမျှ ၆.၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ တိုးတက်မှုနှုန်းအမြင့်ဆုံး ၁၂.၃ ရာခိုင်နှုန်းကို ၁၉၈၄ ခုနှစ်တွင် ရောက်ရှိခဲ့ရာ ထိုစဉ်က တကမ္ဘာလုံး ပျမ်းမျှတိုးတက်မှုနှုန်းထက် ကျော်လွန်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် တရုတ်လယ်ယာကဏ္ဍ တိုးတက်မှုမှာ ဘက်ပေါင်းစုံမှ တိုးတက်မှုဖြစ်ခဲ့သည်။ ရိက္ခာသီးနှံ၊ ဝါနှင့် ဆီထွက်သီးနှံများ တန်ချိန် ၅၀၈.၃၉ သန်း၊ ၃.၈၃ သန်းနှင့် ၂၆.၀၁၂ သန်း အသီးသီး ထွက်ရှိခဲ့သည်။ ၁၉၇၈ ခုနှစ်ကထက် ၆၆.၇၊ ၇၆.၇ နှင့် ၄၀၀ ရာခိုင်နှုန်းထိ တိုးတက်ခဲ့ခြင်း ဖြစ်သည်။ အသားထုတ် လုပ်မှု တန်ချိန် ၅၉.၆၁ သန်းရှိရာ ၁၉၇၈ ခုနှစ်ကထက် ၇ ဆ တိုးတက်ခဲ့သည်။ ရေထွက်ပစ္စည်းများ ထုတ်လုပ်မှုတွင်လည်း တန်ချိန် ၄၁.၂၂၄ သန်းထိ၊ ၁၉၇၈ ခုနှစ်ထက် ၈. ၈ ဆ တိုးတက်ထုတ်လုပ်နိုင်ခဲ့သည်။ ဤသို့ဖြင့် အဓိကလယ်ယာထွက်ကုန်များ မလုံလောက်မှုကို နောက်ဆုံးတွင် ကျော်လွှားနိုင်ခဲ့သည်။ ယခုအခါ လူတစ်ဦးကျ အသား၊ ဥ နှင့် နို့ ထုတ်လုပ်မှုမှာ ၅၀၊ ၁၇၊ ၆.၆ ကီလိုဂရမ် ဖြစ်ရာ ကမ္ဘာ့ပျမ်းမျှ ထုတ်လုပ်မှုကို ကျော်လွန်တော့မည်ဖြစ်သည်။ နှစ်ပေါင်းရာနှင့်ချီ၍ တရုတ်တောင်သူလယ်သမားတို့အား ပြဿနာပေးခဲ့သော ရိက္ခာပြတ်လပ်မှုကို နောက်ဆုံး၌ ဖြေရှင်းနိုင်ခဲ့ပြြီဖစ်သည်။
မြို့နယ်စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာခြင်းသည် လယ်ယာစီးပွားဘဝ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို ြမှင့်တင်ပေးလိုက်သည်။ ၁၉၈၇ ခုနှစ်တွင် မြို့နယ်စီးပွားရေးလုပ်ငန်းများ ၏ ကုန် ထုတ်လုပ်မှုတန်ဘိုးစုစုပေါင်းသည် လယ်ယာကုန်ထုတ်လုပ်မှုထက် သာလွန်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ယင်း မြို့နယ်စီးပွားရေးလုပ်ငန်းများ၏ ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံရရှိခဲ့သည်။ ဤသည်မှာ
== လူဦးရေနှင့်လူမျိုးများ ==
|