မြေဩဇာ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၈ -
၁၉၁၄ ခုနှစ်မှ ၁၉၁၈ ခုနှစ်အထိ ဖြစ်ပွားခဲ့သော ပထမကမ္ဘာစစ်သည် ကမ္ဘာအရပ်ရပ်တွင်ရှိသော တိုင်းပြည်များတွင် မြေဩဇာအမျိုးမျိုး တီထွင်ကြဖို့မျက်စိဖွင့်ပေးသည်ဟု ဆိုရပေမည် ။ ယင်းကဲ့သို့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွင် လယ်မြေများ သိမ်ဖျင်းမသွားစေရန် မြေဩဇာကျွေးလျက် ပြုပြင်ပေးရကြောင်းကို ကောင်းစွာ သဘောပေါက်လာကြသည့်အလျောက် နိုက်ထရိုဂျင်ဓာတ်ကို ပုံသေကားချ သတ်မှတ်ကာ ဓာတ်မြေဩဇာအမျိုးမျိုးကို ဖော်စပ်၍ အရောင်းအဝယ်ပြုလုပ် ကြသည်။ အပင်၏ အစာဖြစ်သော ပိုတက်ဆီယမ်နိုက်ထရိတ်
ဓာတ်မြေဩဇာမျိုးကို မြေဩဇာ ပြုပြင်ရေးတွင် တစ်နေ့တစ်ခြား အသုံးများလာကြသည်။ သို့ရာတွင် နိုက်ထရိုဂျင်ဓာတ်ချို့တဲ့နေသော မြေဆီလွှာတွင် ဓာတ်မြေဩဇာ လိုနေသည့်ဓာတ်ကို
ဖြည့်စွမ်းနိုင်သည်ထက် အပင်နှင့် တိရစ္ဆာန်တို့မှ ဖြစသော မြေဩဇာမျာကို ကျွေးခြင်းဖြင့်လည်းကောင်း၊ လူဆန်ပဲပင်မျိုးများကို စိုက်ပျိုးခြင်းဖြင့်လည်းကောင်း နိုက်ထရိုဂျင်ဓာတ် ပိုမို၍ ဖြည့်စွက်ပေးနိုင်သည်။ အခြားအသီးအနှံပင်နှင့်မတူ လူဆန်ပဲပင်များသည် မြေဆီလွှာတွင်းရှိ နိုက်ထရိုဂျင်ဓာတ်ကို မကုန်ခန်းစေသည်သာမက ထပ်လောင်း၍ပင် ဖြည့်တင်းပေးနိုင်လေသည်။ ကျွဲ နွားတိရစ္ဆာန်စား တောပဲပင််နှင့်တောပဲပင်နှင့် အခြားပဲပင်မျိုးများသည်လည်း ထိုလူဆန်ပဲပင်ကဲ့သို့နိုက်ထရိုဂျင်ဓာတ် ဖြည့်စွမ်းပေးနိုင်ကြသည်။ ဥရောပတိုက်ရှိ ဂျာမနီ
နိုင်ငံ အယ်လဆက်နယ်၊ အိန္ဒိယ၊ အီဂျစ်နှင့် ပါးရှားနိုင်ငံများတွင်သာမန် မြေတို့၌ လိုနေသော ပိုတက်ဓာတ်ပါသည့် မြေဆီမှုန့်များကို မြေတွင်းများ တူးဖော်ခြင်ဖြင့် ရရှိနိုင်ကြသည်။ ဖော့စဖိတ်ဓာတ်လိုနေသည့်မြေမျိုးတွင် ထိုဓာတ်မျိုး ပေါင်းစပ်ပါဝင်လျက်ရှိသော ကျောက်မှုန့်များ၊ တိရစ္ဆာန်တို့၏ အရိုးမှုန့်များနှင့် သံရည်ကျိုရာတွင်ဖြစ်ပေါ်လာသော ချော်တုံးချော်ခဲတို့၏ အမှုန့်များကို မြေဩဇာ အဖြစ်ဖြင့် ကျွေးပေးရသည်။မြေကို ပြုပြင်ရာ၌ အသုံးချကြသော အခြားမြေဩဇာ တစ်မျိုးမှာ တောင်အမေရိကတိုက် ပစိဖိတ် သမုဒ္ဒရာကမ်းခြေနှင့် ထိုသမုဒ္ဒရာ
တွင်းရှိ ကျွန်းစုများ၌ အသိုက်အအုံပြုကာ နေကြသော ပင်းဂွင်းခေါ် ပင်လယ်ငှက်တစ်မျိုး၏ ချေးဖြစ်သည်။ ထိုမြေဩဇာကိုဂွာနိုဟု ခေါ်သည်။ ဤဂွာနိုမြေဩဇာတွင် ဖော့စဖိတ်ဇာတ်ပါရှိရာ မြေကို ပြုပြင်ရန် အထူးသင့်လျော်၏။ တစ်ခါက ထိုငှက်ချေးများကို လိုက်လံစုသိမ်း၍ စီးပွားရှာသူတို့သည် အတော်ပင် ကျေးဇူးဖြစ််ထွန်းခဲ့ကြသည်။ကျေးဇူးဖြစ်ထွန်းခဲ့ကြသည်။ ယခုအခါ၌မူ ထိုဂွာနိုမြေဩဇာများကို လိုသလောက်မရနိုင်တော့ချေ။
 
တစ်ခါတစ်ရံ တောင်သူလယ်သမားတို့သည် ကျောက်မီးသွေးပြာ၊ သစ်ကိုင်းသစ်ခက် သစ်သားတို့မှဖြစ်သော ပြာစသည့် ပြာမြေဩဇာကိုလည်းကောင်း၊ ထုံးကျောက်မှုန့်များ၊ ယောက်သွားခွံ၊ ပုစွန်ထုပ်ခွံတို့၏ အမှုန့်များကို လည်းကောင်း၊ မြေစေးနှင့်ထုံးကျောက်ရောစပ်ထားသည့် မြေဆီတစ်မျိုးကိုလည်းကောင်း၊ အမှိုက်သရိုက်နှင့် ရေပုပ်ရေစပ်များကိုလည်းကောင်း မြေဩဇာအဖြစ်ဖြင့် အသုံးချကြသည်။တောင်သူလယ်သမားတို့သည် မိမိတို့ လုပ်ကိုင်လျက်ရှိသော လယ်မြေများကို အသီးအနှံ အထွက်ကောင်းသည်ထက် ကောင်းလာအောင်