ယူရေးရှား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၁၄ -
'''ယူရေးရှား''' သည် [[ဥရောပ]]နှင့်[[အာရှ]] တိုက်နှစ်ခုတို့၏ ပေါင်းစည်းနေသည့် ကုန်းမြေကို ခေါ်ဆိုခြင်းဖြစ်သည်။ ယူရေးရှားသည် [[မြောက်ကမ္ဘာလုံးခြမ်း]]နှင့် [[အရှေ့ကမ္ဘာလုံးခြမ်း]]တွင် တည်ရှိကာ အနောက်ဖက်တွင် [[အတ္တလန္တိတ်သမုဒ္ဒရာ]]၊ အရှေ့ဖက်တွင် [[ပစိဖိတ်သမုဒ္ဒရာ]]၊ မြောက်ဖက်တွင် [[အာတိတ် သမုဒ္ဒရာ]]၊ တောင်ဖက်တွင် [[အာဖရိကတိုက်]]၊ [[မြေထဲပင်လယ်]]၊ ပစိဖိတ်သမုဒ္ဒရာ နှင့် [[အိန္ဒိယသမုဒ္ဒရာ]] တို့က ဝန်းရံလျက်ရှိသည်။<ref>{{cite web|title=What is Eurasia?|url=http://geography.about.com/od/learnabouttheearth/a/What-Is-Eurasia.htm|publisher=geography.about.com|accessdate=၁၇ ဒီဇင်ဘာ ၂၀၁၂}}</ref>
 
ဥရောပနှင့် အာရှတိုက် တို့မှာ သဘာဝတရားအရ သီးခြားတိုက်နှစ်ခုအနေဖြင့် တိတိကျကျကွဲပြားမှုမရှိပဲ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအရသာ ကွဲပြားနေသည့်အတွက် ယူရေးရှားကို ကမ္ဘာ့တိုက်ကြီး ငါးတိုက် သို့ ခြောက်တိုက်အနက် အကြီးဆုံးအနေဖြင့်လည်း မှတ်ယူကြသည်။<ref name="NatlGeo">{{cite web|url=http://www.nationalgeographic.com/faq/geography.html#continents|title=How many continents are there?|publisher=National Geographic Society|accessdate=၂၆ စက်တင်ဘာ ၂၀၁၀}}</ref><ref group=note>အစဉ်အလာသဘောတူညီချက်များအရ တိုက်ကြီး ခုနစ်တိုက်မှာ- [[အာရှတိုက်]], [[အာဖရိကတိုက်]], [[မြောက်အမေရိကတိုက်]], [[တောင်အမေရိကတိုက်]], [[ဥရောပတိုက်]], [[ဩစတြေးလျတိုက်]]နှင့် [[အန္တာတိကတိုက်]] တို့ဖြစ်ကြသည်။ အချို့သော ပထဝီဝင်ပညာရှင်များကမူ ဥရောပနှင့် အာရှကို ယူရေးရှား အဖြစ် တစ်ပေါင်းတည်း သတ်မှတ်ကာ တိုက်ကြီး ခြောက်တိုက်ဟု စာရင်းသွင်းကြသည်။ ကမ္ဘာ့အချို့နေရာများတွင် ယူရေးရှား၊ သြစတြေးလျ၊ဩစတြေးလျ၊ အာဖရိကနှင့် [[အမေရိက]] ဟူ၍ တိုက်ကြီးငါးတိုက် အနေဖြင့် ကျောင်းသင်ခန်းစာတွင် ထည့်သွင်းသင်ကြားသည်။</ref>
 
ယူရေးရှား၏ အကျယ်အဝန်းမှာ ၅၂,၉၉၀,၀၀၀ စတုရန်းကီလိုမီတာ (၂၀,၄၆၀,၀၀၀ စတုရန်းမိုင်)ဖြစ်ပြီး ကမ္ဘာ့ကုန်းမြေစုစုပေါင်း၏ ၃၆.၂ % ရှိသည်။ ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းနှင့် ညီမျှသော လူဦးရေ သန်းပေါင်း ၄.၆ ထောင် သည် ယူရေးရှား၏ ကုန်းမြေတွင် နေထိုင်လျက်ရှိသည်။ အာဖရိကမှ ယူရေးရှားသို့ ပထမဆုံး အခြေချနေထိုင်မှုမှာ လွန်ခဲ့သောနှစ်ပေါင်း ၆၀,၀၀၀ နှင့် ၁၂၅,၀၀၀ ခန့်က ဖြစ်သည်။<ref>{{cite web|url=http://www.sciencenews.org/view/generic/id/69197/title/Hints_of_earlier_human_exit_from_Africa |title=Hints Of Earlier Human Exit From Africa |doi=10.1126/science.1199113 |publisher=Science News |year=၂၀၁၁-၀၅-၀၁}}</ref><ref>Paul Rincon [http://www.bbc.co.uk/news/science-environment-12300228 Humans 'left Africa much earlier'] ဘီဘီစီသတင်း၊ ၂၇ ဇန်နဝါရီ ၂၀၁၁</ref>