ရာမာယဏ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၃၀ -
 
ဒသရထဘုရင်ကြီးသည် ဇရာဒုဗ္ဗလအရွယ်သို့ ရောက်လာပြီ ဖြစ်သည်နှင့် တစ်နေ့တွင် သားတော်ရာမမင်းသားအား ထီးမွေနန်းမွေခံအဖြစ် ကျေညာရန် စီစဉ်လေသည်။ သို့သော် ကေကေယီ မိဖုရားသည် မိမိ၏သားတော် ဘရတသာလျှင် မင်းဖြစ်သည်ကို မြင်လိုသောကြောင့် တစ်ရံခါက မိမိအား ဒသရထမင်းကြီး ပေးအပ်ထားသည့် ဆုနှစ်ရပ်ကို တောင်းခံလေသည်။ ထိုနှစ်ဆုမှ ဘရတမင်းသားကို အရိုက်အရာဆက်ခံ စေရန်နှင့် ရာမမင်းသားကို ပြည်တော်မှ ၁၄ နှစ်ကြာ နှင်ထုတ် ရန်တို့ ဖြစ်လေသည်။ အခြားဆုများ တောင်းခံရန် ဘုရင်ကြီးက အမျိုးမျိုး ပန်ကြားသော်လည်း မရသဖြင့် ရာမမင်းသားအားခေါ်၍ အကျိုးအကြောင်း ပြောပြရာ ရာမမင်းသားသည် သားတော် အလိမ်မာဖြစ်သည်အားလျော်စွာ မိမိ၏သဘောအလျောက် ကြင်ယာတော် သီတာမင်းသမီး၊ ညီတော်
လက္ခဏာတို့နှင့်အတူ ဒဏ္ဍကတောသို့ အေးချမ်းစွာပင် ထွက်ခွာသွားလေသည်။ ခမည်းတော်မင်းကြီးလည်း စိတ္တဇဖြင့် နတ်ရွာစံလေသည်။ ဘရတမင်းသားသည်လည်း မိမိ၏နောင်တော်ကို ကျော်လွန်၍ ဘုရင်မလုပ်လိုသောကြောင့် နောင်တော်အား လိုက်ရှာရာ၊ ဒဏ္ဍတောတွင် တွေ့ရှိ၍ နေပြည်တော်သို့ ပြန်လည် လိုက်ပါရန် ခေါ်ဆောင်လေသည်။ ရာမမင်းသားလည်း ညီတော်ဘရတ၏ သဘောထားကြီးမားပုံကို သိရှိရသော်လည်း မိမိ၏ကတိအတိုင်း ခမည်းတော်၏ သြဇာကိုဩဇာကို နာခံလိုသောကြောင့် နေပြည်တော်သို့ ပြန်မလိုက်ဘဲ ခြေနင်းကိုသာ ပေးအပ်လိုက်လေသည်။ ဘရတမင်းသားလည်း ရွှေခြေနင်းကို ယူကာ ရာဇပလ္လင်ထက်တွင် တင်၍ နောင်တော်၏ ကိုယ်စားတိုင်းပြည်ကို အုပ်ချုပ်လေသည်။
 
ဒဏ္ဍက တောတွင်းဝယ် ရာမမင်းသည် ကြင်ယာတော်၊ ညီတော်တို့နှင့်အတူ နေထိုင်စဉ် ဘီလူးတို့၏ဘေးမှ ကြောက်လန့်နေကြသူတို့ ခိုဝင်လာကြရာ ရာမမင်းသည် ဘီလူးတို့၏ ရန်ကို တွန်းလှန်ရလေသည်။ သုပ္ပနခါ ဘီလူးမသည် ရာမမင်းကို မြင်လျှင် တပ်မက်ကြောင်း ထုတ်ဖော်သော်လည်း ရာမမင်းသားက လက်မခံသဖြင့် စိတ်နာ၍ မောင်တော်ခရဘီလူးကိုခေါ်၍ စစ်သည်တို့ဖြင့် တိုက်ခိုက်လေသည်။သို့သော် ခရဘီလူးနှင့်တကွ စစ်သည်တော်တို့သည် ရာမမင်းသား၏ လက်ချက်