ဩဘာစိန်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၁ -
==ငယ်စဉ်ဘဝ==
မင်းသမီးကြီး '''သြဘာစိန်ဩဘာစိန်''' ကို ၁၂၆၂ ခုနှစ် တပို့တွဲလဆုတ် ၈ ရက်နေ့တွင် တွံတေးမြို့၊ ကွမ်းခြံပိုင်းနေ အဖ [[ဗိန္ဒေါ]]ဆရာကြီး ဦးဖေ၊ အမိ ဒေါ်သဲဖြူတို့မှ မွေးဖွားခဲ့သည်။ သားသမီးငါးယောက်အနက် အထွေးဆုံးဖြစ်၍ ငယ်မည်မှာ မစိန် ဟုခေါ်သည်။
 
==စကင်းငွေစိန်==
အသက် ၆ နှစ် အရွယ် တွင် တစ်မြို့တည်းနေ မင်းသမီး တွံတေးဆံတောက်မငွေသင် (နောင် [[အလင်္ကာကျော်စွာ]] ရွာစားကြီး[[ဦးဟန်ပ]]၏ဇနီး)ထံ၌ ပညာယူရန် အပ်နှံ ပေးသည်။ မငွေသင်ထံ၌ ၃နှစ်တိုင်တိုင် ပညာရင် နို့သောက်စို့ပြီးသောအခါ အသက် ၉နှစ်အရွယ်တွင် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ရေတွင်းကုန်း ဆရာဉာဏ်ထံသို့ ပညာဆက်လက် ဆည်းပူးရန် လိုက်ပို့ပေးခဲ့ကြသည်။ ဆရာဉာဏ်ထံတွင် '''စကင်းငွေစိန်''' အမည်ဖြင့် အငြိမ့်ကပြခဲ့ရာ လူကြိုက် အတော်များခဲ့သည်။ ထိုစဉ်က အတူပညာသင်ဖက်များမှာ နိုင်ငံကျော် မင်းသား အောင်ဘညို နှင့် ဗလကလေးထွန်းရင်တို့ ဖြစ်သည်။
 
==သြဘာစိန်ဩဘာစိန် အဖြစ်သို့==
အသက် ၁၃ နှစ် အရွယ်တွင် ပသီမြညွန့် ဇာတ်အဖွဲ့က လာခေါ်သဖြင့် လိုက်သွားပြီး၊ ယင်းဇာတ်အဖွဲ့၌ ခေါင်းဆောင်မင်းသမီး အဖြစ် ကပြရလေသည်။ ပသီမြညွန့် ဇာတ်အဖွဲ့သို့ ရောက်ရှိပြီးနောက် စကင်းငွေစိန် အမည်ကို ဖျောက်၍ သြဘာစိန်ဩဘာစိန် ဟူသော အမည်သစ်ကို ယူလိုက်သည်။ ပသီမြညွန့် နှင့် သြဘာစိန်တို့မှာဩဘာစိန်တို့မှာ သဘင်ရည် ပြည့်ဝသူများဖြစ်ပြီး တက်ညီလက်ညီ ကပြနိုင်ရကား ပွဲကြည့်ပရိသတ်တို့ အထူး အားပေးခြင်းကို ခံခဲ့ရလေသည်။ ပသီမြညွန့်နှင့် ကပြနေစဉ် အငြိမ့်ထောင်ဆရာ ဦးဘိုးညှင်းက လာရောက်ဆက်သွယ်သည်။ သို့နှင့် အငြိမ့်လောကသို့ ရောက်ခဲ့ရပြန်သည်။ ဦးဘိုးညှင်း၏အငြိမ့်တွင် ခေါင်းဆောင်မင်းသမီး အဖြစ် ကပြခဲ့ရာ၊ ထိုခေတ်က နာမည်ကျော် လူရွှင်တော်ကြီးများဖြစ်ကြသော [[ဦးကြင်ခဲ]]၊ [[ဦးရွှေဒင်္ဂါး]] တို့နှင့် တွဲဖက်မိရာ အထူး ကျော်ကြားခဲ့လေသည်။ ဤသို့ကပြရင်း မန္တလေးမှ မင်းသား ဦးစိန်အုပ် လာရောက်ခေါ် သဖြင့် အငြိမ့်မှ ထွက်ပြီး၊ ဦးစိန်အုပ် ဇာတ်အဖွဲ့ထဲ ရောက်ခဲ့ရသည်။ ပထမဆုံး တွဲရသောမင်းသားမှာ ဦးစိန်အုပ် ဖြစ်သည်။ ဦးစိန်အုပ်ဇာတ် အဖွဲ့နှင့် ကပြနေရင်းပင် အောင်စည်ဗလ ဇာတ်အဖွဲ့ ၌လည်းကောင်း၊ ဦးဖိုးလှိုင် [[ရုပ်စုံသဘင်]] ၌လည်းကောင်း ခေတ္တလိုက်၍ ကူညီကပြပေးခဲ့ရ သည်။ ဦးစိန်အုပ်ဇာတ်အဖွဲ့တွင် ကပြစဉ်က နေမျိုးဗလကျော်သူဘွဲ့ရ ရွာစားကြီး[[စိန်ဗေဒါ]] ဆိုင်းအဖွဲ့နှင့် တွဲခဲ့ရ၍ ပညာပိုမို တိုးတက်ခဲ့ရသည်။
 
== စိန်ကတုံးဇတ်နှင့် ==
မန္တလေးမြို့ပေါ် ၌ ဇာတ်အဖွဲ့နှင့် ကပြ၍ တစ်နှစ်တာကုန်ဆုံးသွား သောအခါ မင်းသား[[စိန်ကတုံး]] ဇာတ်အဖွဲ့သို့ ကူးပြောင်းသွားခဲ့သည်။ စိန်ကတုံးဇာတ်သို့ ရောက်ရှိချိန်တွင် မင်းသမီး မမြနု ရှိနေသည်။ ထို့ကြောင့် စိန်ကတုံး၏ နှစ်ပါးသွားသီချင်းတစ်ပုဒ်တွင်-
{{cquote|'''ယခုည မြာနှစ်ပွေအမည် _ မြနုကလေးကို ချစ်သည် _ အဝိဇ္ဇော နဲ့ နိပ်သောမြာတွေ ဇာတ်ပွဲမို့ခေါ်သည်_လှော်မည်_ သြဘာစိန်ကလေးကိုလ_နှစ်ထောင်ပေးကာခေါ်ရသည်_ဩဘာစိန်ကလေးကိုလ_နှစ်ထောင်ပေးကာခေါ်ရသည်_ သနပ်ခါးလူးလို့မူရှာသည်_ မျက်ခုံးမွှေးတားလို့မူရှာသည်_ ယူမှာအတည် _မောင်စိန်ကတုံးရယ်က_မယားနှစ်ယောက်နဲ့ လျှောက်၍ လည်ဦးမည်'''}}
ဟု ဆိုခဲ့သည်။
 
စာကြောင်း ၁၆ -
 
==အိမ်ထောင်သည်ဘဝ==
စိန်ကတုံး နှင့်အတူ ကနေစဉ် မင်းသားရွှေမျက်မှန်၏ အစ်ကိုဖြစ်သူ မင်းသား ဦးလွန်းမောင်နှင့် အကြောင်းပါလေသည်။ မင်းသမီးအဖြစ် ကပြရင်း အိမ်ထောင်ကျသွားသော်လည်း သြဘာစိန်အဖို့ဩဘာစိန်အဖို့ နာမည် မမှိန်ခဲ့ပါပေ။ ၁၂၉၁ ခုနှစ် ပြာသိုလဆုတ် ၃ရက်နေ့တွင် ဦးစိန်ကတုံးသည် မုံရွာမြို့၌ ပွဲကရင်း ကွယ်လွန်ခဲ့သည်။ ဦးစိန်ကတုံး ကွယ်လွန်သောအခါ ကျန်ရစ်ခဲ့သည့်ဇာတ်အဖွဲ့ ကြီးကို မင်္ဂလာဦးအောင်မောင်းက ဦးစီးကပြသည်။ ထို့နောက် မင်္ဂလာ [[အောင်ဘညို ]]ဆက်လက်၍ ဦးစီးကပြခဲ့ပြန်သည်။သို့နှင့် သြဘာစိန်သည်ဩဘာစိန်သည် ဦးအောင်မောင်း၊ အောင်ဘညိုတို့နှင့် ၉နှစ်မျှ တွဲခဲ့ရလေသည်။ အသက် ၄၃နှစ်ခန့်တွင် အနားယူရန်ကြံစည်နေခိုက် ခင်ပွန်းဖြစ်သူ ဦးလွန်းမောင်က ကိုယ်ပိုင်ဇာတ်ထောင်ပြန်သဖြင့် ခင်ပွန်းသည်နှင့်အတူ စိတ်တူသဘောတူ ကူညီကပြခဲ့လေသည်။ သို့သော် မကြာခင် ဇာတ်ပျက်သွားပြီး ဦးဖိုးစိန် ဇာတ်အဖွဲ့သို့ နှစ်ဦးစလုံးရောက်ရှိ သွားလေသည်။
 
ဦးဖိုးစိန်နှင့် တွဲဖက်ကပြနေစဉ် ခင်ပွန်းဖြစ်သူ ဦးလွန်းမောင် ရုတ်တရက်ကွယ်လွန်သွားခဲ့သည်။ ဤတွင် သြဘာစိန်သည်ဩဘာစိန်သည် ယူကျုံးမရဖြစ်ကာ ဦးဖိုးစိန် ဇာတ်မှထွက်၍ အနားယူခဲ့သည်။ သို့ရာတွင် ကြာရှည်စွာ အနားမယူနိုင်ရှာဘဲ ဝမ်းရေးအတွက် [[အမယ်ကြီးအို အောင်စိန်]] နှင့် အတူ တစ်နှစ်တာမျှကပြပြီးနောက်မူ သဘင်အလုပ်ကို အပြီးပိုင် စွန့်လွှတ်လိုက် တော့သည်။
 
==ဘဝနိဂုံး==