ဟယ်လင် သောမတ်စ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၂၆ -
၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့၊ [[အိုဘားမား]] သမ္မတဖြစ်လာပြီး ပထမဦးဆုံး သတင်းစာရှင်းလင်းပွဲတွင် ဟယ်လင် တစ်ယောက် သတင်းမီဒီယာသမားများ၏ ရှေ့ဆုံးတန်းတွင်ထိုင်ကာ သမ္မတသစ်၏ ဂုဏ်ပြုခြင်းခံခဲ့ရသည်။ အိုဘားမားက“ဟယ်လင်… ကျွန်တော် စိတ်လှုပ်ရှားလွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ဘူး” ဟု ပြောကာ အလေးပေးခြင်းခံရသည့် ထိုအမျိုးသမီး သတင်းထောက်ကြီးသည် မည်သူနည်း။
 
သူမအမည် အပြည့်အစုံက ဟယ်လင် အေမီလီယာ သောမတ်စ်ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ် သြဂုတ်လဩဂုတ်လ ၄ ရက်နေ့တွင် မွေးဖွားခဲ့ သည်။ စာရေးဆရာ၊ သတင်းထောက်၊ အိမ်ဖြူတော် သတင်းလိုက်အဖွဲ့ဝင်၊ နိုင်ငံရေးဝေဖန်အကြံပေးစသည့် ဂုဏ်ထူးများကို ပိုင်ဆိုင်ထားသူလည်းဖြစ်သည်။ ထိုဂုဏ်ထူးများကို ဟယ်လင်တစ်ယောက် အလုပ်မလုပ်ဘဲထိုင်ပြီး ရလာခဲ့ခြင်းတော့ မဟုတ်ပေ။
 
ဟယ်လင်သည် United Press International (UPI) သတင်းဌာနတွင် ယခင် United Press ဟုခေါ်ချိန် ကတည်းက သတင်းသမားအဖြစ် ၅၇ နှစ်အကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သတင်းစာတိုက်ကို သတင်းထောက်ဘဝ ဖြင့် စတင်ဝင်ရောက်ခဲ့သည်။ နောက်ပိုင်း အိမ်ဖြူတော်သတင်းအဖွဲ့ မန်နေဂျာဖြစ်လာသည်။
စာကြောင်း ၈၈ -
၂၀၀၉ ခုနှစ် ဇူလိုင် ၁ ရက်နေ့တွင် ဟယ်လင်သည် သမ္မတ အိုဘားမား အုပ်ချုပ်ရေးနှင့် ပတ်သက်၍လည်း
 
“ကျွန်မတို့မှာ ထိန်းချုပ်မှုဆိုတာ ရှိသင့်တယ်။ ဒါပေမဲ့ ဒီလို ထိန်းချုပ်မှုမျိုးတော့ မဖြစ်သင့်ဘူး။ ကျွန်မ အတော်လေးလည်း အံ့အားသင့်သွားမိတယ်။ ကျွန်မ အံ့သြမိတယ်ဆိုတာအံ့ဩမိတယ်ဆိုတာ ရှင်ကပြောတော့ ပွင့်လင်းပြီး ထင်သာမြင်သာရှိရမယ်လို့ဆိုပြီး ထိန်းချုပ် ဦးမယ်ဆိုတာက ဘာသဘောလဲ” ဟု ဆိုခဲ့သည်။ သမ္မတနစ်ဆင် လက်ထက်ကတည်းက သတင်းမီဒီယာအပေါ် ချုပ်ကိုင်မည် ဆိုသည့် အပြောကို ယခု အိုဘားမားလက်ထက်တွင်လည်း သူမက ကန့်ကွက်ကာ ဝေဖန်ချက်ပေးခဲ့ခြင်းဖြစ်သည်။
 
ဟယ်လင်သည် သူမကိုယ်သူမ လစ်ဘရယ်ကျကျ နေထိုင်ပြောဆိုတတ်သူအဖြစ် ဂုဏ်ယူဝံ့ကြွားလေ့ရှိသည်။ သူမ ဘဝတစ်လျှောက်လုံး အလုပ်တွင်သာ နစ်မြှုပ်ထားပြီး အသက် ၅၁ နှစ်ကျမှ သူနှင့် လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ ဒေါက်ဂလပ်စ် ကောနဲလ်နှင့် လက်ထပ်ခဲ့သည်။ ဒေါက်ဂလက်စ်သည် ဟယ်လင်နှင့် လက်ထပ်ပြီး လေးနှစ်အကြာတွင် အယ်လ် ဇိုင်းမားရောဂါစွဲကပ်ခဲ့သဖြင့် ၁၉၈၂ ခုနှစ် ကွယ်လွန်ချိန်အထိ ဟယ်လင်က ပြုစုစောင့်ရှောက်ခဲ့ရသည်။