အင်းဝတံတား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၂၅ -
၁၉၄၂ ခုနှစ်၊ ဧပြီ ၃ ရက်၌ မန္တလေးကို ဂျပန်လေတပ်က အကြီးအကျယ်ဗုံးကြဲပြီး နောက် အင်္ဂလိပ်စစ်တပ် မှ ဗိုလ်ချုပ် ဂျင်နရယ် ဝီလျံစတင်းသည် ၁၉၄၂ ခုနှစ်၊ ဧပြီလ ၃ ရက် ည ၁၂ နာရီထိုးရန် တစ်မိနစ်အလို၌ စစ်ကိုင်းတံတားကြီးကို မိုင်းခွဲဖျက်ဆီးကာ မြစ်ကြီးနားလမ်းအတိုင်း ဆုတ်သွားခဲ့သည်။ ထို့ကြောင့် တံတားကုန်း အမှတ်(၇)နှင့် (၈)မှာ မြစ်အတွင်း ကျိုးကျ ပျက်စီးခဲ့သည်။ လွတ်လပ်ရေးရသော်လည်း ပျက်စီးပြတ်တောက်နေသော အင်းဝတံတားကို ပြင်ဆင်နိုင်ခြင်း မရှိခဲ့ချေ။ စစ်ကိုင်းဆိပ်ကမ်းနှင့် မန္တလေးဘက်မှ အမရပူရ စံရွေးဆိပ်ကမ်းကို ကူးတို့ဖြင့် ကူးကြရသည်။ မီးရထားတွဲများလည်း ကူးတို့ဖြင့်ကူးကြရ၏။<ref name=mz/>
 
၁၉၅၃ ခုနှစ်၊ မေလ၌ ထိုစဉ်က ဝန်ကြီးချုပ် [[နု၊ ဦး|ဦးနု]] ကိုယ်တိုင် အင်းဝတံတားကြီး ပြင်ဆင်နိုင်ရေးအတွက် ကိုယ်တိုင်ကိုယ်ကျ ကြပ်မတ်ကာ မီးရထားဌာန၏ စီမံမှုတွင် မြန်မာအမျိုးသား အလုပ်သမားများ၏ လုံ့လ ဝီရိယ ဖြင့် အားကြိုးမာန်တက် ပြင်ဆင်မှုကြောင့် ၁၉၅၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်၌ ထိုအချိန်က နိုင်ငံတော်သမ္မတကြီး [[ဘဦး၊ ဦး (နိုင်ငံတော်သမ္မတ)|ဒေါက်တာ ဘဦး]]ကိုယ်တိုင် ဖွင့်လှစ်နိုင်ခဲ့သည်။ ကုန်ကျ ငွေ ၅၇ သိန်းကျော်သည်ဟု ဆိုသည်။<ref name=mz>{{cite web|url=http://www.mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-57/item/23644-2014-06-26-04-52-13/23644-2014-06-26-04-52-13|title=မေ့နေကြပြီလား အင်းဝတံတား|publisher=မဇ္စျိမသတင်းစာမဇ္ဈိမသတင်းစာ|year=26 June 2014}}</ref>
 
== ကိုးကား ==