အာနက်စတို ဘာတာရယ်လီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 6 interwiki links, now provided by Wikidata on d:q123702 (translate me)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၃၉ -
၂၀၀၀ ခုနှစ်တွင် ဘာတယ်ရယ်လီ သည် America’s Cup ကိုရယူနိုင်ရန် Auckland ရှိ နယူးဇီလန်အသင်းကို မနိုင်ခင် Société Nautique de Genève ကိုကိုယ်စားပြုပြီး Louis Vuitton Cup ကိုနိုင်ခဲ့သည့် Team Alinghi ဟု ခေါ်သည့် ရွက်လှေအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ပထမဦးဆုံးကြိုးပမ်းမှုတွင် အများတကာငမ်းငမ်းတက်လိုချင်နေသော ဆုဒိုင်းကို အနိုင်ရရှိခဲ့ပြီး ဥရောပ သို့ ဖလားကို ပထမဆုံးအကြိမ်သယ်ဆောင်လာနိုင်သော အောင်မြင်မှုလည်းဖြစ်သည်။
 
Team Alinghi သည် New Zealand’s 2000 crew အဖွဲ့၏ မာလိန်မှူးနှင့်နည်းဗျူဟာသမား Russell Coutts နှင့် Brad Butterworth တို့အပါအဝင် နိုင်ငံမျိုးစုံရှိသင်္ဘောသားများကို အလုပ်ခန့်ထားခဲ့သည်။ ဘာတယ်ရယ်လီ သည် ၂၀၀၃ ခုနှစ်တွင် Alinghi အဖွဲ့၏ တစ်ဦးတည်းသော ဆွစ်လူမျိုးရေကြောင်းထိန်း ဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင်တော့ Valencia ရှိ America’s Cup ကိုအောင်နိုင်ခဲ့သော Alinghi အဖွဲ့၏ ထိန်းသိမ်းသူဖြစ်ခဲ့သည်။ ၂၀၀၇ ဂျူလိုင်ဇူလိုင် ၃ ရက်နေ့တွင် Alinghi သည် နယူးဇီလန်အသင်းကို ပြိုင်ပွဲတွင် ရမှတ် ၁မှတ်ဖြင့်နိုင်ခဲ့ပြီး စီးရီး ၅-၂ Amarica’s Cup ကို ဒုတိယနေရာတွင် ထိန်းထားနိုင်ခဲ့သည်။
 
သူ၏အောင်မြင်မှုများကို အသိအမှတ်ပြုသောအားဖြင့် ၂၀၀၃ ခုနှစ်တွင် ဘာတယ်ရယ်လီ သည် ပြင်သစ်သမ္မတ Jacques Chirac မှပေးအပ်သော Chevalier de la Légion d'honneur ဘွဲ့နှင့် အီတလီသမ္မတ Carlo Azeglio Ciampi မှပေးအပ်သော Cavaliere di Gran Corce ဘွဲ့တို့ကို ရရှိခဲ့သည်။ Société Nautique de Genève နှင့် ဘာတယ်ရယ်လီ တို့၏ကြိုးပမ်းအားထုတ်မှုကြောင့် ရရှိအောင်နိုင်ခဲ့ သော Alinghi ၏ ၃၃ ကြိမ်မြောက် America’s Cup ဆုသည် Golden Gate ရွက်လှေအဖွဲ့၏ တရားဝင်စိန်ခေါ်မှုများ ကို ဦးတည်လာစေသည်။