အမျိုးသမီးငယ်တစ်ဦး၏ နေ့စဉ်မှတ်တမ်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 76 interwiki links, now provided by Wikidata on d:q4583 (translate me)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၁၈ -
သူ့ဘဝနှင့် သူ ့ပတ်ဝန်းကျင်အကြောင်းတွေကို ရေးလက်စမှာပင် အာနယ်က နယ်သာလန်ကို ပြောင်းလာခဲ့ရသော ဂျူးလူမျိုးတို့၏တစ်နေ့တခြား ဆိုးဝါးလာသည့် ဒုက္ခတွေအကြောင်းကို တစေ့တစောင်း တင်ပြလာပါသည်။ သူရေးသည့် အကြောင်းများထဲတွင် ဂျူးတွေက ခြောက်ထောင့်ကြယ်ပုံစံ ဂျူးတံဆိပ်ကို အင်္ကျ ီမှာ မချိတ်မနေရ ချိပ်ဆွဲရခြင်းမှအစ ဂျာမန်တို ့၏ အုပ်ချုပ်မှုအောက်တွင် တစတစ လက်လွှတ်ဆုံးရှုံး လိုက်ရသော ဂျူးပြည်သူတို့၏ လွတ်လပ်ခွင့်တွေကိုပါ ဖော်ပြထားပါသည်။
 
ထိုမှတ်စုစာအုပ်ကလေး၏ အရေးအပါဆုံး အပိုင်းတစ်ခုကတော့ သူတို ့မိသားစု ၁၉၄၂ခု ဂျူလိုင်လဇူလိုင်လ ၆ရက်နေ့ ပရင်ဆန်ဂရတ်ခ်ဒ် ၂၆၃ (Prinsengracht 263) မှာရှိသော အိမ်နောက်ခြမ်းမှာ စတင်ပြီး ပုန်းခိုရဖို့ဖြစ်လာသည့် အချိန်မှစတင်ခဲ့ပါသည်။ ပုန်းခိုနေကြရသော ရက်တွေကြာလာလေလေ၊ ပုန်းနေရသူတွေ၏ အသက်ရှုတွေဟာလည်း ကြပ်လာလေလေပဲဖြစ်ပါသည်။ ပုန်းနေရင်း ဘာကိုမှ ဟုတ်တိပတ်တိ လုပ်စရာ မရှိသည့်အပြင် မလှုပ်သာ မလှည့်သာ အခြေအနေတွေသည် ပုန်းနေသူတွေ၏ကြားတွင် ပြဿနာများကို စတင်စေခဲ့ပါသည်။
 
အပြင်သို ့လဲထွက်ခွင့်မရ၊ နေ့ခင်းဘက်တွင်ပင် တံခါးများလိုက်ကာများကို အလုံပိတ်ပြီးနေနေရပြီး သူငယ်ချင်းဟူ၍လည်း ရှိခွင့်မရတော့သော အာနယ်အတွက် သူ ့ရဲ ့မွေးနေ ့လက်ဆောင် "နေ့စဉ်မှတ်တမ်း"စာအုပ် ကလေးသည် သူ့အတွက် စကားပြောစရာ၊ ရင်ဖွင့်စရာ၊ အားထားယုံကြည်စရာ မိတ်ဆွေအဖော်မွန်ကောင်း တစ်ယောက်ဖြစ်လာပါတော့သည်။