"အော့ကလန်မြို့" ၏ တည်းဖြတ်မှု မူကွဲများ

၃ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၅ နှစ်
အရေးမကြီး
ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...)
 
 
အော့ကလန်မြို့သည် နယူးဇီလန်နိုင်ငံတွင် အကြီးဆုံးမြို့ဖြစ်သည်။ မြောက်ကျွန်း အရှေ့မြောက်ဘက်တွင် ခြောက်မိုင်မျှကျယ်သောကျွန်းဆက် အရှေ့ဘက်ကမ်းပေါ်၌ တည်ရှိသည်။ ၁၈၄ဝ ပြည့်နှစ်တွင်ဘုရင်ခံ ဟော့ဗဆင်သည် မြို့တော်တည်ရန်အတွက် မီးသေတောင််ကုန်းများပေါ်ရှိမီးသေတောင်ကုန်းများပေါ်ရှိ နေရာကို ရွေး၍ အော့ကလန်မြို့ကိုတည်ခဲ့သည်။
ရှစ်နှစ်မျှကြာပြီးနောက် အိန္ဒိယနိုင်ငံတွင် ထိုအခါက ဘုရင်ခံချုပ်အဖြစ်အမှုထမ်းလျက် ရှိသော လော့အော့ကလန် အမည်ကိုအစွဲပြု၍ အော့ကလန်မြို့ဟု ခေါ်တွင်လေသည်။ ၁၈၄၅ ခုမှ ၁၈၆၄ ခုနှစ်အထိ အော့ကလန် မြို့သည် နယူးဇီလန်နိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သည်။ ထိုနှစ်တွင် မြို့တော်ကို ဝယ်လင်တန်မြို့သို့ ပြောင်းရွေ့ခဲ့ကြသည်။
အော့ကလန်မြို့သည် မြို့ခင်းမြို့ကွက် အနေအထား သာယာလှပသည့်အပြင် သဘာဝဆိပ်ကမ်းကောင်းလည်း ရှိခြင်း ကြောင့် နိုင်ငံခြားကုန်သွယ်ရေးအတွက် ထင်ရှားသောမြို့ကြီး ဖြစ်သည်။ ဩစတြေးလီးယားတိုက် ဆစ်ဒနီမြို့မှ ၁,၁၃၅ မိုင် ဝေး၍ အင်္ဂလန်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ပစိဖိတ်ကျွန်း များ၊ တောင်အာဖရိကတိုက် စသည်တို့နှင့် ပင်လယ်ရေကြောင်း ခရီးဖြင့် ဆက်သွယ်လျက်ရှိသည်။ ကျွန်းဆက်ပေါ်တွင် တည်ရှိ သောကြောင့် ပင်လယ်ကူးသင်္ဘောကြီးများ ဆိုက်ကပ်နိုင်သော သင်္ဘောဆိပ် နှစ်ခုရှိသည်။ အရှေ့ဘက်တွင် ဝေတီမာတာ သင်္ဘောဆိပ်ရှိ၍ အနောက်ဘက်တွင် မနုကောသင်္ဘောဆိပ် ရှိသည်။
၃၂၆၀၈

တည်းဖြတ်မှုများ