မောင်ထော်လေး (စစ်ကဲ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၁၂ -
 
 
ထိုစဉ်​နေပြည်​တော်မှ သတိုး​မဟာ​သေနာပတိဘွဲ့​ခံ စကြာဝန်ကြီး​အား​ ရန်ကုန်သို့​ ဗိုလ်ချုပ်ခန့်​၍ ​စေလွှတ်ခဲ့​သဖြင့်​ ​ရောက်ရှိလာသည်။ ရခိုင်မှ စစ်သူကြီး​ မဟာဗန္ဓုလ၏ တပ်များ​လည်း​ ဆင်း​၍လာ၏။ အာဇာနည်ကုန်း​ရှိ မြန်မာစစ်သည်များ​ ထိခိုက်ရှနာသ​လောက် ဦး​ထော်​လေး​တို့​၏ လက်ချက်ဖြင့်​ ​ရွှေတိဂုံကုန်း​တနင်္ဂ​နွေ​ထောင့်​တွင် အင်္ဂလိပ်ကာနယ် (ဗိုလ်မှူး​ကြီး​) တစ်​ယောက်နှင့်​ ​မေဂျာ (ဗိုလ်မှူး​) တစ်​ယောက်တို့​သည် ဗမာကျည်သင့်​ကာ ကျဆုံး​ရသည်။ ယင်း​တို့​၏ အ​လောင်း​များ​ကို ဘုရား​ကုန်း​တော်​ပေါ်၌ပင် မြှုပ်နှံသင်္ဂြုလ်ထား​ရာ အရိုး​များ​ကို ထုတ်​ဖော်၍ ကန်တိုမင်အင်္ဂလိပ်သင်္ချုိင်း​သို့​ကန်တိုမင်အင်္ဂလိပ်သင်္ချိုင်း​သို့​ ​ပြောင်း​ရွှေ့​မြှုပ်နှံ​စေသည်။ အင်္ဂလိပ်တို့​သည် ​ရွှေတိဂုံဘုရား​ကို အခိုင်အခံ့​ပြု၍ မြန်မာတပ်များ​ကို ပစ်ခတ်ရာ စကြာဝန်ကြီး​နှင့်​ ဦး​ထော်​လေး​တို့​တပ်များ​က ကမာရွတ်ဘက်သို့​ ဆုတ်ခွာခဲ့​ရပြန်သည်။ ( အင်္ဂလိပ်တို့​ တူး​ဖော်ပြုလုပ်ခဲ့​သော ခံ​မြေကတုတ်များ​၊​ အ​မြောက်တင်ခုံများ​နှင့်​ အ​မြောက်​ပေါက်များ​ကို ယခုတိုင် ​ရွှေတိဂုံ​စေတီကုန်း​တော်​ပေါ်ရှိ ​ထောင့်​လေး​ထောင့်​တွင် ​တွေ့​မြင်နိုင်​လေသည်။ )
ဦး​ထော်​လေး​ ဦး​စီး​သောတပ်များ​ ကမာရွတ်တွင် အင်္ဂလိပ်တို့​နှင့်​ တိုက်ပွဲပြင်း​ထန်စွာ ဖြစ်​နေစဉ် မဟာဗန္ဓုလ တပ်မကြီး​သည် လှိုင်မြစ်မှ စုန်ဆင်း​လာကာ ကြည့်​မြင်တိုင်တွင် တပ်စွဲ၍ အင်္ဂလိပ်တို့​အား​ ပြင်း​ထန်စွာ တိုက်ခိုက်ခဲ့​၏။ သို့​သော် အင်အား​ချင်း​မမျှသဖြင့်​ အား​မတန် မာန်​လျော့​ကာ မဟာဗန္ဓုလတပ်​ရော စကြာဝန်ကြီး​တပ်ပါ ဆုတ်ခွာရ​လေသည်။