OSI မော်ဒယ်လ်: တည်းဖြတ်မှု မူကွဲများ

၂၅၅၈ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၇ နှစ်
အရေးမကြီး
 
== ဆက်ရှင် အလွှာ (Session Layer) ==
ဆက်ရှင်အလွှာသည် အသုံးချအလွှာ(Presentation Layer) မှ ထုတ်ပိုးပေးလိုက်သော ဒေတာယူနစ်များထဲမှ ဒေတာပေးပို့မည်သူ(Source Address) နှင့် ဒေတာလက်ခံမည့်လိပ်စာ (Destination Address)ကိုကြည့်၍ ထိုပေးပို့မည့်သူနှင့် ဒေတာလက်ခံမည့်သူနှစ်ဦးကြား နက်ဝက်ပေါ်တွင် ဦးစွာ Virtual Connection တစ်ခု တည်ဆောက်ပါသည်။ ထို့နောက် ဆက်သွယ်ရမည့် Transmission Rateပေါ်မူတည်၍ အပြန်အလှန်ပေးပို့ခြင်း (Full Duplex) နှင့် တစ်ဦးတစ်ယောက်တည်းမှ ပေးပို့ခြင်း (Half Duplex)ဟူသော နည်းလမ်းများထဲမှ မည်သည့်နည်းလမ်းဖြင့် ဒေတာပို့လွှတ်ရမည်ကို ဆုံးဖြတ်ပါသည်။ထို့သို့ ဆက်ရှင်အလွှာသည် ကွန်ပျူတာနှစ်လုံး ဒေတာပေးပို့ဆက်သွယ်နေစဉ်ကာလပတ်လုံး ကွန်နက်ရှင်တစ်ခုတည်မြဲအောင် လုပ်ဆောင်ပေးပြီး ဒေတာများကိုလည်း Synchronizeလုပ်ဖြင်းဖြင့် ပေးပို့သူနှင့် လက်ခံသူကြား ဒေတာအပြည့်အ၀ရရှိစေရန် ကူညီပါသည်။ ဒေတာပေးပို့ဖလှယ်မှု ပြီးဆုံးသွားလျှင်သော်လည်ကောင်း ဒေတာပေးပို့ဖလှယ်မှု ရပ်ဆိုင်းဖို့ အမိန့်ရမည်ဆိုလျှင်သော်လည်ကောင်း ထို ဆက်ရှင်အလွှာသည် ထိုVirtual Connection ကို ပိတ်ပစ်လိုက်ပါမည်။ အကယ်၍ မတော်တဆမှုတစ်ခုခုကြောင့် ချိတ်ဆက်မှုပြတ်တောက်ခဲ့သည်ရှိသော် Session Layer Protocol မှသိရှိပြီး ပြန်လည်ချိတ်ဆက်ရန်ကြိုးစားပါလိမ့်မယ်။ သတ်မှတ်ထားသည့်အချိန်ကာလတစ်ခုအတွင်း ပြန်လည်မချိတ်ဆက်နိုင်ခဲ့လျှင် ထို Virtual Connectionကိုပိတ်ပစ်ပြီး ချိတ်ဆက်မှုပြတ်တောက်သွားကြောင်း Pop-up box မှတဆင့်ကြေငြာပါမည်။
အင်တာနက်သို့ တပြိုင်တည်း ဆက်သွယ်သည့် ဘရောက်ဆာများ၊ Chat လုပ်နေသည့် ဝင်းဒိုးများ၊ အီးမေးလ် အသုံးချ ဆော့ဖ်ဝဲလ်များ တပြိုင်နက်တည်း ဖွင့်ထားရာတွင် အချင်းချင်း ရောနှောမှု မရှိစေရန် ဤအလွှာမှ တာဝန်ယူ ဆောင်ရွက်သည်။
 
== သယ်ယူပို့ဆောင်မှု အလွှာ (Transport Layer) ==

တည်းဖြတ်မှုများ