မိုဟာမက်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၃ -
တမန်တော်မိုဟာမတ်(မုဟမ္မဒ်-Muhammad)သည် [[အစ္စလာမ်ဘာသာ]]ကို အလ္လာရှင်မြတ်(ဘုရားသခင်)ထံမှ ညွှန်ကြားမှုဖြင့် လူအပေါင်းတို့ကို တဆင့်ပြန်လည် သွန်သင်ဆုံးမသူဖြစ်သည်။ဘာသာရေးခေါင်းဆောင်တို့၏ ထုံးစံအတိုင်း ကွယ်လွန်ချိန်ထိတိုင် မနေမနားပင် အလ္လာရှင်မြတ်၏ အဆုံးအမတို့ကို လူအများအား သွန်သင်ခြင်းအမှုအား အားထုတ်ခဲ့သည်။
 
မိုဟာမတ်အား မွေးဖွားသည့်အချိန်နေရာနှင့် ပတ်သတ်ပြီး တိကျသည့်အထောက်အထားမတွေ့ရပေ။သို့သော် အေဒီ ၅၇၀ ဝန်းကျင်၊နေရာအားဖြင့် ယနေ့ [[ဆော်ဒီအာရေဗျနိုင်ငံ]]၊[[မက္ကာမြို့]](Macca)အနီးဖြစ်မည်ဟု ခန့်မှန်းကြသည်။မမွေးဖွားလာခင်ကပင် ဖခင်ဖြစ်သူကွယ်လွန်သွားသည့်အတွက် မိခင်မုဆိုးမဖြစ်သူက ခက်ခဲစွာ စောင့်ရှောက်ခဲ့ရပြီး ၆ နှစ်သားအရောက်တွင် မိခင်ပါကွယ်လွန်သွားခဲ့ပြန်သည်။ထိုနောက် ဦးလေးတော်စပ်သူက ကျွေးမွေးစောင့်ရှောက်မှုဖြင့် လူလားမြောက်လာသည်ဆိုသော်လည်း ကြမ်းတမ်းသည့် ဘဝကိုဖြတ်သန်းခဲ့ရသည်။ကျမ်းစာအထောက်အထားများအရ စာပေသင်ကြားတတ်မြောက်ခြင်းမရှိဟု သိရသည်။သို့သော် အသက် ၂၅ နှစ်အရွယ်တွင် မကာမြို့နေ ငွေကြေးပြည့်စုံသည့် မုဆိုးမတစ်ဦး နှင့်အိမ်ထောင်ကျသဖြင့် ဘဝတိုးတက်လာခဲ့သည်။ပင်ကိုယ်ကပင် ရိုးသားခြင်း၊ဖြောင့်မတ်ခြင်းတို့ဖြင့် ပြည့်စုံသည်ဟုလည်းဆိုကြသည်။ လူအများ၏ယုံကြည်ခြင်း ကိုခံယူရရှိသဖြင့် အများသူငါက လာရောက်ပြီး ပစည်းများအပ်နှံခြင်းကိုခံရသည်။ပစ္စည်းများအပ်နှံခြင်းကိုခံရသည်။ အနယ်နယ်အရပ်ရပ်မှ လာရောက်သည့် [[ဂျူးလူမျိုး|ဂျူး]]နှင့်[[ခရစ်ယာန်]] ကုန်သည်များနှင့် ဆက်ဆံရသဖြင့် ၄င်းတို့ထံမှ တစ်ဆူတည်းသောဘုရားဝါဒကို နာကြားရသဖြင့် ဘုရားသခင်ကို ကိုးကွယ်ယုံကြည်စိတ်ကိန်းဝတ်လာပြီး ဌာနေလူများကိုးကွယ်သည့် အယူမှားကိုပယ်ပြီး ဘုရားသခင်နှင့်နီးစပ်မှုရရန် အားထုတ်တော့သည်။တစ်ကိုယ်တည်း ဧကစာရီအကျင့် ကျင့်သုံးရာမှ အလ္လာရှင်မြတ်၏ ချစ်မြတ်နိုးမှုကို ခံရသဖြင့်တမန်တော် ဂါဘရီရယ်မှတဆင့် သူ့အား[[တမန်တော်]] အဖြစ်သတ်မှတ်ခြင်းခံရကာ ဘုရားသခင်ရှိရာ ကောင်းကင်ဘုံသို့လည်းခေါ်ဆောင်ကာ ဖူးမျှော်ခွင့်ကိုရသည်ဟုဆိုသည်။
 
ထိုသို့သော် ချီးမြှောက်မှုကို ရရှိပြီးနောက် မိုဟာမက်သည် မိမိနှင့် ဆက်ဆံရသူအနည်းအကျင်းကို စတင်ဟောပြောပို့ချရာမှ အစ္စလာမ်သာသနာစတင်လာခဲ့သည်။၆၁၃တွင် ၄င်း၏ ဟောပြောမှုတို့ကို ယုံကြည်သဖြင့် နောက်လိုက်အင်အားတိုးပွားလာပြီး မကာစော်ဘွား၏ မျက်စိစူးမှုကိုပါ တစ်ပါတည်းခံရတော့သည်။ထို့ကြောင့် ၆၂၂တွင် မိုဟာမက်အနေဖြင့် မက္ကာတွင်ဆက်လက်ရပ်တည်ရန် ခက်ခဲလာသည့်အလျှောက် မက္ကာမြို့၏ မြောက်ဖက်မိုင် ၂၀၀ရှိ [[မဒီနာမြို့]](Medina) သို့ရှောင်တိမ်းပြီး ဘုရားသခင်၏ အဆုံးအမကို လူအပေါင်းအား ဆက်လက် ဟောပြောသည်။ထိုသို့တိမ်းရှောင်ရသည်ကို ဟေဂိရ(Hegira) ဟုခေါ်ပြီး တမန်တော်ဘဝကျင့်စဉ်တွင် အတက်တစ်ကွေ့ဖြစ်သည်ဟုသတ်မှတ်သည်။အမှန်လည်း အောင်မြင်မှုကြီးကြီးရသည်။မဒီနာစော်ဘွား၏ ဆရာကဲ့သို့ပင် အာဏာရလာပြီး လူအများကို ဦးဆောင်နိုင်သည့်အတွက် မကာကို ၆၃၀ခုနှစ်တွင်အနိုင်ရကာ အောင်နိုင်သူဖြစ်လာခဲ့သည်။ထိုအချိန်မှစပြီး နောင်တစ်နှစ်ခွဲကြာ သူမကွယ်လွန်မှီအထိကို အာရပ်အမျိုးနွယ်စုလေးများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အယူသစ်ကို ကူးပြောင်းယုံကြည်လာသည့် အတွက် ကွယ်လွန်ချိန် ၆၁၃ တွင်[[အာရေဘီးယားကျွန်းဆွယ်]]တောင်ဖက်ပိုင်းတစ်ခုလုံးကို ကောင်းစွာဩဇာလွမ်းမိုးထားခဲ့သည်။