ဖိုးကျား၊ ဦး: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၉ -
 
ထိုကျောင်းမှ ဦးဖိုးကျားသည် ၁၉၁၅ ခုနှစ်တွင် အင်္ဂလိပ်နှင့် တိုင်းရင်းဘာသာ ၇ တန်းကို ဖြေဆိုအောင်မြင်ခဲ့၏။ ထိုကျောင်း၌ သုံးနှစ်ဆက်၍ ပညာသင်ကြားခွင့်ရ၏။ ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်းစာသင်နှစ် သက်တမ်းတစ်လျှောက် အင်္ဂလိပ်လူမျိုး ပညာရေးဝန်ထမ်းများဖြစ်သော အင်္ဂလိပ်လူမျိုး ဂရေး (J.Gray) နှင့်ကောက် (S.W. COCKS) တို့ရေးသားသော ရာဇဝင်များတွင် မြန်မာဘုရင်များ ရိုင်းပျပုံ၊ ရက်စက်ပုံ၊ မြန်မာများ အသိဥာဏ်နည်းပါးပုံတို့ကို ချိုးချိုးဖဲ့ဖဲ့ ရေးသားထားသော အချက်များပါဝင်နေရာ မောင်ဖိုးကျားခမျာ အလွန်ပင် မခံချိမခံသာ ဖြစ်ရရှာ၏။ ရှေးဦးအစက ကျောင်းပညာသက်သက် ကိုသာရှာပြီး အတန်းမှန်မှန် အောင်ရန်လောက်သာ ဂရုစိုက်ခဲ့သည် မှန်သော်ငြားလည်း ထိုအချက်များကို မြင်ရသောအခါ၌ မောင်ဖိုးကျား၏စိတ်သည် တစ်မျိုးပြောင်းလာ၏။ သူ့အဖို့ မြန်မာစာကို အဆစ်အပိုင်းကျကျ တတ်ချင်လာ၏။ မြန်မာမှုကို နှိုက်နှိုက်ချွတ်ချွတ် သိရှိချင်လာ၏။ မြန်မာ့ဂုဏ်ကို ဖော်ထုတ်၍ ဂုဏ်ယူချင်လာ၏။ ထို့ကြောင့် သူတစ်ပါး၏ အကူအညီဖြင့် ကျောင်းတက်ရသည်ကို သိမ်ငယ်သည်ဟု စိတ်ကထင်လာ၍ ကျောင်းအားရက်များတွင် ပွဲစားအကူ၊ သွားစိုက်ဆရာအကူ၊ ဆန်စက်တွင်.....ချိုး စာရေးလုပ်ကာ ကိုယ့်အားကိုယ်ကိုး၍ရသော ဝင်ငွေဖြင့် ကျောင်းစာကိုဆက်၍သင်ကြား လေရာ ၁၉၁၈ အသက် ၂၇ နှစ် အရွယ်တွင် ဆယ်တန်းကို အောင်မြင်ခဲ့လေတော့သည်။
 
ဆယ်တန်းအောင်ပြီးနောက် ရန်ကုန်မြို့ ဂျပ်ဆင်ကောလိပ်သို့ ရောက်ကာ ပညာဆက်၍သင်ပြန်သည်။ ကောလိပ်ကျောင်းတွင် မြန်မာစာ၏ အခြေအနေသည် အလွန်သိမ်ငယ်လှ၏။ မပါမဖြစ်၍သာ ပြဌာန်းစာအုပ်ဖြင့် သင်ကြားရသည် မှန်သော်လည်း စာမေးပွဲများတွင် မေးလေ့မရှိ၊ စာစီစာကုံး အနေဖြင့် အထောက်အကူရရန်သာ သင်ကြားခြင်းဖြစ်ရာ ထိုခေတ်ကောလိပ်ကျောင်းသား တို့သည် မြန်မာစာကို အရေးထားလောက်စရာဟုပင် မထင်ကြချေ။ ဤအခြေအနေကို မောင်ဖိုးကျားက မနှစ်မြို့သဖြင့် မြန်မာစာနှင့်ပတ်သက်လျှင် ထိုခေတ်ကနာမည်ကျော်များ ဖြစ်ကြသော ဆရာလွန်း (သခင်ကိုယ်တော်မှိုင်း) လယ်တီပဏ္ဍိတဦးမောင်ကြီးတို့နှင့် သိကျွမ်းခင်မင်မှုရယူကာ ဆည်းကပ်၍ ပညာသင်ယူ ခဲ့ပြန်လေသည်။ ထိုဆရာကြီးများနှင့် ရင်းနှီးလာမှပင် လူမှုရေး၊ နိုင်ငံရေး၊ မျက်စိပွင့်လာ၍ နိုင်ငံရေး၌ ခြေတစ်ဖက်ချမိ ရပြန်တော့၏။
 
== အိမ်ထောင်ရေး ==