ဝီကီပီးဒီးယား:ဆောင်းပါးတို: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး
အရေးမကြီး (added more material)
အရေးမကြီး (→‎မိတ်ဆက်: added footnotes)
ဆောင်းပါးတိုတစ်ပုဒ်တွင် အတည်ပြုနိုင်သော အချက်အလက် (verifiable information) ပါဝင်မှု နည်းပါးလွန်းနေလျှင်သော်လည်းကောင်း၊ ဆောင်းပါးပါအကြောင်းအရာသည် အရေးပါမှုတစ်စုံတစ်ရာ (notability) ရှိပုံမရလျှင်သော်လည်းကောင်း၊ ၎င်းဆောင်းပါးတိုကို ဖျက်သိမ်းခြင်း၊ သင့်တော်ရာအခြားဆောင်းပါးတစ်ပုဒ်နှင့် ပေါင်းစည်းခြင်းတို့ ပြုလုပ်နိုင်သည်။
 
အကြောင်းအရာတစ်ခု၏ အဓိပ္ပာယ်သတ်မှတ်ချက် (definition) သက်သက်သာပါသော စာတစ်ပုဒ်သည် ဆောင်းပါးတိုတစ်ခုဖြစ်နိုင်သော်လည်း '''ဝီကီပီးဒီးယားသည် အဘိဓာန်တစ်ခုမဟုတ်ကြောင်း''' သတိပြုသင့်သည်။ အဘိဓာန်ပါစာတစ်ပုဒ်နှင့် စွယ်စုံကျမ်းပါစာတစ်ပုဒ်ကို အောက်ပါအတိုင်း<ref>ဤသို့ခွဲခြားခြင်းကို ခွဲခြမ်းစိတ်ဖြာ အတွေးအခေါ်ပညာ (analytic philosophy) မှ [https://en.wikipedia.org/wiki/Use%E2%80%93mention_distinction အသုံးပြု-ဖော်ပြ ခွဲခြားခြင်း] (use-mention distinction) ဟု ခေါ်လေ့ရှိသည်။</ref> ခွဲခြားကြည့်နိုင်သည်။
 
* '''အဘိဓာန်''' (dictionary) ပါစာတစ်ပုဒ်မှာ စာတစ်လုံး သို့မဟုတ် စာစုတစ်ခု၏အကြောင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းစာလုံး သို့မဟုတ် စာစု တစ်ခုတည်း၌ပင် တစ်ခုထက်ပိုသော အဓိပ္ပာယ်အမျိုးမျိုးရှိနိုင်သည်။ သာဓကအားဖြင့် &ldquo;ဘီး&rdquo; ကို အဘိဓာန်တစ်ခုတွင် အဓိပ္ပာယ်ဖွင့်ပါက လိမ့်သည့် ဘီး နှင့် ဆံပင်ဖြီးသည့် ဘီး ဟူသည့် အဓိပ္ပာယ်နှစ်မျိုးလုံး ပါရှိမည်ဖြစ်ပြီး၊ အဘိဓာန်ပါစာ၏ အဓိကရည်ရွယ်ချက်မှာ &ldquo;ဘီး&rdquo; ဆိုသည့် '''စကားလုံးကို အဓိပ္ပာယ်ဖွင့်ရန်''' ဖြစ်သည်။
၁၆၉၁

တည်းဖြတ်မှုများ