ဝီကီပီးဒီးယား:ဆောင်းပါးတို: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎မိတ်ဆက်: more material
အရေးမကြီး →‎စံပြဆောင်းပါးတို: flow smoothed out
စာကြောင်း ၂၈ -
ဆောင်းပါးတိုတစ်ပုဒ်ရေးသားရာတွင် ရေးသားမည့် အကြောင်းအရာနှင့်ပတ်သက်၍ လုံလောက်သည့် သတင်းအချက်အလက်တို့ ပါဝင်ရန် အရေးကြီးသည်။ သို့မှာသာ အခြားအသုံးပြုသူတို့က ဆက်လက်ဖြည့်စွက် ရေးသားနိုင်မည်ဖြစ်သည်။ (သာဓကဆိုရသော် “ကျား” ဟု ခေါင်းစဉ်တပ်ကာ ဆောင်းပါးတိုတစ်ပုဒ်စတင်ပြီး စာကိုယ်၌ “ဤစာမျက်နှာသည် ကျားအကြောင်းရေးရန်ဖြစ်သည်” ဟူ၍သာ ရေးထားပါက နောက်လူများ ဇဝေဇဝါဖြစ်ကာ ကျားတိရိစ္ဆာန်အကြောင်းရေးရမည်လော၊ ပုလ္လိင်ကျား အကြောင်းရေးရမည်လော ဝေခွဲမရဖြစ်နိုင်သည်။) အဓိကမှာ ဆိုလိုသည့် အဓိပ္ပာယ်ပေါက်အောင် အများဝန်းကျင်အတွက် ဆက်စပ်ပေးနိုင်ရမည်။ အဆက်အစပ်မရှိသည့် ဆောင်းပါးများသည် အလျှင်အမြန် အဖျက်ခံရနိုင်သည်။
 
မိမိရေးမည့် အကြောင်းအရာနှင့်ပတ်သက်၍ စာအုပ်စာတမ်းများ၊ စိတ်ချယုံကြည်ရသော ဝက်ဆိုဒ်များကို အသုံးပြု၍ သုတေသန စ နိုင်သည်။ ၎င်းတို့အပြင် အခြားအကိုးအကားများမှ ရရှိသော အသိပညာကို အသုံးပြုနိုင်သော်လည်း မိမိရေးသားသည့် အချက်အလက်ကို ခိုင်မာအောင်၊ ဘက်မလိုက်အောင် ဦးစွာသုတေသနပြုသင့်သည်။ အကိုးအကားများကိုထိုအကိုးအကားများကို ရှင်းလင်းစွာမရည်ညွှန်းဘဲ တိုက်ရိုက်ကူးချခြင်းသည် စာခိုးမှု (plagiarism) မြောက်သည်။ ဤသို့စာခိုးမှုအချို့သည် မူပိုင်ခွင့် (copyright) ကို ချိုးဖောက်ရာလည်းရောက်သည်။ ထို့ကြောင့် မိမိ၏ အကိုးအကားကို ဖတ်ရှုနားလည်ပြီး မိမိကိုယ်ပိုင် စကားလုံးဖြင့်သာ ပြန်လည်ရေးသားရန်၊ ကျမ်းကိုးရင်းမြစ်ကို တိကျရှင်းလင်းစွာ ရည်ညွှန်းရန် အရေးကြီးသည်။
 
နိုင်ငံတကာဘာသာစကားမဟုတ်သည့် မြန်မာဘာသာကဲ့သို့သော ဘာသာစကားတစ်ရပ်ရပ်သုံး၍ ရေးသည့် ဝီကီပီးဒီးယားများအတွက် အသုံးဝင်သည့် အခြားနည်းတစ်ရပ်မှာ အင်္ဂလိပ်ဝီကီပီးဒီးယားမှ ဆောင်းပါးများကို ဘာသာပြန်ခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ဆောင်းပါး၏ အနည်းဆုံး မိတ်ဆက်နိဒါန်းကို ဘာသာပြန်ကာ ဆောင်းပါးတိုတစ်ပုဒ် စ နိုင်သည်။ ဤနည်းသုံးမည်ဆိုပါက မိမိရေးသားသည့် ဆောင်းပါးကို အင်္ဂလိပ်ဝီကီရှိ ဆောင်းပါးနှင့်ချိတ်ဆက်ရန်<ref>ဝီကီပီးဒီးယားကို စားပွဲတင်ကွန်ပျူတာ (desktop) သုံး၍ ရေးဖတ်ပါက မျက်နှာပြင်၏ လက်ဝဲအောက်စွန်း၌ "Add links" အမည်ရှိ စာတန်းကိုနှိပ်ကာ "Link with page" ခေါင်းစဉ်ဖြင့် ဒိုင်ယာလော့ပြတင်း (dialog box) ပေါ်လာပါက Language အကွက်တွင် "English (enwiki)" ဟုလည်းကောင်း၊ Page တွင် မိမိချိတ်ဆက်လိုရာ အင်္ဂလိပ်စာမျက်နှာခေါင်းစဉ်ကိုလည်းကောင်း ရိုက်သွင်းကာ နောက်ဆုံး "Confirm" ခလုတ်ကိုနှိပ်ခြင်းဖြင့် ဘာသာအသီးသီးသုံး ဝီကီပီးဒီးယားများအကြား ချိတ်ဆက်နိုင်သည်။</ref> အရေးကြီးသည်၊ သို့မှသာ စာခိုးရာမကျဘဲ ဆက်လက်ရှာဖွေ ဖြည့်ဆည်းလိုသူ စာဖတ်သူများအတွက် အသုံးဝင်မည် ဖြစ်သည်။