ဝီကီပီးဒီးယား:ဆောင်းပါးတို: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎စံပြဆောင်းပါးတို: flow smoothed out
စာကြောင်း ၂၄ -
 
=== စံပြဆောင်းပါးတို ===
မြန်မာဝီကီတွင် မှတ်ပုံတင်ထားသည့် မည်သည့်အသုံးပြုသူမဆိုအသုံးပြုသူ မည်သူမဆို ဆောင်းပါးတိုတစ်ပုဒ်ကို စတင်ရေးသားနိုင်သည်။
 
ဆောင်းပါးတိုတစ်ပုဒ်ရေးသားရာတွင် ရေးသားမည့်ရေးမည့် အကြောင်းအရာနှင့်ပတ်သက်၍ လုံလောက်သည့် သတင်းအချက်အလက်တို့ ပါဝင်ရန် အရေးကြီးသည်။ သို့မှာသာ အခြားအသုံးပြုသူတို့ကအခြားအသုံးသူများက ဆက်လက်ဖြည့်စွက် ရေးသားနိုင်မည်ဖြစ်သည်။ရေးသားနိုင်မည်။ (သာဓကဆိုရသော် “ကျား” ဟု ခေါင်းစဉ်တပ်ကာ ဆောင်းပါးတိုတစ်ပုဒ်စတင်ပြီး စာကိုယ်၌ “ဤစာမျက်နှာသည် ကျားအကြောင်းရေးရန်ဖြစ်သည်” ဟူ၍သာ ရေးထားပါက နောက်လူများ ဇဝေဇဝါဖြစ်ကာ ကျားတိရိစ္ဆာန်အကြောင်းရေးရမည်လော၊ ပုလ္လိင်ကျား အကြောင်းရေးရမည်လော ဝေခွဲမရဖြစ်နိုင်သည်။) အဓိကမှာ ဆိုလိုသည့် အဓိပ္ပာယ်ပေါက်အောင် အများဝန်းကျင်အတွက် ဆက်စပ်ပေးနိုင်ရမည်။ အဆက်အစပ်မရှိသည့် ဆောင်းပါးများသည် အလျှင်အမြန် အဖျက်ခံရနိုင်သည်။
 
မိမိရေးမည့် အကြောင်းအရာနှင့်ပတ်သက်၍ စာအုပ်စာတမ်းများ၊ စိတ်ချယုံကြည်ရသော ဝက်ဆိုဒ်များကို အသုံးပြု၍ သုတေသန စ နိုင်သည်။ ၎င်းတို့အပြင် အခြားအကိုးအကားများမှ ရရှိသော အသိပညာကို အသုံးပြုနိုင်သော်လည်း မိမိရေးသားသည့် အချက်အလက်ကို ခိုင်မာအောင်၊ ဘက်မလိုက်အောင် ဦးစွာသုတေသနပြုသင့်သည်။ ထိုအကိုးအကားများကို ရှင်းလင်းစွာမရည်ညွှန်းဘဲ တိုက်ရိုက်ကူးချခြင်းသည် စာခိုးမှု (plagiarism) မြောက်သည်။ ဤသို့စာခိုးမှုအချို့သည် မူပိုင်ခွင့် (copyright) ကို ချိုးဖောက်ရာလည်းရောက်သည်။ ထို့ကြောင့် မိမိ၏ အကိုးအကားကို ဖတ်ရှုနားလည်ပြီး မိမိကိုယ်ပိုင် စကားလုံးဖြင့်သာ ပြန်လည်ရေးသားရန်၊ ကျမ်းကိုးရင်းမြစ်ကို တိကျရှင်းလင်းစွာ ရည်ညွှန်းရန် အရေးကြီးသည်။
 
နိုင်ငံတကာဘာသာစကားမဟုတ်သည့် မြန်မာဘာသာကဲ့သို့သော ဘာသာစကားတစ်ရပ်ရပ်သုံး၍ ရေးသည့် ဝီကီပီးဒီးယားများအတွက် အသုံးဝင်သည့် အခြားနည်းတစ်ရပ်မှာ အင်္ဂလိပ်ဝီကီပီးဒီးယားမှ ဆောင်းပါးများကို ဘာသာပြန်ခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ဆောင်းပါး၏ အနည်းဆုံး မိတ်ဆက်နိဒါန်းကိုမိတ်ဆက်နိဒါန်းမျှကို ဘာသာပြန်ကာ ဆောင်းပါးတိုတစ်ပုဒ် စ နိုင်သည်။ ဤနည်းသုံးမည်ဆိုပါက မိမိရေးသားသည့် ဆောင်းပါးကို အင်္ဂလိပ်ဝီကီရှိ ဆောင်းပါးနှင့်ချိတ်ဆက်ရန်<ref>ဝီကီပီးဒီးယားကို စားပွဲတင်ကွန်ပျူတာ (desktop) သုံး၍ ရေးဖတ်ပါက မျက်နှာပြင်၏ လက်ဝဲအောက်စွန်း၌ "Add links" အမည်ရှိ စာတန်းကိုနှိပ်ကာစာတန်းကိုနှိပ်ပါ။ "Link with page" ခေါင်းစဉ်ဖြင့် ဒိုင်ယာလော့ပြတင်း (dialog box) ပေါ်လာပါက Language အကွက်တွင် "English (enwiki)" ဟုလည်းကောင်း၊ Page တွင် မိမိချိတ်ဆက်လိုရာ အင်္ဂလိပ်စာမျက်နှာခေါင်းစဉ်ကိုလည်းကောင်း ရိုက်သွင်းကာ နောက်ဆုံး "Confirm" ခလုတ်ကိုနှိပ်ခြင်းဖြင့် ဘာသာအသီးသီးသုံး ဝီကီပီးဒီးယားများအကြား ချိတ်ဆက်နိုင်သည်။</ref> အရေးကြီးသည်၊ သို့မှသာ စာခိုးရာမကျဘဲ ဆက်လက်ရှာဖွေ ဖြည့်ဆည်းလိုသူ စာဖတ်သူများအတွက်စာဖတ်သူများအတွက်လည်း အသုံးဝင်မည် ဖြစ်သည်။
 
ဆောင်းပါးတိုအသစ်တစ်ပုဒ် ရေးမည်ဆိုပါက မိမိရေးမည့် အကြောင်းအရာကိစ္စကို အဓိပ္ပာယ်ဖွင့်ခြင်း၊ သရုပ်ဖော်ပြခြင်းဖြင့် စတင်နိုင်သည်။ ထိုသို့အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ကြုံလေ့ရှိသည့် ယုတ္တိဗေဒအလွဲများ (fallacies of definition) ကို ရှောင်ကြဉ်ပါ။ ရေးသားရာတွင်လည်း အချက်အလက်ကျကျ ရှင်းရှင်းလင်းလင်းရေးပါ။ သာဓကပြရသော်၊ ပုဂ္ဂိုလ်တစ်ဦးအကြောင်းရေးမည်ဆိုပါက အမည်နှင့် ဘယ်အတွက် ကျော်ကြားရသည်၊ နေရာဒေသတစ်ခုအကြောင်းဆိုလျှင် တည်ရာဒေသနှင့် ဘယ်အတွက်ကျော်ကြားသည်၊ ဖြစ်ရပ်တစ်ခုဆိုလျှင် ဖြစ်ရပ်၏ ကျောရိုးနှင့် မည်သည့်အချိန်က ဖြစ်ခဲ့သည် စသည်တို့ကို ရေးသားနိုင်ပါသည်။
 
ပြီးလျှင် ရေးခဲ့ပြီးသည့် အခြေခံ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဖော်ပြချက်တို့ကို မူတည်၍ ဖြည့်စွက်ရေးသားပါ။ သင့်တော်သည့် စကားလုံးများကို သက်ဆိုင်ရာ ဝီကီဆောင်းပါးနှင့် ချိတ်ဆက်ညွှန်းဆိုပါ၊ သို့မှသာ ထိုစကားလုံးများနှင့် မရင်းနှီးသည့် စာဖတ်သူတို့ ဆက်လက်လေ့လာနိုင်မည်ဖြစ်သည်။ ထိုသို့ချိတ်ဆက်ရာတွင်လည်း မလိုအပ်ဘဲ ချိတ်ဆက်ခြင်းမဖြစ်ရန် သတိပြုပါ။ ဆက်လက်လေ့လာခြင်းမပြုဘဲ နားမလည်နိုင်သည့် စကားလုံးများကိုသာ ချိတ်ဆက်ရန် သတိပြုပါ။ နောက်ဆုံးထပ်မံ သတိပြုရန်မှာ အကိုးအကားညွှန်းဆိုခြင်းကို မမေ့မလျော့ပြလုပ်ရန် ဖြစ်ပါသည်။
 
ဤသို့ဖြင့် မိမိစတင်ရေးသားကာ သိမ်းဆည်းပြီးသည့် ဆောင်းပါးတိုကို အခြားအသုံးပြုသူများက ဆက်လက်ဖြည့်စွက် ရေးသားနိုင်မည်ဖြစ်သည်။
 
== မှတ်စု ==