"ဝီကီပီးဒီးယား:ဆောင်းပါးတို" ၏ တည်းဖြတ်မှု မူကွဲများ

အရေးမကြီး
အရေးမကြီး (→‎မိတ်ဆက်)
အခြားနည်းတစ်ရပ်မှာ အင်္ဂလိပ်ဝီကီပီးဒီးယားမှ ဆောင်းပါးများကို ဘာသာပြန်ခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ဆောင်းပါး၏ အနည်းဆုံး မိတ်ဆက်နိဒါန်းမျှကို ဘာသာပြန်ကာ ဆောင်းပါးတိုတစ်ပုဒ် စ နိုင်သည်။ ဤနည်းသုံးမည်ဆိုပါက မိမိရေးသားသည့် ဆောင်းပါးကို အင်္ဂလိပ်ဝီကီရှိ ဆောင်းပါးနှင့်ချိတ်ဆက်ရန်<ref>ဝီကီပီးဒီးယားကို စားပွဲတင်ကွန်ပျူတာ (desktop) သုံး၍ ရေးဖတ်ပါက မျက်နှာပြင်၏ လက်ဝဲအောက်စွန်း၌ "Add links" အမည်ရှိ စာတန်းကိုနှိပ်ပါ။ "Link with page" ခေါင်းစဉ်ဖြင့် ဒိုင်ယာလော့ပြတင်း (dialog box) ပေါ်လာပါက Language အကွက်တွင် "English (enwiki)" ဟုလည်းကောင်း၊ Page တွင် မိမိချိတ်ဆက်လိုရာ အင်္ဂလိပ်စာမျက်နှာခေါင်းစဉ်ကိုလည်းကောင်း ရိုက်သွင်းကာ နောက်ဆုံး "Confirm" ခလုတ်ကိုနှိပ်ခြင်းဖြင့် ဘာသာအသီးသီးသုံး ဝီကီပီးဒီးယားများအကြား ချိတ်ဆက်နိုင်သည်။</ref> အရေးကြီးသည်၊ သို့မှသာ စာခိုးရာမကျဘဲ ဆက်လက်ရှာဖွေ ဖြည့်ဆည်းလိုသူ စာဖတ်သူများအတွက်လည်း အသုံးဝင်မည် ဖြစ်သည်။
 
ဆောင်းပါးတိုအသစ်တစ်ပုဒ် ရေးမည်ဆိုပါက မိမိရေးမည့် အကြောင်းအရာကိစ္စကို အဓိပ္ပာယ်ဖွင့်ခြင်း၊ သရုပ်ဖော်ပြခြင်းဖြင့် စတင်နိုင်သည်။ ထိုသို့အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ကြုံလေ့ရှိသည့် [[https://en.wikipedia.org/wiki/Fallacies_of_definition ယုတ္တိဗေဒအလွဲများ] (fallacies of definition) ကို ရှောင်ကြဉ်ပါ။ ရေးသားရာတွင်လည်း အချက်အလက်ကျကျ ရှင်းရှင်းလင်းလင်းရေးပါ။ သာဓကပြရသော်၊ ပုဂ္ဂိုလ်တစ်ဦးအကြောင်းရေးမည်ဆိုပါက အမည်နှင့် ဘယ်အတွက် ကျော်ကြားရသည်၊ နေရာဒေသတစ်ခုအကြောင်းဆိုလျှင် တည်ရာဒေသနှင့် ဘယ်အတွက်ကျော်ကြားသည်၊ ဖြစ်ရပ်တစ်ခုဆိုလျှင် ဖြစ်ရပ်၏ ကျောရိုးနှင့် မည်သည့်အချိန်က ဖြစ်ခဲ့သည် စသည်တို့ကို ရေးသားနိုင်ပါသည်။
 
ပြီးလျှင် ရေးခဲ့ပြီးသည့် အခြေခံ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဖော်ပြချက်တို့ကို မူတည်၍ ဖြည့်စွက်ရေးသားပါ။ သင့်တော်သည့် စကားလုံးများကို သက်ဆိုင်ရာ ဝီကီဆောင်းပါးနှင့် ချိတ်ဆက်ညွှန်းဆိုပါ၊ သို့မှသာ ထိုစကားလုံးများနှင့် မရင်းနှီးသည့် စာဖတ်သူတို့ ဆက်လက်လေ့လာနိုင်မည်ဖြစ်သည်။ ထိုသို့ချိတ်ဆက်ရာတွင်လည်း မလိုအပ်ဘဲ ချိတ်ဆက်ခြင်းမဖြစ်ရန် သတိပြုပါ။ ဆက်လက်လေ့လာခြင်းမပြုဘဲ နားမလည်နိုင်သည့် စကားလုံးများကိုသာ ချိတ်ဆက်ရန် သတိပြုပါ။ နောက်ဆုံးထပ်မံ သတိပြုရန်မှာ အကိုးအကားညွှန်းဆိုခြင်းကို မမေ့မလျော့ပြလုပ်ရန် ဖြစ်ပါသည်။
 
ဤသို့ဖြင့် မိမိစတင်ရေးသားကာ သိမ်းဆည်းပြီးသည့် ဆောင်းပါးတိုကို အခြားအသုံးပြုသူများက ဆက်လက်ဖြည့်စွက် ရေးသားနိုင်မည်ဖြစ်သည်။
 
=== ဆောင်းပါးတိုအဖြစ်မှတ်သားခြင်း ===
ဆောင်းပါးတစ်ပုဒ်အား ဆောင်းပါးတိုအဖြစ် မှတ်သားလိုပါက ဆောင်းပါး၏ အဆုံး၌ ဆောင်းပါးတို (stub) တမ်းပလိတ်အား ထည့်သွင်းရန်ဖြစ်သည်။ ထည့်သွင်းပုံ ထည့်သွင်းနည်းမှာ အခြားတမ်းပလိတ်များနည်းတူ တွန့်ကွင်းနှစ်ထပ်တစ်စုံကြား တမ်းပလိတ်နာမည်ရေးထည့်ရုံသာ ဖြစ်သည်။ (သာဓက၊ <nowiki>{{stub}}</nowiki>။) [[Wikipedia:Layout|စတိုင်လက်စွဲ]] အလိုအရ ဤဆောင်းပါးတို တမ်းပလိတ်ကို ပြင်ပချိတ်ဆက်လင့် (external link) များ၏နောက်၊ နီးစပ်ဆက်နွယ်ဆောင်းပါးတစ်စုအကြား လှည့်လည်သွားလာနိုင်ရန် ပြုလုပ်ထားသည့် navigation plane အားလုံး၏နောက်၊ အမျိုးအစားတဂ် (category tag) အားလုံး၏နောက်၊ ဆောင်းပါးတစ်ပုဒ်၏ နောက်ပိတ်ဆုံးမှသာ ထည့်သွင်းရမည်ဖြစ်သည်။ ဆောင်းပါးတိုတမ်းပလိတ်များသည် ကူးပြောင်းထည့်သွင်းထားသည့် (transcluded) တမ်းပလိတ်များဖြစ်ပြီး အစားထိုးထည့်သွင်းထားသည့် (substituted) တမ်းမလိတ်များမဟုတ်ကြပါ။<ref>ကူးပြောင်းထည့်သွင်းတမ်းပလိတ်သုံးဆောင်းပါးများမှာ မူရင်းတမ်းပလိတ်ကို ပြောင်းလဲပါက လိုက်လံပြောင်းလဲပြီး၊ အစားထိုးထည့်သွင်းတမ်းပလိတ်သုံးဆောင်းပါးများမှာ မူရင်းတမ်းပလိတ်ကို ပြောင်းလဲသော်ငြား လိုက်လံပြောင်းလဲခြင်းမရှိပါ။ အသေးစိတ်ကို [https://en.wikipedia.org/wiki/Wikipedia:Transclusion transcluded] နှင့် [https://en.wikipedia.org/wiki/Wikipedia:Substitution substituted] တွင်ရှုပါ။</ref>
 
== မှတ်စု ==
၁၆၉၁

တည်းဖြတ်မှုများ