ဝီကီပီးဒီးယား:ဆောင်းပါးတို: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၄၀ -
=== ဆောင်းပါးတိုအဖြစ်မှတ်သားခြင်း ===
ဆောင်းပါးတစ်ပုဒ်အား ဆောင်းပါးတိုအဖြစ် မှတ်သားလိုပါက ဆောင်းပါး၏ အဆုံး၌ ဆောင်းပါးတို (stub) တမ်းပလိတ်အား ထည့်သွင်းရန်ဖြစ်သည်။ ထည့်သွင်းပုံ ထည့်သွင်းနည်းမှာ အခြားတမ်းပလိတ်များနည်းတူ တွန့်ကွင်းနှစ်ထပ်တစ်စုံကြား တမ်းပလိတ်နာမည်ရေးထည့်ရုံသာ ဖြစ်သည်။ (သာဓက၊ <nowiki>{{stub}}</nowiki>။) [[Wikipedia:Layout|စတိုင်လက်စွဲ]] အလိုအရ ဤဆောင်းပါးတို တမ်းပလိတ်ကို ပြင်ပချိတ်ဆက်လင့် (external link) များ၏နောက်၊ နီးစပ်ဆက်နွယ်ဆောင်းပါးတစ်စုအကြား လှည့်လည်သွားလာနိုင်ရန် ပြုလုပ်ထားသည့် navigation plane အားလုံး၏နောက်၊ အမျိုးအစားတဂ် (category tag) အားလုံး၏နောက်၊ ဆောင်းပါးတစ်ပုဒ်၏ နောက်ပိတ်ဆုံးမှသာ ထည့်သွင်းရမည်ဖြစ်သည်။ ဆောင်းပါးတိုတမ်းပလိတ်များသည် ကူးပြောင်းထည့်သွင်းထားသည့် (transcluded) တမ်းပလိတ်များဖြစ်ပြီး အစားထိုးထည့်သွင်းထားသည့် (substituted) တမ်းမလိတ်များမဟုတ်ကြပါ။<ref>ကူးပြောင်းထည့်သွင်းတမ်းပလိတ်သုံးဆောင်းပါးများမှာ မူရင်းတမ်းပလိတ်ကို ပြောင်းလဲပါက လိုက်လံပြောင်းလဲပြီး၊ အစားထိုးထည့်သွင်းတမ်းပလိတ်သုံးဆောင်းပါးများမှာ မူရင်းတမ်းပလိတ်ကို ပြောင်းလဲသော်ငြား လိုက်လံပြောင်းလဲခြင်းမရှိပါ။ အသေးစိတ်ကို [https://en.wikipedia.org/wiki/Wikipedia:Transclusion transcluded] နှင့် [https://en.wikipedia.org/wiki/Wikipedia:Substitution substituted] တွင်ရှုပါ။</ref>
 
ဆောင်းပါးတိုတစ်ပုဒ်သည် အမျိုးအစားတစ်မျိုးထက်မကတွင် ပါဝင်ပါက ဆောင်းပါးတိုတမ်းပလိတ်ကို တစ်မျိုးထက်ပို၍ သုံးနိုင်သည်။
 
== မှတ်စု ==