ဝီကီပီးဒီးယား:ဆောင်းပါးတို: တည်းဖြတ်မှု မူကွဲများ

ref⇒note, change interwiki style
စာကြောင်း ၂၁ -
ဝီကီအမျိုးမျိုးရှိ တည်းဖြတ်သူ အယ်ဒီတာအသီးအသီးတို့သည် ဆောင်းပါးတိုတစ်ပုဒ်တွင် ရှိသင့်သည့် အတိုအရှည်ပမာဏကို နေရာနှင့် အချိန်အခါလိုက်၍ အမျိုးမျိုးအဖုံဖုံ သတ်မှတ်လေ့ရှိကြသည်။ ဆောင်းပါးတိုတစ်ပုဒ်သည် ဝါကျဆယ်ကြောင်းထက်မပိုရ၊ စာလုံးရေ ၂၅၀ ထက်မပိုရ၊ စသည်ဖြင့် အခြေအနေကိုလိုက်၍ အမျိုးမျိုးသတ်မှတ်နိုင်ပြီး၊ အင်္ဂလိပ်နှင့် အခြားဝီကီပီးဒီးယားအချို့ရှိ [[:en:Wikipedia:Did you know|Did you know?]] စံကိုလိုက်နာကာ အက္ခရာအလုံးရေ (character count) ၁,၅၀၀ ထက်မပိုရဟုလည်း ဆိုလေ့ရှိသည်။ စကားလုံးရေ (word count) ၅၀၀ ထက်ကျော်သည့် ဆောင်းပါးများကို [[:en:Wikipedia:AutoWikiBrowser|AutoWikiBrowser]] ဆော့ဖ်ဝဲသုံး၍ ဆောင်းပါးတိုစာရင်းမှ မကြာခဏဆိုသလို ပယ်ဖျက်လေ့ရှိသည်။
 
သို့သော် '''ဆောင်းပါးတိုတစ်ပုဒ်သည် မည်ရွေ့မည်မျှထိသာ ရှည်နိုင်သည်ဟု အသေပြဋ္ဌာန်းထားခြင်းမျိုး မရှိပါ'''။ အလွန်တိုသော ဆောင်းပါးများသည် ဆောင်းပါးတို (stub) များ ဖြစ်လေ့ရှိသော်လည်း၊ တိုတိုင်းလည်း ဆောင်းပါးတို မဖြစ်ပါ။ အချို့အကြောင်းအရာများမှာ ရေးစရာလွန်စွာနည်းသောကြောင့်ဖြစ်သည်။ တစ်ဘက်တွင်လည်း ရေးစရာများပြားလှသော အကြောင်းအရာတစ်ခုအတွက် ဆောင်းပါးရေးပါက စာပိုဒ်နှင့်ချီ၍ ရှည်နေပြီဖြစ်သော်လည်း ဆောင်းပါးတိုတစ်ခုသာ ဖြစ်နေနိုင်သေးသည်။ အချုပ်ဆိုရလျှင် အတိုအရှည်ပမာဏကိုလိုက်၍ ဆောင်းပါးတိုဖြစ်/မဖြစ် သတ်မှတ်ရန်မဖြစ်နိုင်ဘဲ အယ်ဒီတာ၏ ချိန်ဆဆုံးဖြတ်ချက်ဖြင့်သာ သတ်မှတ်နိုင်သည်။<ref group=note>ဤနေရာတွင် အင်္ဂလိပ်ဝီကီပီးဒီးယားရှိ [[:en:User:Grutness/Croughton-London rule of stubs|ခရူးတန်-လန်ဒန် စည်းမျဉ်း]] (Croughton-London rule) အမည်ရှိ အသုံးပြုသူရေး အက်ဆေး (user essay) တစ်ပုဒ်က အထောက်အကူပြုနိုင်သည်။</ref> မည်သို့ဆိုစေ ဆောင်းပါးတစ်ပုဒ် ဆောင်းပါးတိုဖြစ်/မဖြစ် ၎င်း၏အတိုအရှည်ကို ဆုံးဖြတ်ရာတွင် ဆောင်းပါးပါ စကားပြေစာကိုယ် (prose text) သက်သက်ကိုသာ စဉ်းစားပြီး ၎င်းဆောင်းပါးတွင်ပါဝင်သည့် စာရင်း၊ တမ်းပလိတ်၊ ရုပ်ပုံနှင့် အခြားတန်ဆာပလာများကို ထည့်သွင်းစဉ်းစားလေ့မရှိပါ။
 
=== စံပြဆောင်းပါးတို ===