အင်ဂျင်နီယာ: တည်းဖြတ်မှု မူကွဲများ

→‎လူ့အဖွဲ့အစည်းတွင်: စက်ထုတ်လုပ်၊ ပါဝင်၊ အရည်အသွေးမီ၊ ကွပ်ကဲ တို့စာလုံးပေါင်းမှားနေသည်ကိ...
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
→‎မြို့ပြအင်ဂျင်နီယာ: တ နေရာတွင် တစ် ဟုပြင်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၁ -
မြို့ပြလုပ်ငန်းခွင်တစ်ခုတွင် စီမံကိန်းချမှတ်ခြင်း (Planning)၊ ဆောက်လုပ်ခြင်း (Construction)၊ ပြုပြင်ထိန်းသိမ်းခြင်း (Maintenance) စသည့် အခြေခံ အချက်များ ပါဝင်သည်။ မြို့ပြ အင်ဂျင်နီယာများသည် နည်းပညာကိုသာမက စီမံခန့်ခွဲမှုနှင့် ကြီးကြပ် ဆောင်ရွက်မှုများကိုလဲ နိုင်နင်းစွာ လုပ်ကိုင်တတ်ရန် လိုအပ်ပါသည်။
 
လုပ်ငန်းခွင်တခုအားလုပ်ငန်းခွင်တစ်ခုအား စီမံကိန်းချရန်နှင့် ဒီဇိုင်းလုပ်ရန်အတွက် အင်ဂျင်နီယာသည် လုပ်ငန်းခွင်နေရာကို လက်တွေ့လေ့လာဖို့လိုသည် (ဥပမာ- လုပ်ငန်း ဆောက်လုပ်မည့်နေရာ၏ မြေအမျိုးအစား၊ ဆောက်လုပ်မည့် လုပ်ငန်းအတွက် လိုအပ်သော အရင်းအမြစ်၊ အသုံးပြုမည့် ပစ္စည်းများ ရရှိနိုင်မည့် နေရာ၊ စသည်..)။ ယင်းလေ့လာချက်များအပေါ် မူတည်ပြီး စီမံကိန်းကို မှန်ကန်လျင်မြန်စွာ အတည်ပြု ဆုံးဖြတ်ချက် ချရမည်။ သို့မှသာ လုပ်ငန်း လိုအပ်ချက်များနှင့် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးအတွက် အကောင်းဆုံး ပြင်ဆင် ဆောင်ရွက်နိုင်ပေမည်။ ထို့အပြင် အရေးပါသော အခြားလိုအပ်ချက်တစ်ခုမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တို့၏ ညွှန်ကြားချက်ကို လိုက်နာရန်ဖြစ်ပြီး စီမံကိန်း ခွင့်ပြုချက် ရယူထားရမည်။ ၄င်းအပြင် စီမံကိန်း ကုန်ကျစရိတ် ခန့်မှန်းတွက်ချက်မှုနှင့် လုပ်ငန်းခွင် ရည်မှန်းချက်၊ ပြီးစီးမှု အခြေအနေများအား ဂရုပြု မှတ်တမ်းတင်ရမည်။
 
စီမံကိန်း လုပ်ငန်းခွင်များအား အကောင်အထည်ဖော် လုပ်ဆောင်ရာတွင် မြို့ပြအင်ဂျင်နီယာများသည် မြို့ပြအင်ဂျင်နီယာ ဘာသာခွဲများဖြစ်သည့် ဒီဇိုင်းအင်ဂျင်နီယာများ၊ ဆောက်လုပ်ရေး အင်ဂျင်နီယာများ၊ ရေအရင်းအမြစ် ဆိုင်ရာ အင်ဂျင်နီယာများ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာများ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အင်ဂျင်နီယာများ၊ ဘူမိဗေဒဆိုင်ရာ အင်ဂျင်နီယာများ ကဏ္ဍအလိုက် စုဖွဲ့ပြီး ဆောင်ရွက်သကဲ့သို့၊ အခြား သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှ အင်ဂျင်နီယာများ၊ ပညာရှင်များနှင့်လည်း ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရပါသည်။