ဟစ်တလာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၂၄ -
}}
== အားဒေါလ်ဖ် ဟစ်တလာ(အင်္ဂလိပ် ၁၈၈၉-၁၉၄၅) ==
[[ဒုတိယကမ္ဘာစစ်]]ကြီးကို ဖန်တီးခဲ့သူ၊ ဂျူးလူမျိုးတို့၏ဘုံရန်သူ၊ ကမ္ဘာ့နိုင်ငံအသီးသီး၏ ဘုံရန်သူ၊ နာဇီပါတီဝင်တို့၏ ဖခင်ကြီး ခေတ်သစ်ဂျာမနီပြည်ကြီး၏ ခေါင်းဆောင်ကြီး၊ တကမ္ဘာလုံးကိုတစ်ကမ္ဘာလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သော အာဏာရှင်ဟု အမျိုးမျိုး မှတ်တမ်းတင်ခဲ့ရသော ပုဂ္ဂိုလ်ကြီး ဟစ်တလာ၏ နာမည်အပြည့်အစုံမှာ "အားဒေါလ်ဖ် ဟစ်တလာ" (Adolf Hitler) ဖြစ်သည်။
 
[[File: Bundesarchiv Bild 183-S33882, Adolf Hitler retouched.jpg|thumb|]]
စာကြောင်း ၄၄ -
 
 
၁၉၂ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်ပထမ ဦးဆုံးသော လူထုတရားပွဲကြီးကို ဂျာမန် အလုပ်သမားပါတီမှ ဦးဆောင်ကျင်းပခဲ့ရာ ပရိသတ်နှစ်ထောင်နီးပါးမျှ တက်ရောက်ခဲ့ သည်ဆို၏။ ထိုပွဲတွင် ဟစ်တလာ၏အမည်လည်း စတင် ကျော် ကြားခဲ့လေ၏။ 'ဂျာမန်အလုပ်သမားပါတီကိုလည်း အမျိုးသား ဆိုရှယ်လစ် ဂျာမန်အလုပ်သမားပါတီ' ဟူ၍ အမည်ပြောင်းခဲ့လေ ၏။ ထိုပါတီ၏ အတိုကောက်နာမည်မှာ 'နာဇီ'ပါတီ ဟူ၏။ ဥက္ကဋ္ဌကြီးမှားဟားရားဖြစ်ပြီး မကြာခင်မှာပင် ဟစ်တဘလာနှင့်ဟစ်တလာနှင့် သဘောမတိုက်ဆိုင်၍ နှုတ်ထွက်သွားခဲ့သည်။ ထိုကာလတွင် ဟစ်တလာ၏စည်းရုံးမှုကြောင့် ပါတီဝင်အင်အား ပို၍ပို၍ များ လာခဲ့၏။ မြူးနစ်မြို့ခရိုင် စစ်ဌာနချုပ်မှ စစ်ဗိုလ်ဟောင်း ဗိုလ်ကြီး ရုမ်းမှ ဟစ်တလာကို များစွာ အကူအညီပေးခဲ့၏။
 
 
စာကြောင်း ၅၄ -
 
ဟစ်တလာသည် နိုင်ငံရေးတွင် အနိုင်ရရေး၊ နေရာရရှိ ရေး၊ အသိအမှတ်ပြုလာစေရေးအတွက် နည်းမျိုးစုံအဖုံဖုံ အသုံးပြု ခဲ့သည်ဆိုကြ၏။ ထိုကာလတွင် ဟစ်တလာသည်'အာဏာသိမ်းပွဲ' လုပ်ခဲ့သေး၏။ မအောင်မြင်ခဲ့ပါ။ ထောင်ဒဏ် ၅ နှစ် အပြစ်ပေး ခံခဲ့ရ၏။ နိုင်ငံတော် ပုန်ကန်မှုဖြင့် ၁၉၂၄။
၁၉၂၅ ခုနှစ်တွင် ထောင်မှလွတ်ခဲ့ပြန်လေ၏။ ဟစ်တလာ ကို စကားမပြောရဟု အာဏာပိုင်များမှ အမိန့်ထုတ်ခဲ့လေ၏။ ၁၉၂၈ ခုနှစ်အထိ။ ထို့ကြောင့် စာရေး၍ စာအုပ်ထုတ်ဝေခဲ့လေ၏။ 'ကျွနု်ပ်၏ကြိုးပမ်းမှုကျွန်ုပ်၏ကြိုးပမ်းမှု'စာအုပ် ၁၉၂၆ ခုနှစ်တွင် ဝိုင်းမားမြို့တွင် ဆန္ဒပြပွဲကို ဦးဆောင်ခဲ့။ ထိုကာလတွင် ပါတီဝင်ဦးရေမှာ သိန်း ကျော်ခဲ့ပြီဆို၏။
၁၉၂၉ ခုနှစ်တွင် နှစ်သိန်းနီးပါးရှိခဲ့သည်။ နာဇီပါတီဝင် များကို နာဇီကျောင်းသားအဖွဲ့၊ နာဇီမုန်တိုင်းတပ်ဖွဲ့၊ နာဇီကျောင်း ဆရာများအဖွဲ့၊ နာဇီဆရာဝန်သမဂ္ဂ၊ နာဇီရှေ့နေများသမဂ္ဂ၊ နာဇီ လူငယ်အဖွဲ့ စသည့် အဖွဲ့ပေါင်းများစွာ ဖွဲ့စည်းပေးခဲ့သည်။
၁၉၃ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် နာဇီပါတီ အနိုင်ရလုလုနီးပါးဖြစ်ခဲ့ပြီး ၁၉၃၁ ခုနှစ်တွင် နာဇီမုန်တိုင်းတပ်သားပေါင်းပင် တစ်သိန်းနီးပါး ရှိခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် နာဇီပါတီအာဏာ ရလာခဲ့လေ၏။ ၁၉၃၃ ခုနှစ်တွင် ဟစ်တလာ သည် ဂျာမနီပြည်၏ ဝန်ကြီးချုပ်ရာထူးကို တရားဝင် ရရှိခဲ့လေ သည်။ ပါလီမန်တွင် ဆက်လက်အနိုင်ရရှိအောင် ကြိုးစာခဲ့ရာတွင်လည်း နည်းမျိုးစုံဖြင့်ကြိုးစားခဲ့ရာ အနိုင်ရရှိခဲ့လေ၏။
စာကြောင်း ၆၀ -
၁၉၃၅ ခုနှစ်တွင် [[အင်္ဂလိပ်]]၊ [[ပြင်သစ်]]အပါအဝင် နိုင်ငံကြီးများသည် ဟစ်တလာ အန္တရာယ်ကို ကြိုမြင်ခဲ့ကြရလေသည်။ ဂျာမနီသည် စစ်အင်အားကို တဖြည်းဖြည်း ထိုးချဲ့ခဲ့ရာ စစ်သားဦးရေ ၅ သိန်း ၅ သောင်းပင် ရှိခဲ့သည်ဆို၏။ ဂျာမနီ ကို အိမ်နီးချင်း တိုင်းပြည်များမှ ဝိုင်း၍ ကန့်ကွက်ခဲ့ကြသည်။ သို့သော် ဟစ်တလာသည် ဂရုမစိုက်။
သို့နှင့် ၁၉၃၆ ခုနှစ်၊ မတ်လတွင်ပြင်သစ်ပြည်ကို စတင် တိုက်ခိုက်ခဲ့လေတော့သည်။ အီတလီခေါင်းဆောင် [[မူဆိုလီနီ]]နှင့် လက်တွဲခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် [[ဩစတြီးယား]]ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ချက်ကိုစလိုဗေးကီးယားကို သိမ်းပိုက်သည်။ ထိုနှစ်မှာပင် [[ပိုလန်နိုင်ငံ]]ကိုလည်း သိမ်းပိုက်ခဲ့လေ၏။ ဂျူးလူမျိုးတို့ သုတ်သင်ရေးစီမံကိန်းကိုလည်း ထိုကာလများတွင် စတင်ခဲ့လေ၏။
၁၉၄ဝ တွင် ဟစ်တလာ၏ အစီအစဉ်များသည် တကမ္ဘာလုံးကိုတစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နိုင်ခဲ့သည် ဆိုကြရလေ၏။ [[ဗြိတိသျှ]]၊ [[ပြင်သစ်]]၊ [[ဘယ်လ်ဂျီယံ]]၊ [[နော်ဝေး]]တို့၏ တပ်ပေါင်းများစွာ၊မြို့ ပေါင်းများစွာမှ ဂျာမနီတပ်များကို ခုခံတိုက်ခိုက်ခဲ့ရသည်။ ၁၉၄၁ ခုနှစ်တွင် [[ဆိုဗီယက်ယူနီယံ]]ကို ဝင်ရောက် တိုက်ခိုက်ခဲ့လေ၏။ သို့သော် ဟစ်တလာ၏စစ်မျက်နှာများ လက်တံရှည်လျားလှသဖြင့် ထိုအချိန်မှစ၍ မနိုင်မနင်းဖြစ်ကာရှိနေခိုက်တွင် ဂျပန်နှင့်လည်း မဟာမိတ်ဖွဲ့ခဲ့သေး၏။ သို့သော် ထိုအချိန်တွင် ဟစ်တလာသည် စစ်ပန်းနေခဲ့ပြီ။ မကြာခင်မှာပင် [[ဂျပန်]]တို့၏ ပုလဲဆိပ်ကမ်းဗုံးကြဲ မှုကြီးသည် အမေရိကန်တို့ ရန်စကျူးကျော်ခြင်းဖြစ်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းသို့ အမေရိကန် ဝင်ရောက်လာခဲ့ခြင်းသည် ဟစ်တလာနှင့် နောက်ပါမိတ်ဆွေနိုင်ငံများအတွက် ဆုံးရှုံးခြင်း နိမိတ်ဟု ယူဆခဲ့ကြသည်ဆို၏။
ထိုသို့နှင့် ၁၉၄၁-၄၂-၄၃-၄၄ ခုနှစ်များတွင် ဟစ်တလာ သည် ဘေးကြပ်နံကြပ်များနှင့် ရင်ဆိုင်ခဲ့ရပြီး တစတစ စစ်ရှုံးကာ မျက်ကန်းတစ္ဆေမကြောက် ပုံစံနှင့်သာရှိနေခဲ့လေ၏။ ၁၉၄၅ ခုနှစ်တွင် ဟစ်တလာ၏ ရှိသမျှတပ်ပေါင်းများစွာ ပျက်စီးခဲ့၍ မဟာမိတ်တပ်များနှင့် ဆိုဗီယက်တပ်နီတော်၏ ထိုးစစ်ဒဏ် များကို လုံးဝခုခံနိုင်ခြင်းမရှိတော့ဘဲ ပြိုကွဲပျက်စီးခဲ့ရလေတော့ သည်။
ဟစ်တလာကို လုပ်ကြံမှုကြီးပေါင်းများစွာနှင့်သေကြောင်း ကြံစည်ခဲ့ကြသော်လည်း မသေခဲ့ဘဲ သူ၏ဝန်မခံသော နောက်ဆုံးချစ်သူ အိဗာဗရွန်းနှင့်အတူ ၁၉၄၅ ခုနှစ်၊ ဧပြီလတွင် နောက်ဆုံးနေထိုင်ရာ စံအိမ်တော်ဝင်း ပုန်းခိုကျင်းကြီးထဲတွင်မိမိကိုယ်မိမိ သေနတ်ဖြင့် သေကြောင်းကြံ ကွယ်လွန်ခဲ့သည်ဟုသိရှိ ကြရပါသည်။ <ref>သုတေသီ ရေး ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ</ref>