ကြည်ကြည်ဌေး: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၂၁ -
| ကွန်ယက် =
}}
ကြည်ကြည်ဌေးမှာ မြန်မာ့ရုပ်ရှင်သမိုင်းတွင် ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ အမျိုးသမီးသရုပ်ဆောင်၊ အဆိုတော်၊ ပြဇာတ်နှင့် အငြိမ့်မင်းသမီးလည်းဖြစ်သည်။ ကြည်ကြည်ဌေးသည် မြန်မာ့ရုပ်ရှင်လောက၏ ထူးချွန်ပြောင်မြောက်သော စွယ်စုံအနုပညာရှင်တစ်ဦးဖြစ်ကာ ရုပ်ရှင်နယ်ပယ်သို့ခြေမချခင် ပြဇာတ်လောက၌လည်း လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့လေသည်။ ကြည်ကြည်ဌေးကို ၁၉၂၄ မတ်လ ၁၉ ရက်နေ့တွင် အဖ ဦးဖိုးရင်(ဦးဆိုးရင်) အမိ ဒေါ်အုံး​ကြွေတို့မှ မွေးဖွားခဲ့သည်။ ဇာတိမှာ ပဲခူးတိုင်း သာယာဝတီခရိုင် ကျွဲသတ်ကျေးရွာ (တချို့မှာ လက်ပတန်းဟုဆို) ဖြစ်သည်။ ငယ်နာမည်မှာ မသိန်းကြင်(ကျင်)ဖြစ်၏။ မွေးချင် ၅ ယောက်အနက် အငယ်ဆုံးဖြစ်သည်။ အသက် ၅နှစ် ၆နှစ်အရွယ်မှ စတင်၍ ဇာတ်သဘင်လောကသို့ ဝင်ရောက်ပြီး ဒေါ်လေးဖြစ်သူ၏ ဇာတ်ထဲတွင် "အောင်မြကြင်(ကျင်)" အမည်ဖြင့် အစ်မများနှင့်အတူ အပျိုတော် ၁၂ ခန်း စသည်တို့ကို ဝင်ရောက်ကပြခဲ့သည်။ လက်ရှိကနေသောဇာတ် ဖျက်သိမ်း လိုက်သောအခါဖျက်သိမ်းလိုက်သောအခါ နယားပျံဆရာခ ဇာတ်သို့ရောက်ရှိခဲ့၍ ယင်းဇာတ်ထဲတွင် မင်းသားကြီးရွှေနှင့် တွဲဖက်၍ အောက်ချင်း ဖို၊အောက်ချင်းဖို၊ အောက်ချင်းမ ပြဇာတ်ကို ကပြခဲ့သည်။ ထိုမှစ၍ အောက်ချင်းမ ဆိုသည့် အမည်ဖြင့် ကျော်ကြားလာခဲ့သည်။ [[ဒုတိယကမ္ဘာစစ်]]အပြီး ပြဇာတ်များ ပြန်လည်အသက်ဝင်ခဲ့ရာ မာလာရီဆိုသည့် နာမည်ဖြင့် ပြဇာတ်မင်းသမီးအဖြစ် ကပြခဲ့ပါသည်။ ထို့နောက် ကြည်ကြည်ဌေးဟု နာမည်ခံယူ၍ ကာဌေးရုံ ပြဇာတ်မင်းသမီး ရွေးပွဲတွင် ယှဉ်ပြိုင်ပြီး ဒုတိယရဆု ရှိခဲ့သဖြင့် ဒါရိုက်တာဦးသုခ၏ ချစ်ကုမ္ပဏီပြဇာတ်တွင် ခေါင်းဆောင် မင်းသမီးအဖြစ် ကပြသရုပ်ဆောင်ခွင့်ရရှိခဲ့သည်။ ကြည်ကြည်ဌေးအမည်ဖြင့် နာမည်ရလာခဲ့သောကြောင့် တခြားနာမည်ကြီး ပြဇာတ်များတွင် ပါဝင်ကပြခဲ့လေသည်။ ပြဇာတ်မင်းသမီးအဖြစ် သူမတူသည့် အောင်မြင်မှုများ ရယူနိုင်ခဲ့သည်။ ထို့နောက် ၁၉၅၂တွင် ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့ပြီး ပထမဆုံးဇာတ်ကားဖြစ်သည့် "ချစ်သက်ဝေ" ရုပ်ရှင်ဇာတ်ကား၌ သရုပ်ဆောင်ခဲ့၏ ။ ချစ်သက်ဝေမှာ အေဝမ်းထုတ်လုပ်ရေးမှ ရိုက်ကူးပြီး ထိုဇာတ်ကားမှ ကြည်ကြည်ဌေးသည် မြန်မာနိုင်ငံ၏ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆု ရရိှခဲ့လေသည်။ရရှိခဲ့လေသည်။ ယနေ့ခေတ် ကျွန်တော်တို့တွေ သိရှိသည့်အတိုင်း အကယ်ဒမီဟု ခေါ်ဝေါ်ခြင်းမရှိသေးဘဲ အမျိုးသားသရုပ်ဆောင်အတွက် အမျိုးသားပညာသည်ဆု၊ အမျိုးသမီးသရုပ်ဆောင်အတွက် အမျိုးသမီး ပညာသည်ဆု ဆိုသည့် အမည်ဖြင့် ပေးအပ်ခြင်းဖြစ်သည်။ ၁၉၅၆တွင် “ချစ်ခွင့်မပိုင်” ဇာတ် ကားဖြင့် အမျိုးသမီး ပညာသည်ဆုကို လည်းကောင်း၊ ၁၉ရ၀ မှာ “နုနုငယ်ငယ်” ဇာတ်ကားဖြင့် အမျိုးသမီး ဇာတ်ပို့ဆုကိုလည်းကောင်း၊ ၁၉၇၈ အတွက် “လူဇော်” ဇာတ်ကားဖြင့် အမျိုး သမီးဇာတ်ပို့ဆုကိုအမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့၏ ။ နိုင်ငံတော်မှလည်း သူမ၏ ထူးချွန်ပြောင်မြောက်မှုအတွက် “ဝဏ္ဏ ကျော်ထင်”“ဝဏ္ဏကျော်ထင်” ဘွဲ့တံဆိပ်ကို ပေးအပ်ဂုဏ်ပြုခဲ့လေသည်။
 
တခြားထင်ရှားသော ဇာတ်ကားများမှာ
စာကြောင်း ၃၅ -
* ဗိမ္မိသာရ
 
ကြည်ကြည်ဌေးဟာကြည်ကြည်ဌေးသည် ရုပ်ရှင်ကားပေါင်း (၃ဝဝ) ကျော် ရိုက်ကူးခဲ့သည်ဟုသိရှိရပါတယ်။ရိုက်ကူးခဲ့သည်ဟု သိရှိရသည်။ နောက်ပိုင်းတွင် ဒေါ်ကြည်ကြည်ဌေးသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ အကြံပေးပုဂ္ဂိုလ်အဖြစ်လည်း ဆောင်ရွက်ခဲ့၏ ။
 
မြန်မာ့ရုပ်ရှင်လောက၏ စံထားလောက်သော ဒေါ်ကြည်ကြည်ဌေး သည်ဒေါ်ကြည်ကြည်ဌေးသည် သက္ကရာဇ် ၂၀၀၀ မတ်လ ၄ ရက် စနေနေ့၌ ဘဝတပါးသို့ ပြောင်းရွှေ့ကွယ်လွန်ခဲ့ရာ ထိုအချိန်တွင် အသက်မှာ ၇၆ နှစ်ရှိပြီဖြစ်သည်။
<ref> http://www.popularmyanmar.com/mpaper/2014/10/တစ်ခေတ်မှာ-တစ်ယောက်ဆိုရ/ by မောင်လွမ်းနွယ် (အောင်လံ)
http://www.moi.gov.mm/npe:zg/?q=news/19/09/2013/id-5991