ကြည်ကြည်ဌေး: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီးNo edit summary |
အရေးမကြီးNo edit summary |
||
စာကြောင်း ၂၁ -
| ကွန်ယက် =
}}
ကြည်ကြည်ဌေးမှာ မြန်မာ့ရုပ်ရှင်သမိုင်းတွင် ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ အမျိုးသမီးသရုပ်ဆောင်၊ အဆိုတော်၊ ပြဇာတ်နှင့် အငြိမ့်မင်းသမီးလည်းဖြစ်သည်။ ကြည်ကြည်ဌေးသည် မြန်မာ့ရုပ်ရှင်လောက၏ ထူးချွန်ပြောင်မြောက်သော စွယ်စုံအနုပညာရှင်တစ်ဦးဖြစ်ကာ ရုပ်ရှင်နယ်ပယ်သို့ခြေမချခင် ပြဇာတ်လောက၌လည်း လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့လေသည်။ ကြည်ကြည်ဌေးကို ၁၉၂၄ မတ်လ ၁၉ ရက်နေ့တွင် အဖ ဦးဖိုးရင်(ဦးဆိုးရင်) အမိ ဒေါ်အုံးကြွေတို့မှ မွေးဖွားခဲ့သည်။ ဇာတိမှာ [[ပဲခူးတိုင်း]] သာယာဝတီခရိုင် ကျွဲသတ်ကျေးရွာ (တချို့မှာ လက်ပတန်းဟုဆို) ဖြစ်သည်။ ငယ်နာမည်မှာ မသိန်းကြင်(ကျင်)ဖြစ်၏။ မွေးချင် ၅ ယောက်အနက် အငယ်ဆုံးဖြစ်သည်။ အသက် ၅နှစ် ၆နှစ်အရွယ်မှ စတင်၍ ဇာတ်သဘင်လောကသို့ ဝင်ရောက်ပြီး ဒေါ်လေးဖြစ်သူ၏ ဇာတ်ထဲတွင် "အောင်မြကြင်(ကျင်)" အမည်ဖြင့် အစ်မများနှင့်အတူ အပျိုတော် ၁၂ ခန်း စသည်တို့ကို ဝင်ရောက်ကပြခဲ့သည်။ လက်ရှိကနေသောဇာတ် ဖျက်သိမ်းလိုက်သောအခါ နယားပျံဆရာခ ဇာတ်သို့ရောက်ရှိခဲ့၍ ယင်းဇာတ်ထဲတွင် မင်းသားကြီးရွှေနှင့် တွဲဖက်၍ အောက်ချင်းဖို၊ အောက်ချင်းမ ပြဇာတ်ကို ကပြခဲ့သည်။ ထိုမှစ၍ အောက်ချင်းမ ဆိုသည့် အမည်ဖြင့် ကျော်ကြားလာခဲ့သည်။ [[ဒုတိယကမ္ဘာစစ်]]အပြီး ပြဇာတ်များ ပြန်လည်အသက်ဝင်ခဲ့ရာ မာလာရီဆိုသည့် နာမည်ဖြင့် ပြဇာတ်မင်းသမီးအဖြစ် ကပြခဲ့ပါသည်။ ထို့နောက် ကြည်ကြည်ဌေးဟု နာမည်ခံယူ၍ ကာဌေးရုံ ပြဇာတ်မင်းသမီး ရွေးပွဲတွင် ယှဉ်ပြိုင်ပြီး ဒုတိယရဆု ရှိခဲ့သဖြင့်
တခြားထင်ရှားသော ဇာတ်ကားများမှာ
|