ကျော်ရင်၊ ဦး (မီးပုံးပျံ): တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၂၉ -
 
အသက် ၃၁ နှစ် အရွယ်တွင် ဦးကျော်ရင်၊ ဒေါ်မမနှင့် အိမ်ထောင်ကျကာ ထားဝယ်မြို့၌ အခြေစိုက် နေထိုင် ခဲ့သည်။ ထိုစဉ်က သတင်းစာများတွင် နိုင်ငံခြား လေယာဉ် ပျက်ကျမှု သတင်းများ မကြာခဏ ပါရှိရာ ဦးကျော်ရင်က စက်ပျက်၍ လေယာဉ် ထိုးကျသည့်တိုင် အကျကောင်း၍ အသေအပျောက် နည်းမည့် နည်းလမ်းများကို ကြံဆခဲ့သည်။ ထို့နောက် လေယာဉ် ပုံစံငယ်များ ထုတ်လုပ် စမ်းသပ်ကြည့်၏။ ဤသတင်း သူရိယ သတင်းစာ၌ ပါလာပြီးနောက် မြန်မာပြည် ဘုရင်ခံရုံးမှ တဆင့် အင်္ဂလန် လေကြောင်း ကုမ္ပဏီ တခုက လေယာဉ်ပုံစံ ရေးဆွဲ ပေးရန် ဆက်သွယ် လာခဲ့သည်။
[[File:U Kyaw Yin2.jpg|thumbnail|၁၉၃၄ခုနှစ်ကမြိတ်မြို့မှာမီးပုံးပျံ ဦးကျော်ရင်မီးပုံးပျံစီးစဉ်မှတ်တမ်းဦးကျော်ရင်မီးပုံးပျံစီးစဉ် မှတ်တမ်း ဓာတ်ပုံ။(ဝဲမှယာ-ဗြိတိသျှရဲအရာရှိယဗြိတိသျှရဲအရာရှိ၊ ဦးကျော်ရင်ယစာရေးဆရာကြီးဦးကျော်ရင်၊ စာရေးဆရာကြီး[[မောရစ်ကောလစ်]]) ထိုနေ့ကအမြင့်ပေ ၂၅၀အထိမီးပုံး ပျံတက်ခဲ့ပါသည်။]]
== မခံချင်စိတ် ==
လေယာဉ် ကုမ္ပဏီနှင့် ဦးကျော်ရင်တို့ အကြား စာအဆက်အသွယ် ပြုနေကြစဉ် ပထမ ကမ္ဘာစစ်ကြီး ဖြစ်လာခဲ့သည်။ စစ်ပြီးဆုံး သွားသော အခါ လေကြောင်း ကုမ္ပဏီနှင့် အဆက်အသွယ် ပြတ်သွား၏။ လေကြောင်း ကုမ္ပဏီ ဖျက်သိမ်းလိုက်၍ ဖြစ်မည် ထင်ပါသည်။ ထိုစဉ်အတွင်း ပုဂ္ဂိုလ်တဦးက မြန်မာ့အလင်း သတင်းစာ၌ ဆောင်းပါး တပုဒ် ရေးသားခဲ့သည်။ ယင်းဆောင်းပါးတွင် "ထားဝယ်မှ မောင်ကျော်ရင် ဆိုသူ တဦးသည် လေယာဉ်ပျံ လုပ်တတ်သည်ဟုကား ကြားခဲ့ဖူးသော်လည်း ယခုအခါ သေသလား၊ ရှင်သလား မသိ တိမ်မြုပ် သွားလေပြီ" ဟု ချိုးနှိမ်စွာ ရေးသား ဖော်ပြခဲ့လေသည်။