ကာရန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀...
အရေးမကြီးNo edit summary
စာကြောင်း ၁ -
==ကာရန်==
ကာရန် ဟူသည်မှာ [[အက္ခရာ]]၏ အဆုံးသံဖြစ်သည်။ ''ကာရန္တ'' ဟူသော [[ပါဠိ]]စကားမှာ ဆင်းသက်လာသော စကားဖြစ်သည်။ အက္ခရာ၏အဆုံးသတ် (သို့မဟုတ်) အဆုံး အက္ခရာဟု အဓိပ္ပါယ်ရပါသည်။ ဥပမာ - ''က''အက္ခရာ၏အသံသည် ''အ'' ဖြစ်သည်။ ''ကာ''အက္ခရာ၏အသံသည်''အာ''ဖြစ်သည်။ ''ကား'' အက္ခရာ၏ အသံသည် ''အား'' ဖြစ်သည်။ ''ခဲ'' ဟုဆိုလျှင် ''အဲ'' ကာရန်ဟု
သိရမည်။ ''စူး''ဟုဆိုလျှင် ''အူး'' ကာရန်ဟု သိရမည်။ ကာရန်ယူရာတွင် အက္ခရာ၏အဆုံးသံချင်း အညီယူသည်လည်း ရှိသည်။ တပိုဒ်နှင့် တပိုဒ်တို့၏အဆုံးရှိ အသံချင်း အညီယူသည်လည်းရှိသည်။ နှစ်ပိုဒ်၊ သုံးပိုဒ် စသော [[ဝါကျ]]တို့၏ အဆုံးရှိ အသံချင်း အညီယူသည်လည်း ရှိသည်။ အက္ခရာ၏ အဆုံးကာရန်ကို ဝဏ္ဏကာရန်၊ စာပိုဒ်၏အဆုံးကာရန်ကို ပဒကာရန်၊ ဝါကျ၏အဆုံးကာရန်ကို ဝါကျကာရန် ဟူ၍ခေါ်ကြသည်။