သိန်းဖေမြင့်: တည်းဖြတ်မှု မူကွဲများ

clean up using AWB
စာကြောင်း ၇ -
| မိဘအမည် = ဦးဘ + ဒေါ်မြင့်
| မွေးဖွားရာဒေသ = ဘုတလင်၊ စစ်ကိုင်းခရိုင်
| နိုင်ငံသား =[[File:Flag of Myanmar.svg|25px ]] မြန်မာ
| လူမျိုး =ဗမာ
| ကိုးကွယ်သည့်ဘာသာ =ဗုဒ္ဓဘာသာ
စာကြောင်း ၂၄ -
| ကွန်ယက် =
}}
[[File:Thein Pe Myint.jpg|thumb|]]
'''သိန်းဖေမြင့်''' (ငယ်အမည် သိန်းဖေ) ကို အထက်မြန်မာနိုင်ငံ၊[[စစ်ကိုင်းတိုင်း]]၊ ဘုတလင် မြို့နယ်တွင် မွေးဖွားခဲ့သည်။ စာပေစတင် ရေးသား သည့် အချိန်မှစ၍ ငယ်အမည် သိန်းဖေတွင် မိခင်၏အမည် ဒေါ်မြင့်မှ မြင့်ကိုယူကာ ပေါင်းထည့်ခဲ့ သည်။ ၁၉၃၅ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် မှ BA (ဘီအေ) ဘွဲ့ ရရှိခဲ့ သည်။ သိန်းဖေမြင့်သည် ခင်ကြည်ကြည်နှင့် ၁၉၄၆ ခုနှစ်တွင် အိမ်ထောင် ကျ ကာ သားသမီး လေးယောက် ရရှိခဲ့သည်။ သူသည် ၁၉၇၈ ခုနှစ် အသက် ၆၄ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ သည်။
သိန်းဖေမြင့် (သခင် သိန်းဖေ) ၁၀ ဇူလိုင် ၁၉၁၄ - ၁၅ ဇန်နဝါရီ ၁၉၇၈) သည် ဩဇာညောင်းသော မြန်မာ့ နိုင်ငံရေးသမား၊ စာရေးဆရာနှင့် သတင်း စာဆရာတစ်ဦးဖြစ်သည်။ ထင်ရှားလှသည့် မြောက်မြားစွာသော နိုင်ငံရေးနှင့် လူမှုရေး စာအုပ်များကို ရေးသားခဲ့သူတစ်ဦးဖြစ်ပြီး ဩဇာလွှမ်းမိုးသော ဗိုလ်တထောင် သတင်းစာကို စတင်တည်ထောင်ခဲ့သူလည်း ဖြစ်သည်။ သိန်းဖေမြင့်သည် မာက်(စ်) ဝါဒ) အသိပညာဆိုင်ရာ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုနှင့် စစ်ပြီး ခေတ် နိုင်ငံရေးတွင် အဓိက ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။ <ref name="ထိန်လင်း - ဆရာ သိန်းဖေမြင့်၏ စာပေအရှိန်အဝါ" />
 
== နိုင်ငံရေးလှုပ်ရှားမှု သက်တမ်း ==
၁၉၃၀ ခုနှစ် အလယ်ပိုင်း နှစ်များတွင် သိန်းဖေမြင့်သည် [[ရန်ကုန်တက္ကသိုလ်|ရန်ကုန် တက္ကသိုလ်]] ကျောင်းသားတစ်ဦးအနေဖြင့် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၃၂ - ၃၃ တွင် မန္တလေးဥပစာကောလိပ်၌ ပညာသင်ကြားရာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အမှတ်ကောင်း၍ ဥပစာတန်းကို တနှစ်တည်း တက်ခွင့်ရခဲ့သည်။ ဥပစာတန်းတွင် ပညာသင်ကြားစဉ် အစိုးရက မန္တလေးကောလိပ်ကိုပိတ်ရန် စီစဉ်သည်ကို ကိုကျော်ငြိမ်း (နောင် ဒုတိယဝန်ကြီးချုပ် ဦးကျော်ငြိမ်း)၊ ကိုခင်မောင်လေး (နောင် ဝန်ကြီး ဗိုလ်ခင်မောင်လေး)၊ ကိုသီဟန်(နောင် ဝန်ကြီးဦးသီဟန်) တို့နှင့်အတူ ဦးဆောင်ကန့်ကွက်ခဲ့သည်။ ဥပစာတန်းအောင်၍ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွေ့ပညာသင်ယူသည်။
 
ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားနေစဉ် ၁၉၃၄ - ၃၅ တွင် ကိုကျော်ငြိမ်းနှင့်အတူ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖြစ် ရွေးချယ်ခံရသည်။ ထိုနှစ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌမှာ ကိုဖိုးအေး (နောင် မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားရေးဝန် ဒေါက်တာဖိုးအေး) ဖြစ်သည်။ ဥက္ကဋ္ဌကိုဆန့်ကျင်ကာ တက္ကသိုလ်အာဏာပိုင်များကို အတိုက်အခံပြုခဲ့သည်။ တက္ကသိုလ်တွင် သခင်ဗစိန်နှင့်ပေါင်း၍ ဒိုင်အာခီအုပ်ချုပ်ရေး ကို ဆန့်ကျင်ခဲ့သည်။ သိန်းဖေမြင့်သည် ၁၉၃၅ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။<ref name="သန်းဝင်းလှိုင် - သမိုင်းတကွေ့မှ သိန်းဖေမြင့်" />
စာကြောင်း ၄၁ -
ပါတီနိုင်ငံရေးသဘောကား မိမိယုံကြည်ချက်ကို ပါတီတရပ်လုံး ယုံကြည်ချက်နှင့် ညှိရေး ဖြစ်၏။ ပါတီက ယုံကြည်လာအောင် လုပ်ရသော အတတ်ပညာဖြစ်၏။ မိမိကြိုးက သိပ်တင်းနေလျှင် သော်လည်းကောင်း၊ လျော့နေလျှင် သော်လည်းကောင်း၊ တေးသံမထွက်လာပေ။ ကြိုးညီမှတီး၍ရကာ ဂီတသံထွက်လာပေမည်။
 
သူသည် သူ့ကြိုးကိုသူ ညှိသဖြင့် အခြားအသံများနှင့် ပဋိပက္ခဖြစ်ကာ ကင်းကွာလာခဲ့ရ၏။ သိန်းဖေမြင့်၏လမ်းစဉ်သည် ပါတီ၏လမ်းစဉ်ဖြစ်လာအောင် တိုက်နိုင်မည်ဆိုလျှင် ယနေ့တိုင် ကွန်မြူနစ်ပါတီနှင့် သူသည် တသားတည်းနေမည်ဖြစ်သည်။ သူသည် မတိုက်မဟုတ်။ တိုက်၏။ အနုပညာသည်လည်း သူ၏လက်နက်ကောင်းတခု ဖြစ်၏။ သို့သော် အတိုက်သမားအဖြစ်ကား လန်၍လန်၍ကျခဲ့သည်။ အရေးနိမ့်ခဲ့ရသည်။<ref name="ဒဂုံတာရာ-ရုပ်ပုံလွှာ">ဒဂုံတာရာ-ရုပ်ပုံလွှာ</ref>
 
အကယ်၍ အငြင်းပွားဖွယ်ဖြစ်ကောင်းဖြစ်မည်၊ လူသိများသော စာရေးဆရာတစ်ဦး ဖြစ် သည့် သခင်သိန်းဖေသည် မြန်မာနိုင်ငံတွင် လက်ဝဲလှုပ်ရှားမှု၏ ဦးဆောင် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးအဖြစ် လျင်မြန်စွာရောက်ရှိခဲ့သည်။ ၁၉၃၆ ခုနှစ် {{ref|a|A}}အတွင်း ဖြစ်ပွားခဲ့သော တက္ကသိုလ် ကျောင်းသားများ ဦးဆောင်သည့် ဗြိတိသျှ ကိုလိုနီအစိုးရ ကို သပိတ်မှောက် ဆန့်ကျင်ဆန္ဒပြ ပွဲများနှင့် ၁၉၃၈ ခုနှစ်{{ref|b|B}}က ဖြစ်ပွားခဲ့သော "၁၃၀၀ ပြည့်အရေးတော်ပုံ"{{ref|c|C}}တွင် ထင်ရှားသော ကျောင်းသား ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။
စာကြောင်း ၄၈ -
== နိုင်ငံရေးသမားအဖြစ်မှ ထောက်ခံအားပေး သော စာနယ်ဇင်းသမားအဖြစ် ==
[[ဒုတိယ ကမ္ဘာစစ်]] စတင်ဖြစ်ပွားချိန်တွင် ဖက်ဆစ်ဂျပန်တို့ နှင့် မဟာ မိတ်ပြုမည်ဆိုခြင်းကို ငြင်းဆန်သော မြန်မာ့လွတ်လပ်ရေးဦးဆောင် လှုပ်ရှားသူ လူနည်းစုဝင် တစ်ဦးဖြစ်သည်။ အခြား အောင်ဆန်းကဲ့သို့ ထင်ရှားသော ကျောင်းသားခေါင်း ဆောင်အများစုနှင့် သဘောထားကွဲလွဲပြီး ဗြိတိသျှတို့ကို မနှစ်မြို့သော်လည်း မဟာမိတ်ဖွဲ့ခဲ့ သည်။
၁၉၄၂ ခုနှစ်တွင် ဂျပန် အင်ပါယာ မှ မြန်မာနိုင်ငံကို သိမ်းပိုက်လိုက် သောအခါတွင် မြေအောက်တော်လှန်ရေး လှုပ်ရှားမှုများကို စတင်လုပ်ကိုင်ခဲ့သည်။
 
ဂျပန်တို့၏ အုပ်ချုပ်မှုသည် ရက်စက်ကြမ်းကြုတ်ကြောင်းကို သိလာရသောအခါတွင် [[ဂျပန်နိုင်ငံ|ဂျပန်]]တို့ နှင့် မဟာ မိတ်ပြုမည်ကို ငြင်းဆန်ခဲ့သော သိန်းဖေမြင့်၏ အယူအဆများ မှန်ကန်ကြောင်း သိသာထင်ရှား လာခဲ့သည်။ [[ဂျပန်နိုင်ငံ|ဂျပန်]]တို့ နှင့်ထိုအချိန်ထိ မဟာမိတ်ဖွဲ့ထားသော ဗိုလ်ချုပ်[[အောင်ဆန်း]] သည် ဂျပန်တို့ကို တိုက်ထုတ်ရန်အတွက် မဟာမိတ်များထံမှ အကူ အညီ ရယူရန် သိန်းဖေမြင့် ကို [[အိန္ဒိယနိုင်ငံ]] သို့ သံတမန်အဖြစ် စေလွှတ်ခဲ့သည်။ စစ်ပွဲ ကာလအတွင်း ဗိုလ်ချုပ် အောင်ဆန်းကဲ့သို့ မြန်မာခေါင်းဆောင်အချို့နှင့် ဗြိတိသျှတပ်မဟာ ၁၃၆ ၊ အထူးစစ်ဆင်ရေးနှင့် ထောက်လှမ်းရေးယူနစ် တို့အကြားတွင် ဝါဒဖြန့်ချီရေး လုပ်ငန်း များနှင့် ဆက်ဆံရေးလုပ်ငန်း ဆောင်တာများကို အဓိကအခန်းကဏ္ဍမှ သူသည် ဆောင်ရွက်ခဲ့ သည်။
စာကြောင်း ၆၂ -
* သခင် ကိုယ်တော်မှိုင်း (သခင်ကိုယ်တော်မှိုင်း ၏ အတ္ထုပ္ပတ္တိ )
* အရှေ့က နေဝန်းထွက်သည့်ပမာ -- မြန်မာစာပေဆုရ
* ချင်းပြည် သမိုင်း-- မြန်မာစာပေဆုရ
 
What Happened in Burma (မြန်မာပြည်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အ ပျက်များ) နှင့် Over the Ashes ( ပြာပုံပေါ်တွင်) တို့အပါအဝင် စာအုပ်များစွာကို သူသည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။ သူ၏ လက်ရာများစွာမှာ ယနေ့ခေတ်တိုင်အောင် ပြန်လည်၍ ထုတ်ဝေနေရဆဲဖြစ်ပြီး ၎င်းတို့အနက်မှ စစ်အတွင်းခရီးသည် သည် အရောင်းရဆုံး စာအုပ်အဖြစ် ဆက်လက်တည်ရှိနေသည်။ ဤစာအုပ်ကို ဒေါက်တာ ရောဘတ် အိပ်(ချ်) တေလာ မှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။သူသည် ယောက်ျား ဂုဏ်ရည် ရုပ်ရှင်ကို ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့သည်။ သူသည် နဂါးနီစာအုပ်တိုက်တွင် အလုပ်လုပ်ခဲ့ပြီး ပြဇာတ်များစွာကို ရေးသားခဲ့သည်။
 
၁၉၅၈ ခုနှစ်တွင် သိန်းဖေမြင့်သည် ဗိုလ်တထောင် သတင်းစာကို တည် ထောင်ခဲ့သည်။ (သူသည် ၁၉၃၀ နှောင်းပိုင်းနှစ်များတွင် မြန်မာ့အလင်း သတင်းစာ၏ သတင်းထောက်ဟောင်း တစ်ဦးလည်းဖြစ်သည်။) ဗိုလ်ချုပ်ကြီး [[နေဝင်း]] ဦးဆောင်သော ဆိုရှယ်လစ်အစိုးရသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ၏ တစ်စိတ်တစ်ဒေသ အဖြစ် သူ၏ သတင်းစာကို ပြည်သူပိုင်သိမ်းခဲ့သော ၁၉၆၄ အထိ သူသည် လက်ဝဲဝါဒ လွှမ်းမိုးသော သတင်းစာ၏ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ <ref name="en_Thein_Pe_Myint"/> ထို့နောက် ၁၉၇၅ ထိ ဗိုလ်တထောင် သတင်းစာ (ပွင့်ပွင့်လင်းလင်း ပြောပါရစေ) ကဏ္ဍ၏ပင်တိုင်ဆောင်းပါးရှင် အဖြစ်လုပ်ကိုင်ရင်း ထိုနှစ် မေလတွင် သမ္မတကြီး ဦးနေဝင်း၏ လစာကိစ္စကို (လမ်းစဉ် ပါတီခေတ်တွင် အကြံပေး အဖွဲ့ဝင်ဖြစ်ပါလျက်) ပွင့်ပွင့်လင်းလင်း ကဏ္ဍမှ ရေးသားခဲ့ရာ ထိုစဉ်က ပြန်ကြားရေး ဝန်ကြီး ဦးလွင်က သူ့ကလောင်အားပိတ်၍ [[စာပေစိစစ်ရေး|စာပေစိစစ်ရေး]]ဌာန သည် ထုတ်ဝေမည့် စာမူများ အားလုံးကို ထုတ်တင် စနစ်မှ တင်ထုတ် စနစ်သို့ပြောင်းလဲကာ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့သည်မှာ ယနေ့တိုင်အောင် ဖြစ်သည်။ <ref name="သန်းဝင်းလှိုင် - သမိုင်းတကွေ့မှ သိန်းဖေမြင့်"/>
 
==မှတ်စု==
စာကြောင်း ၇၄ -
:D.{{note|d}}တက္ကသိုလ်​ကျောင်းသားဘဝကပင် ဦးသိန်းဖေမြင့်သည် စာပေဝါသနာထုံ၍ စာရေးဆရာအဖြစ် ပထမဆုံး ပုံနှိပ်ခံရသည့် ဆောင်းပါးမှာ ၁၉၃၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် သူရိယ သတင်းစာပါ “မန္တလေး အင်တာမီဒီးယိတ်ကောလိပ် ခေါ် ဥပစာကျောင်း၌ အပိုမြန်မာစာ သင်ပြပို့ချသင့်ကြောင်း” ဆောင်းပါးဖြစ်သည်။ ကလောင်အမည်ကို ‘ဝနေငဖေ (ဘုတလင်)’ ဟူ၍ ယူခဲ့သည်။ <ref name="သန်းဝင်းလှိုင် - သမိုင်းတကွေ့မှ သိန်းဖေမြင့်" />
:E.{{note|e}}ပထမဆုံး ပုံနှိပ်ဖော်ပြခံရသည့်ဝတ္ထုတိုမှာ ၁၉၃၃ ခုနှစ် စက်တင်ဘာလထုတ် ဒဂုန် မဂ္ဂဇင်းပါ ‘ခင်မျိုးချစ်’ ဝတ္ထုဖြစ်သည်။ ကလောင်အမည်ကိုလည်း ဝနေငဖေ (ဘုတလင်)ဟူ၍ပင် ပေးခဲ့သည်။<ref name="သန်းဝင်းလှိုင် - သမိုင်းတကွေ့မှ သိန်းဖေမြင့်" />
:F.{{note|f}}နဂါးနီ စာအုပ်တိုက် ဟူ၍ တိုးတက်သော စာပေများ၊ မာ့က်စ်ဝါဒဘာသာပြန်များ ဖြန့်ချိရန် လူငယ်တစု စတင်ကြံစည်စက ‘သိန်းဖေ’ ဟူသော နာမည်ရင်းဖြင့် ‘တက်ဘုန်းကြီး’ ဝတ္ထု ထွက်လာလေ၏။ ထိုအခါက ကိုသိန်းဖေမှာ ကာလကတ္တားတွင် အမ်အေတက်နေသည်ဟု သိရ၏။ <ref name="သန်းဝင်းလှိုင် - သမိုင်းတကွေ့မှ သိန်းဖေမြင့်" />
 
== ကိုးကား ==
{{Reflist2|refs=
 
<ref name="ထိန်လင်း - ဆရာ သိန်းဖေမြင့်၏ စာပေအရှိန်အဝါ"> [http://moemaka.blogspot.com/2009/01/htain-linn-thein-pe-myint.html | မိုးမခဘလော့ခ် - ဇန်နဝါရီ ၁၁၊ ၂၀၀၈] , ( ဆရာ သိန်းဖေမြင့်၏ စာပေအရှိန်အဝါ - ထိန်လင်း) </ref>
 
<ref name="သန်းဝင်းလှိုင် - သမိုင်းတကွေ့မှ သိန်းဖေမြင့်"> [http://moemaka.blogspot.com/2011/07/than-win-hlaing-thein-pe-myint.html | မိုးမခဘလော့ခ် - ဇူလိုင် ၂၁၊ ၂၀၁၁] , ( သမိုင်းတကွေ့မှ သိန်းဖေမြင့်-သန်းဝင်းလှိုင်) </ref>
 
<ref name="en_Thein_Pe_Myint"> [http://en.wikipedia.org/wiki/Thein_Pe_Myint| Thein Pe Myint],From en.wiki </ref>
 
}}
စာကြောင်း ၉၀ -
* [http://ci.nii.ac.jp/naid/110004668901/en/ People's Age People's Literature : Thein Pe Myint 1945〜49(Literacture)]
* [http://en.academic.ru/dic.nsf/enwiki/2982610 Thein Pe Myint]
 
 
 
 
[[Category:မြန်မာ အမျိုးသား စာရေးဆရာများ]]