နယူးဇီလန်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 189 interwiki links, now provided by Wikidata on d:q664 (translate me)
No edit summary
စာကြောင်း ၁ -
{{Infobox နိုင်ငံ
| နိုင်ငံအမည်အပြည့် = နယူးဇီလန်
| အမည်_ရင်း = Aotearoa (မောင်ရီဘာသာမောင်အိုရီဘာသာ)<br />New Zealand
| ပုံ_အလံ = Flag of New Zealand.svg
| ပုံ_တံဆိပ် = Coat of Arms of New Zealand.svg
စာကြောင်း ၅၇ -
နယူးဇီလန်သည် ပထဝီအနေအထားအရထူးခြားသည်။ တက်စ်မန်ပင်လယ်ခြား၍ ဩစတေးလျ၏ အရှေ့တောင်ဖက် ၂၀၀၀ ကီလိုမီတာ (၁၂၅၀ မိုင်) အကွာတွင် တည်ရှိသည်။ သူ၏ မြောက်ဖက်ရှိ အနီးဆုံးအိမ်နီးချင်းနိုင်ငံများမှာ နယူးကယ်လီဒိုးနီးယား၊ ဖီဂျီ နှင့် တုံဂါတို့ဖြစ်သည်။ သူ၏ ကာလကြာရှည်စွာ အထီးကျန်ရပ်တည်ခဲ့မှုကြောင့် နယူးဇီလန်တွင် ကွဲပြားခြားနား၍ ငှက်တို့ကြီးစိုးသော တိရိစ္ဆာန်မျိုးစုများရှိသော်လည်း အများစုမှာ လူတို့ရောက်ရှိ၍ လူတို့နှင့်အတူပါလာသော နို့တိုက်သတ္တဝါများ ရောက်ရှိလာပြီးသည့် နောက်တွင် မျိုးတုံးသွားခဲ့သည်။
 
နယူးဇီလန်တွင် နေထိုင်ကြသူအများစုမှာ ဥရောပမှ ဆင်းသက်လာသူများဖြစ်ပြီး အစကနဦးနေထိုင်သူ မောင်ရီမောင်အိုရီ လူမျိုးတို့မှာ လူနည်းစုလူမျိုးစုများအနက် ဦးရေအများဆုံးြဖစ်သည်။ အထူးသဖြင့် မြို့ကြီးများ၌ နေထိုင်သူများတွင် မောင်ရီများအပြင် အာရှသားနှင့် အခြားပိုလီနီးရှန်းများမှာလည်း ထင်ရှားသော လူမျိုးစုများဖြစ်သည်။ အဲလိဇဘက် ၂ သည် နယူးဇီလန်၏ ဘုရင်မဖြစ်ပြီး နိုင်ငံ၏ အကြီးအကဲလည်းဖြစ်သည်။ သူမအား ဘက်မလိုက်သော ဘုရင်ခံချုပ်က ကိုယ်စားပြုသည်။ ဘုရင်မသည် အကြီးအကဲဖြစ်သော်လည်း တိုင်းပြည်အုပ်ချုပ်ရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ ဘုရင်မသည် နိုင်ငံရေးအရ ဩဇာအာဏာမရှိပဲ သူမ၏ ရာထူးသည် ့ြပယုဂ်သာဖြစ်သည်။ နိုင်ငံ၏ အာဏာကို အစိုးရ၏ အကြီးအကဲဖြစ်သော ဝန်ကြီးချုပ်၏ ဦးဆောင်မှုအောက်တွင် ရှိပြီး ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးကောက်တင်မြောက်ထားသော နယူးဇီလန်ပါလီမန်က ချုပ်ကိုင်ထားသည်။
 
== အမည်ရင်းမြစ် ==
စာကြောင်း ၆၄ -
== သမိုင်း ==
=== ပိုလီနီးရှန်း အခြေချနေထိုင်သူများ ===
[[File:Polynesian Migration.svg|left|thumb|300px|မောင်ရီတို့သည်မောင်အိုရီတို့သည် အရှေ့ပိုလီနီးရှားမှ နယူးဇီလန်သို့ လာရောက် အခြေချကြပြီး သူတို့၏ရှည်လျားသော ပင်လယ်ခရီးစဉ်ကို ထိုနေရာတွင် အဆုံးသတ်ကြသည်။]]
နယူးဇီလန်နိုင်ငံသည် နောက်အကျဆုံး လူသားတို့ ရောက်ရှိနေထိုင်သည့် ကုန်းမြေများတွင် တစ်ခု အပါအဝင်ဖြစ်သည်။ ပထမဆုံး အခြေချနေထိုင်သူများဟု သိရှိရသူများမှာ အရှေ့ပိုင်းမှ ပိုလီနီးရှန်းများ ဖြစ်ပြီး သုတေသနပညာရှင် အများစုတို့၏ အဆိုအရ အေဒီ ၁၂၅၀-၁၃၀၀ ဝန်းကျင်ခန့်တွင် ကနူးလှေများဖြင့် ရောက်ရှိခဲ့သည် ဟု ဆိုကြသည်။ အချို့သော သုတေသနပညာရှင်တို့၏ အဆိုအရ အစောဆုံးရောက်ရှိနေထိုင်သူများမှာ အေဒီ ၅၀-၁၅၀ ခန့်တွင် ရောက်ရှိခဲ့ကြပြီး ထိုလူစုမှာ သေဆုံးသွားသည် သို့မဟုတ် ကျွန်းကို စွန့်ခွာသွားကြသည်ဟု ယူဆရသည်။ နောက်ထပ်ရာစုနှစ်များတွင် နောက်ဆုံးအခြေချ နေထိုင်သူများသည် ယခုအခါတွင် မောင်ရီဟု သိရှိကြသော ကွဲပြားခြားနားသည့် ယဉ်ကျေးမှု တစ်ခုကို တည်ထောင်ခဲ့သည်။ လူဦးရေကို အီဝီ(လူမျိုးစုများ) နှင့် ဟာပူ(လူမျိုးစုကွဲများ) ဟု နှစ်ပိုင်း ခွဲခြားနိုင်ပြီး ထိုနှစ်စုမှာ ပူးပေါင်းလုပ်ဆောင်ခြင်း၊ ပြိုင်ဆိုင်ခြင်းနှင့် တခါတရံတွင် အချင်းချင်း တိုက်ခိုက်ခြင်းများ ရှိတတ်သည်။ အချိန်ကာလ တစ်ခုတွင် မောင်ရီ အဖွဲ့တစ်ဖွဲ့သည် ချာသန်ကျွန်းများသို့ ပြောင်းရွှေ့ခဲ့ကြပြီး ထိုနေရာတွင် သူတို့သည် ကွဲပြားခြားနားသော မောရီ ယဉ်ကျေးမှု တစ်ခုကို ထူထောင်ခဲ့ကြသည်။
 
=== ဥရောပမှ စွန့်စားရှာဖွေသူများ ===
နယူးဇီလန်သို့ ပထမဆုံး ရောက်ရှိသည်ဟု ယုံကြည်ရသော ဥရောပသားများမှာ ၁၆၄၂ ခုနှစ်တွင် ရောက်ရှိခဲ့သော ဒတ်ချ်စွန့်စားရှာဖွေသူ အေဘယ်လ် ဂျန်ဇွန်း တက်စ်မန်း နှင့် သူ၏ သင်္ဘောသားများ ဖြစ်သည်။ မောင်ရီတို့သည်မောင်အုိရီတို့သည် သင်္ဘောသား ၄ ယောက်ကို သတ်ပစ်ခဲ့ကြပြီးနောက် ၁၇၆၈-၇၁ ခုနှစ်တွင် ဗြိတိသျှ စွန့်စားရှာဖွေသူ [[ကွတ်၊ ကက်ပတိန်|ဂျိမ်းစ်ကွတ်]] ရောက်ရှိလာသည့် အချိန်အထိ မည်သည့် ဥရောပသားမှ လာရောက်ခြင်း မရှိတော့ပေ။ ကွတ်ခ်သည် နယူးဇီလန်ကို ၁၇၆၉ တွင် ရောက်ရှိခဲ့ပြီး ကမ်းရိုးတန်း တစ်ခုလုံးကို မြေပုံဆွဲခဲ့သည်။ ကွတ်ခ် လာရောက်ပြီးသည့် နောက်တွင် ဥရောပနှင့် မြောက်အမေရိကမှ ဝေလငါးဖမ်း သင်္ဘောများ၊ ဖျံဖမ်း သင်္ဘောများနှင့် ကုန်သွယ်ရေး သင်္ဘောမျိုးစုံတို့ လာရောက်ခဲ့ကြသည်။ သူတို့သည် ဥရောပမှ သတ္တု ပစ္စည်းကိရိယာများနှင့် လက်နက်များကို မောင်ရီတို့၏ သစ်၊ အစားအသောက်၊ လက်မှုပစ္စည်းနှင့် ရေတို့ဖြင့် လဲလှယ်ကြသည်။ ရံဖန်ရံခါ ဆိုသလိုပင် ဥရောပသားတို့သည် ပစ္စည်းပေး၍ လိင်ကိစ္စကို ရယူကြသည်။
 
အာလူးနှင့် ပြောင်းချောသေနတ်တို့သည် ဥရောပသားတို့ မကြာခဏ ရောက်ရှိလေ့ရှိသည့် မြောက်ဖက်ပိုင်းမှ စတင်၍ တောင်ဖက်သို့ တဖြည်းဖြည်း ပျံ့နှံ့လာခဲ့ပြီး မောင်ရီတို့၏ လယ်ယာစိုက်ပျိုးရေးနှင့် စစ်ရေးတို့ကို ပြောင်းလဲစေခဲ့သည်။ အကျိုးဆက်အနေဖြင့် ၁၈၀၁ ခုနှစ်မှ ၁၈၄၀ အတွင်းတွင် တိုက်ပွဲပေါင်း ၆၀၀ ကျော်ဖြစ်စေခဲ့သော ပြောင်းချောသေနတ် စစ်ပွဲများ ဖြစ်စေခဲ့ပြီး လူပေါင်း ၃ သိန်းမှ ၄ သိန်း အထိ သေဆုံးစေခဲ့သည်။ ၁၉ ရာစုအတွင်းတွင် စတင်ဖြစ်ပွားခဲ့သော ရောဂါများမှလည်း မောင်ရီတို့၏ လူဦးရေကို ယခင်ထက် ၄၀ ရာခိုင်နှုန်းခန့် လျော့ကျ သွားစေခဲ့သည်။ ၁၉ ရာစု အစောပိုင်းမှ အစပြု၍ ခရစ်ယာန် သာသနာပြု တို့မှာ နယူးဇီလန်တွင် စတင်၍ အခြေချခဲ့ကြသည်။ သူတို့၏ အစပထမ ဦးတည်ရာမှာ လူ့အဖွဲ့အစည်း အတွင်းရှိ အုပ်ချုပ်သူတို့ကို ဆန့်ကျင်သူများသာ ဖြစ်သော်လည်း နောက်ဆုံးတွင် မောင်ရီ လူဦးရေ အတော်များများကို ခရစ်ယာန်ဘာသာသို့ ပြောင်းလဲ နိုင်ခဲ့သည်။