နဂါးပွက်တောင်: တည်းဖြတ်မှု မူကွဲများ
ရွှံ့မီးတောင်
Content deleted Content added
"'''နဂါးပွက်တောင်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် |
(ကွဲပြားမှု မရှိ)
|
၁၈:၁၇၊ ၂၁ ဇန်နဝါရီ ၂၀၁၅ ရက်နေ့က မူ
နဂါးပွက်တောင်သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တောင်ဘက် မိုင်ဝက်ခန့်အကွာတွင် တည်ရှိသည်။ ဘူမိပညာရှင်များအလိုအရ ရွှံ့မီးတောင်များ ဖြစ်ကြသည်။ နဂါးပွက်တောင်ဟု ခေါ်ဆိုကြသည့် ပင်မရွှံ့မီးတောင်ကြီးမှာ အမြင့်ပေ ၃၀ ခန့်၊ ထိပ်ဝ ၈ ပေခန့်ရှိသည်။ ထိပ်ဝမှာ ချိုင့်နေပြီး ၂ ပေခန့်ရှိသော ရွှံ့ရေဗွက်များက အသံမြည်ကာ ပွက်ဆူလျက်ရှိပြီး ဆင်ခြေလျှာအတိုင်း ပေ ၇၀ ခန့်အထိ စီးဆင်းကျလျက်ရှိသည်။[၁]
ကိုးကား
- ↑ တင်နိုင်တိုး (စက်တင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္စျိမစာပေ။ p. ၁၂၂။