ကျူဂါးဒင်းဥယျာဉ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 39 interwiki links, now provided by Wikidata on d:q188617 (translate me)
အရေးမကြီး add cat
စာကြောင်း ၂ -
 
== ကျူဂါးဒင်းဥယျာဉ် ==
အင်္ဂလန်ပြည်[[အင်္ဂလန်နိုင်ငံ]] ဆာရီနယ်အတွင်းရှိ ကျူးရွာတွင် ကျူးဂါးဒင်းခေါ် ကမ္ဘာကျော်ဘုရင့် ရုက္ခဗေဒ ဥယျာဉ် ရှိ၏။ ကမ္ဘာအရပ်ရပ်သို့ လှည့်လည်သူမှန်သမျှ ထိုနေရာသို့ ရောက်လျှင် ကျူးဂါးဒင်းသို့ သွားရောက်မကြည့်သူ မရှိချေ။ သို့ဖြစ်ရာ ကျူးဂါးဒင်းသည် ကြည့်ရှုသူများနှင့် အမြဲစည်ကားလျက် ရှိလေသည်။
တတိယဂျော့ဘုရင်၏ မယ်တော်သည် ကျူးနန်းတော်နှင့် ဆက်စပ်လျက်ရှိသော မြေ ၉ ဧကခန့်တွင် ဝီလျံ အိုက်တန် ဆိုသူအား ဥယျာဉ်ငယ်တစ်ခု ပြုစုပျိုးထောင်စေခဲ့ရာ နောင်တဖြည်းဖြည်း ပြုပြင်မွမ်းမံခြင်းဖြင့် မူလ ၉ ဧကမျှကျယ်သော ဥယျာဉ်ငယ်မှာ ဧက ၃ဝ အထိ ကျယ်ပြန့်လာလေသည်။
ထို့ပြင် ကမ္ဘာအရပ်ရပ်မှ အပင်အမျိုးမျိုးကို လိုလေသေး မရှိအောင် စုဆောင်းရှာဖွေလျက် အမျိုးမျိုးကြံဖန်ကာ စိုက်ပျိုးထားခဲ့သဖြင့် အံ့ဩဖွယ် ကောင်းလှသည်။ အထူးသဖြင့် ကျူးဂါးဒင်းသည် ဥယျာဉ်ပြုစုစိုက်ပျိုးရေးနှင့် စီးပွားဖြစ် စိုက်ပျိုးရေးဆိုင်ရာတို့၏ သုတေသနဌာနကြီးသဖွယ် ဖြစ်လာဖြစ်လာသည်။ ဂရင်းနစ် နက္ခတ် မျှော်စင်သည် နက္ခဗေဒပညာ အတွက် အကျိုးဆောင်ခဲ့သကဲ့သို့ ကျူးဂါးဒင်းသည်လည်း ရုက္ခဗေဒပညာအတွက် အကျိုးဆောင်ခဲ့သည်ဟု ဆိုကြသည်။ ကျူးဂါးဒင်းတွင် မျိုးပွားပြုစုပျိုးထောင်ပေးခဲ့၍ နယ်ပယ်သစ် များသို့ ယူဆောင်စိုက်ပျိုးစေခဲ့သော စီးပွားဖြစ်အပင်များမှာ ပေါင်မုံ့သီးပင်၊ နာနတ်ပင်၊ ငှက်ပျောပင်၊ လက်ဖက်ပင်၊ ကာဖီပင်၊ ကိုကိုးပင်၊ ကော်ဖတ်ပင်၊ လျှော်ထွက်အပင်များ၊ ဆိုးဆေးထွက်အပင်များ၊ ကွီနိုင်ပင် စသည်တို့ ဖြစ်လေသည်။ ကျူးဂါးဒင်းမှတစ်ဆင့် ၁၈၆ဝ ပြည့်နှစ်တွင် [[တောင်အမေရိကတိုက်]]မှ ကွီနိုင်ရရှိသော ဆင်ကိုနာပင်ကို အိန္ဒိယ သို့လည်းကောင်း၊ ကော်ဖတ်ပင်ကို ၁၈၇၅ ခုနှစ်တွင် မလ္လာယု ကျွန်းဆွယ်သို့လည်းကောင်း ယူဆောင်စိုက်ပျိုးခဲ့သည်။
သည်။ ဂရင်းနစ် နက္ခတ် မျှော်စင်သည် နက္ခဗေဒပညာ အတွက် အကျိုးဆောင်ခဲ့သကဲ့သို့ ကျူးဂါးဒင်းသည်လည်း ရုက္ခဗေဒပညာအတွက် အကျိုးဆောင်ခဲ့သည်ဟု ဆိုကြသည်။ ကျူးဂါးဒင်းတွင် မျိုးပွားပြုစုပျိုးထောင်ပေးခဲ့၍ နယ်ပယ်သစ် များသို့ ယူဆောင်စိုက်ပျိုးစေခဲ့သော စီးပွားဖြစ်အပင်များမှာ ပေါင်မုံ့သီးပင်၊ နာနတ်ပင်၊ ငှက်ပျောပင်၊ လက်ဖက်ပင်၊ ကာဖီပင်၊ ကိုကိုးပင်၊ ကော်ဖတ်ပင်၊ လျှော်ထွက်အပင်များ၊
ဆိုးဆေးထွက်အပင်များ၊ ကွီနိုင်ပင် စသည်တို့ ဖြစ်လေသည်။ ကျူးဂါးဒင်းမှတစ်ဆင့် ၁၈၆ဝ ပြည့်နှစ်တွင် တောင်အမေရိကတိုက်မှ ကွီနိုင်ရရှိသော ဆင်ကိုနာပင်ကို အိန္ဒိယ သို့လည်းကောင်း၊ ကော်ဖတ်ပင်ကို ၁၈၇၅ ခုနှစ်တွင် မလ္လာယု ကျွန်းဆွယ်သို့လည်းကောင်း ယူဆောင်စိုက်ပျိုးခဲ့သည်။
 
 
ဥယျာဉ်အတွင်း၌ သီးပင်၊ ပွင့်ပင်၊ ရွက်လှပင်၊ ရှားစောင်းပင်၊ နွယ်ပင်၊ ကျောက်ပန်းပင်၊ သစ်ခွပင်မှ စ၍ အပင်မျိုးပေါင်း ၄ဝဝဝဝ ကျောက်ကို အမျိုးအစားခွဲခြား၍ စိုက်ပျိုးထားလေသည်။ သို့ဖြစ်၍ ရာသီလိုက် ပွင့်သော ပန်းပင်များပင် ကြည့်ရှု၍မကုန်နိုင်အောင် များလှသည်။
 
 
ရာသီဥတု၊ မြေမျိုးစသည့် မတူကွဲပြားသော အရပ်ဒေသများမှ ယူဆောင်ခဲ့သော အပင်များကို မှန်အမိုးအကာအိမ်များအတွင်း မူလယူဆောင်ခဲ့ရာ ဒေသ၏ ရာသီဥတုမြေမျိုး စသည်တို့နှင့် တူညီအောင် ဖန်တီး၍ ပြုစုစိုက်ပျိုးထားသဖြင့် ရာသီအလိုက် ပွင့်သီးလျက် ရှိလေသည်။ ထိုအိမ်များအပြင် စာကြည့်တိုက်၊ ပြတိုက်များနှင့် ရုက္ခဗေဒဆိုင်ရာ လက်တွေ့စမ်းသပ်ခန်းလည်း ရှိ၏။ ကမ္ဘာအရပ်ရပ်မှ အပင်အမျိုးမျိုးကို ရှာဖွေစုဆောင်း၍ တာရှည်ခံစေရန် ဆေးစိမ်၍ ပြတိုက်တွင် ထားသည်။ ဆေးစိမ်ထားသောအပင်အမျိုးပေါင်း ငါးသန်းကျော်မျှရှိ၍ ထိုအပင်သေပြတိုက်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်သည်ဟု ဆိုကြသည်။ ဝိတိုရိယဘုရင်မကြီးသည် ကျူးဂါးဒင်းကို တိုင်းသူပြည်သားတို့အား ၁၈၄ဝ ပြည့်နှစ်တွင် လွှဲအပ်ခဲ့ လေသည်။
Line ၁၆ ⟶ ၁၂:
== ကိုးကား ==
<references/>
 
[[Category:ရုက္ခဗေဒဥယျာဉ်]]
[[Category:အင်္ဂလန်နိုင်ငံ]]