နု၊ ဦး: တည်းဖြတ်မှု မူကွဲများ

→‎လွတ်လပ်ရေး: Added more info about the protest and his help in `ဖေဘီယံ` party.
စာကြောင်း ၅၄ -
== နိုင်‌ငံရေးဘဝ ==
=== လွတ်လပ်ရေး ===
သူ၏ နိုင်‌ငံရေးဘဝသည် [[တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ|ရန်‌ကုန်‌တက္ကသိုလ်‌ ကျောင်းသားများ သမဂ္ဂ]] ဥက္ကဌ တာဝန်‌ကို ရယူခဲ့ချိန်မှ စတင်‌ခဲ့သည်‌။ ထိုအချိန်တွင် [[အောင်ဆန်း|ဗိုလ်ချူပ်အောင်ဆန်း]]မှာ သမဂ္ဂ၏ အတွင်းရေးမှုးဖြစ်ခဲ့သည်။ သူတို့နှစ်ဦးစလုံးသည် သမဂ္ဂတွင်ပါသော ဆောင်းပါးတစ်ပုဒ်ကြောင့် ကျောင်းမှထုတ်ပစ်ခြင်းခံခဲ့ရပြီး ထိုကိစ္စကြောင့် ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလတွင် ဒုတိယအကြိမ်ကျောင်းသားသပိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ သူတို့နှစ်ဦးစလုံးသည်ကျွန်ပညာကို အလိုမရှိဟူသော သဘောဖြင့် ဘီအေဘွဲ့ကို ြပန်အပ်ခဲ့သည်။ ၁၉၃၇ခုနှစ်တွင် သတင်းဆရာ ဦးဘခိုင်၊ [[ဘချို၊_ဦး_(ဒီးဒုတ်)|ဒီးဒုတ်ဦးဘချို]တို့ ဖွဲ့စည်းထားသော [[ဖေဘီယံ]] နိုင်ငံရေးပါတီတွင် ဝင်ရောက်ကူညီခဲ့သည်။ ဦးနုနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့သည် ၁၉၃၀ ခုနှစ်က ဖွဲ့ခဲ့သော [[တို့ဗမာအစည်းအရုံး]] အဖွဲ့ဝင်များ ဖြစ်လာကြပြီး သူတို့၏ နာမည်ရှေ့တွင် 'သခင်' ဟူသော ဂုဏ်ပုဒ်ကို တပ်ခဲ့ကြသည်။ မိမိတို့နိုင်ငံတွင် မိမိတို့သာ သခင်များဖြစ်ကြောင်း ပြယုဂ် အဖြစ် တပ်ခြင်း ဖြစ်သည်။ ၁၉၄၈ ခုနှစ် တွင် လွတ်လပ်ရေးရပြီး နှစ်အနည်းငယ်အထိ သခင်တပ်ခြင်းကို ဆက်ထိမ်းပြီး ၁၉၅၂ ခုနှစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီး ဖြစ်၍ ‘[[ရဲဘော်သုံးကျိပ်|သခင်]]’ ဟုအမည်ရှေ့တွင် တတ်ရန် မလိုတော့သည့်အတွက် ‘[[သခင်]]’ကို မသုံးတော့ပဲ ဦးနုဟုသာပြန်လည်သုံးနှုန်း စေခဲ့သည်။ ၁၉၃၇ ခုနှစ်က သခင်သန်းထွန်းနှင့် အတူ ‘နဂါးနီ’ စာပေတိုက်ကို ပူးတွဲထူထောင်ခဲ့ပြီး ၎င်းပါတီသည် နောင်တွင် ဆိုရှယ်လစ်ပါတီ ဖြစ်လာသည်။ ထို့နောက် ပေါင်းစည်းထားသည့် အဖွဲ့အစည်းဖြစ်သည့် ဖက်ဆစ်တော်လှန်ရေးပြည်သူ့လွတ်လပ်ရေး (ဖဆပလ) အဖွဲ့ကြီးကိုပါ ပူးတွဲထူထောင်ခဲ့ပြီး ၁၉၄၀ ပြည့်လွန်နှစ်များဝန်းကျင်ကတည်းက [[ဂျပန်နိုင်ငံ|ဂျပန်]]နှင့် [[ဗြိတိန်နိုင်ငံ|ဗြိတိသျှ]]တို့၏ သိမ်းပိုက်မှုလက်အောက်မှ ရုန်းထွက်ရန် ဆော်ဩတိုက်တွန်းခဲ့ကြသည်။ ကိုလိုနီအစိုးရ၏ ၁၉၄၀ ပြည့်နှစ်တွင် [[သခင်စိုး]]၊ [[သခင်သန်းထွန်း]]၊ [[ဦးကျော်ငြိမ်း]]၊ [[ဒေါက်တာဘမော်]] တို့နှင့်အတူ ထိန်းသိမ်းခြင်းခံခဲ့ရသည်။ ၁၉၄၇ ခုနှစ် [[၁၉ ဇူလိုင်|ဇူလိုင် ၁၉]] ရက်တွင် စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင် ဗိုလ်ချူပ်[[အောင်ဆန်း]]နှင့် တကွ ကက်ဘိနက်အဖွဲ့ဝင်များ လုပ်ကြံခြင်းခံရပြီးနောက် ၁၉၄၇ ခုနှစ် အောက်တိုဘာလတွင် [[ဗြိတိသျှဝန်ကြီးချူပ်]] ကလဲမင့်အက်တလီနှင့် အတူ လွတ်လပ်ရေးသဘောတူညီမှုစာချူပ် (နု-အက်တလီ စာချူပ်) ကို ဦးနုဦးဆောင်သည့် ဖဆပလအဖွဲ့ကြီးက လက်မှတ်ရေးထိုးခဲ့သည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု ခေတ်အတွင်း ထင်ရှားခဲ့ကြသောဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ခေါင်းဆောင်များတွင် [[ဗိုလ်ချုပ်အောင်ဆန်း]] ၊ ဦးနု၊ [[ကိုဗဟိန်း]]၊ [[ဦးဗဆွေ]] ၊ [[မြို့မ-ဦးသန်းကြွယ်]]၊ သူရိယ ဦးသန်းမောင်၊ ဒေါက်တာ[[သန်းထွန်း]]၊ အာဏာရှင် လှရွှေ တို့ပါဝင်ကြသည်။
 
=== ပါလီမန်ခေတ် ===