မဟာပါသဏလိုဏ်ဂူတော်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး merge & cat
စာကြောင်း ၁ -
[[File:Mahapasana Guha Cave, Yangon.JPG|thumb|မဟာပါသဏလိုဏ်ဂူတော်ကြီး]]
== ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်း==
[[File:Chattha Sangāyana.jpg|thumb|ဆဋ္ဌသင်္ဂါယနာတင် ကျင်းပနေပုံ]]
== သမိုင်းကြောင်း ==
မဟာပါသဏလိုဏ်ဂူတော် တည်​ဆောက်​ရေး​အတွက် ပထမအကြိမ် အစည်း​အ​ဝေး​ကို ၁၉၅၃ ခုနှစ်၊​ ဇန်နဝါရီလ ၁၀ ရက်​နေ့​တွင် [[ကမ္ဘာ​အေး​စေတီ]] ဓမ္မာရုံတွင် ကျင်း​ပခဲ့​သည်။ ထိုအစည်း​အ​ဝေး​တွင် နိုင်ငံ​တော် ဝန်ကြီး​ချုပ် [[နု၊ ဦး|ဦး​နု]]၏ ဆန္ဒအရ မီး​သတ်ညွန်ကြား​ရေး​ဝန် ဦး​လှ​ကျော်သည် ​ကျောက်လှိုဏ်ဂူ​တော် ဖြစ်​မြောက်​ရေး​အတွက် ရွှံ့​ပုံစံတစ်ခု ပြုလုပ်တင်ပြ​စေခဲ့​သည်။ ထို့​နောက် ၁၉၅၃ ခု၊​ ဒီဇင်ဘာလ ၂၃ ရက်​နေ့​တွင် ဦး​လှ​ကျော်တင်ပြ​သော လှိုဏ်ဂူနမူနာပုံစံကို ကြည့်​ရှုသ​ဘောတူကြပြီး​နောက် လှိုဏ်ဂူ​တော်ကြီး​ တည်​ဆောက်​ရေး​လုပ်ငန်း​များ​ကို ချက်ချင်း​ စတင်​ဆောင်ရွက်နိုင်ရန် ဦး​လှ​ကျော်အား​ တာဝန်​ပေး​အပ်ခဲ့​သည်။
 
== တည်ဆောက်ရေးလုပ်ငန်း ==
(၁) အကြောင်းခံ သာသနာထွန်းကားရာ မြန်မာနိုင်ငံသည် တစ်ပါးသော ဘာသာဝင်တို့၏ သူ့ကျွန်ဘဝရောက်ခဲ့ပြီး နှစ်(၁၀ဝ)ခန့် သာသနာညှိုးနွမ်းမှုအပေါ် အကြောင်း ခံပြီးသာသနာနှစ် (၂၄၉၈) နှစ်တွင် သင်္ဂါယနာတင်ခဲ့ရသည်။
လှိုဏ်ဂူ​တော်ကြီး​ တည်​ဆောက်ရာတွင် အဖွဲ့​ခွဲနှစ်ဖွဲ့​ကို ဖွဲ့​စည်း​၍ လုပ်ငန်း​ကို စတင်​ဆောင်ရွက်ခဲ့​သည်။ ယင်း​အဖွဲ့​ခွဲနှစ်ဖွဲ့​မှာ
*ဘဏ္ဍာ​ရေး​အဖွဲ့​ နှင့်
*ပစ္စည်း​ရှာ​ဖွေ​ရေး​နှင့်​ လုပ်ငန်း​ဆောင်ရွက်​ရေး​အဖွဲ့​ တို့​ ဖြစ်သည်။
ထိုအဖွဲ့​ခွဲနှစ်ခု၏ တာဝန်ဝတ္တရား​များ​မှာ လိုဏ်ဂူ​တော်ကြီး​ အတွက် လိုအပ်​သော ပစ္စည်း​များ​နှင့်​ လုပ်ငန်း​ဆောင်ရွက်ရာတွင် ထိန်း​သိမ်း​ရေး​ကို ပစ္စည်း​ရှာ​ဖွေနှင့်​ လုပ်ငန်း​ဆောင်ရွက်​ရေး​အဖွဲ့​ခွဲက တာဝန်ယူ၍ ​ဆောင်ရွက်သည်။ လိုဏ်ဂူ​တော်ကြီး​၏ ဘဏ္ဍာ​ရေး​ထိန်း​သိမ်း​မှုတို့​ကိုမူ အထက်ပါ ဘဏ္ဍာ​ရေး​အဖွဲ့​ခွဲက တာဝန်ယူ ​ဆောင်ရွက်ခဲ့​သည်။ လိုဏ်ဂူ​တော်ကြီး​တည်​ဆောက်မည့်​နေရာသည် မူလက ​ရော်ဘာခြံကြီး​ဖြစ်သည့်​ အတွက် ​ရှေး​ဦး​စွာကုန်း​မြေကို သုတ်သင်ရှင်း​လင်းခဲ့သည်။ ထိုကုန်းမြေကြီး​ကို ရှင်း​လင်း​သုတ်သင်ပြီး​ ပန္နက်တင် မင်္ဂလာ မကျင်း​ပမီ ရန်ကုန်မြို့​ ဘုရား​ကြီး​တိုက်ဆရာ​တော် အရှင်​ကောဏ္ဍညအမှူး​ပြု၍ သံဃာ​တော်အပါး​ ၅၀ဝ တို့​သည် ၃ ရက်တိုင်တိုင် ည​နေတိုင်း ၅ နာရီ အချိန်မှ အစပြု၍ ပရိတ်​တော်မြတ်များ​ ရွတ်ဖတ်ခြင်း​၊​ သိမ်နုတ်ခြင်း​ စသည့်​ ကိစ္စများ​ကို ​ဆောင်ရွက်ခဲ့​ကြသည်။
 
ထို့​အပြင် သီရိမဂင်လာပရိတ်​တော်အဖွဲ့​မှ မဟာသီရိသုဓမ္မဦး​မြနှင့်​ သာသနာညွှန်ကြား​ရေး​ဝန် ဦး​ကြီး​ဖေတို့​ကလည်း​ ပရိတ်​တော် ၃၁ သုတ်ကို ရွတ်ဖတ်သရဇ္ဈယ်ကြသည်။ လိုဏ်ဂူ​တော်ကြီး​ကို ၁၉၅၄ ခုနှစ်၊​ ဇန်နဝါရီလ ၁၅ ရက်​နေ့​၊​ နံနက် ၈ နာရီတွင် နိုင်ငံ​တော်ဝန်ကြီး​ချုပ်နှင့်​ တကွ နိုင်ငံ​တော် ဗုဒ္ဓသာသနာ အဖွဲ့​ဝင်တို့​က အရပ်ရှစ်မျက်နှာ ၌ တစ်ပြိုင်နက် ပန္နက်ရိုက်ခဲ့​သည်။ လိုဏ်ဂူ​တော်ကြီး​ကို ဦး​ဆောင်တည်​ဆောက်သူမှာ ဦး​လှ​ကျော်ဖြစ်သည်။ စတင်တည်​ဆောက်သည့်​ ၁၉၅၄ ခု၊​ ​ဖေ​ဖော်ဝါရီလ ၄ ရက်​နေ့​မှ စ၍ ၁၉၅၄ ခု၊​ ​မေလ ၁၀ ရက်​နေ့​အထိ ​နေ့​စဉ်ပျမ်း​မျှ အရာရှိ အရာခံ အမှုထမ်း​ အလုပ်သမား​ပေါင်း ၈၄၈၆ ယောက် ပါဝင် လုပ်ဆောင်ခဲ့​ကြသည်။ ၁၉၅၄ ခုနှစ်​ ​မေလ ၁၂ ရက်​နေ့​တွင် ပြီး​စီး​ခဲ့​သည်။ လိုဏ်ဂူ​တော်ကြီး​တည်​ဆောက်ရာ ကုန်ကျစရိတ်မှာ စုစု​ပေါင်း ၉၁ သိန်း​ကျော် ဖြစ်သည်။
(၂) သာသနာနှစ် (၂၄၉၈) နှစ်
 
== ပုံသဏ္ဌာန် ==
(၃) နေရာ မြန်မာနိုင်ငံ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ
လိုဏ်ဂူ​တော်ကြီး​ တည်​ဆောက်ရာတွင် သံပေါင်ကွန်ကရစ်များ​ဖြင့်​သာ အမာခံ တည်​ဆောက်ထား​သည်။ လိုဏ်ဂူ​တော်ကြီး​ ကို ပထမ သင်္ဂါယနာတင်၍ ရာဇဂြိုလ်ပြည် စရည်း​ပင် ​ရောက်ရာ လိုဏ်ဂူ​တော်ကြီး​ကို ပုံစံထား​၍ ​ဆောက်လုပ်ခဲ့​သည့်​ အတိုင်း​ အပြင်ဘက်မှ ကြည့်​လျင် ​ကျောက်​တောင်ကြီး​ကဲ့​သို့​ မှတ်ထင်ရသည်။ အတွင်း​သို့​ ဝင်ကြည့်​ပါက ​ကျောက်​တောင်ကြီး​မှာ သီး​သန့်​ ပန္နက်​ပေါ်တွင် တည်​နေသည်ကို ​တွေ့​မြင်နိုင်သည်။ လိုဏ်ဂူ​တော်ကြီး​၏ အပြင်ဘက် ဝန်း​ကျင်မှာ အလျား ၄၅၅ ပေ၊​ အနံ​ပေ ၃၇၀ ​ပေ ရှိသည်။ အတွင်း​ဘက်မှာမူ အလျား​ပေ ၂၂၀ ပေ၊​ အနံ​ပေ ၁၄၀ ပေ မျှရှိသည်။ ​ခြောက်ကြိမ်​မြောက် သင်္ဂါယနာတင်သည့်​ အထိမ်း​အမှတ်အဖြစ်ဖြင့်​ ဝင်ပေါက်ကြီး​ (တံခါး​ပေါက်) ​ခြောက်​ပေါက်နှင့်​ တိုင်ကြီး​ ​ခြောက်တိုင်ရှိသည်။ တိုင်တစ်တိုင်စီလျင် ၅၅ ​ပေ အမြင့်​ရှိသည်။ ရတနာသုံး​ပါး​ကို ရည်စူး​လျက် အတွင်း​ နံရံအား​ ​ဖောက်ထွင်း​၍ ​ဖောက်ထွင်း​ထား​သည့်​ အ​ပေါက် သုံး​ဆင့်​မျှ ရှိသည်။ တစ်ဖန် အ​ပေါက်ရှိရာ နံရံ တစ်ထစ် တစ်ထပ် လျှင် ပဌာန်း​ ၂၄ ပစ္စည်း​တို့​ကို ရည်စူး​လျက် အခန်း​ပေါင်း ၂၄ ခန်း​ရှိသည်။ ကမ္မဌာန်း​ ​ကျောက်ဂူ ၂၅ ခန်း​၊​ သံပြတင်း​ပေါက် ၆၂ ​ပေါက် တို့​ဖြင့်​ တည်​ဆောက်ထား​သည်။ ထို့​အပြင် မျက်နှာကျက်နှင့်​ အ​ပေါ်ဆုံး​ ​လေစုပ်​ပေါက်များ​နှင့်​ ဓမ္မစကြာ တံဆိပ်​တော်ဖြင့်​ ဝန်း​ရံအုပ်ခြုံထား​သည်။
 
လိုဏ်ဂူ​တော်ကြီး​ကို ပတ်၍ သွား​ရန် ၈ ​ပေ အကျယ်ရှိ​သော အတွင်း​လိုဏ်ဂူလမ်း ၂ ထပ်ရှိ၍ လိုဏ်ဂူ​တော်ပတ်သည့်​ လမ်း​နှစ်ထပ် ရှိသည်။ လိုဏ်ဂူ​တော်ကြီး​၏ ​မြောက်ဘက်အတွင်း​တွင် အထပ်​လေး​ထပ် ရှိ၍ ထိုအထပ်​လေး​ထပ် အ​ပေါ်ဆုံး​ ဘုရား​ရင်ပြင်​တော်နှင့်​ အများ​ပူ​ဇော်နိုင်ရန် ဆင်း​တု​တော် (ရုပ်ပွား​တော်) တစ်ဆူရှိသည်။ လိုဏ်ဂူ​တော်​ပေါ်သို့​တက်နိုင်ရန် အပြင်​ကျောက်လမ်း​၊​ အ​ရှေ့​၊​ အ​နောက်မှ ​ကျောက်လမ်း​နှစ်ခု ဖန်တီး​ထား​သည်။ ထို့​အပြင် အတွင်း​ လမ်း​ပေါ် ​တောင်ဘက်မှ ​လှေကား​နှစ်ဆင့်​ ၊​ ​မြောက်ဘက်မှ ​လှေကား​တစ်ဆင့်​ အပြင် ဓာတ်​လှေကား​တစ်ခုလည်း​ တပ်ဆင်ထား​သည်။ လိုဏ်ဂူ​တော်ကြီး​၏ မျက်နှာကျက်နှင့်​ နံရံများ​တွင်လည်း​ အသံထိန်း​သည့်​ အရာဝတ္ထုပစ္စည်း​များ​ဖြင့်​ တည်​ဆောက်ထား​သည်။
(၄) ခေါင်းဆောင် ညောင်ရမ်းဆရာတော်အရှင်ရေဝတ၊ မဟာစည်ဆရာတော်အရှင်သောဘဏ၊ မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာ ဘိဝံသ
 
== အတွင်းဖက် ==
(၅) သံဃာဦးရေ ရိုးရိုးရဟန်းပေါင်း (၂၅၀ဝ)
ထိုလိုဏ်ဂူ​တော်ကြီး​ အတွင်း​နံရံ ပတ်လည်တွင် အံ့​ဖွယ်ရှစ်ဖြာ ဗုဒ္ဓသာသာနာ စာတမ်း​ ပိုစတာ ၈ ချပ် ကပ်ထား​သည်။ ယင်း​တို့​မှာ -
*​ဝေလာတိက္ကမသာသနာ
*အနုပုဗ္ဗသိက္ခာသာသနာ
*မဟန္တဝါသသာသနာ
*ဧကနာမသာသနာ
*အနုပုရသာသနာ
*ဧကရသသာသနာ
*ရတနာကရသာသနာ
*ဒုသီလသက္ခိပနသာသနာ တို့​ဖြစ်သည်။
 
၎င်းတို့​အပြင် သာမ​ဏေပဋိရူပ ၆ ပါး​၊​ ပိုစတာ ​ခြောက်ချပ်တို့​ကို ချိတ်ဆွဲထား​သည်။ ယင်း​တို့​မှာ -
(၆) မင်း ဖဆပလဦးနု အစိုးရ
*ပထမ သာမဏ ပဋိရူပ
*ဒုတိယသာမဏ ပဋိရူပ
*တတိယ သာမဏ ပဋိရူပ
*စတုတ္ထသာမဏ ပဋိရူပ
*ပဉ္စမ သာမဏ ပဋိရူပ
*ဆဋ္ဌသာမဏ ပဋိရူပ
*အလဇ္ဇီပုဂ္ဂိုလ်လက္ခဏာ တို့​ဖြစ်သည်။
 
''ရဟန်း​ပြုရခြင်း​ ရည်ရွယ်ချက် ဘယ်အခါမဆို ရဟန္တာဖြစ်နိုင်သည်။'' ''သာသနာ​တော်၏ အသက်၊​ အနာဂ​တေလဇ္ဇီရက်ခတ်မြဲ ဆရာ ရှိသည်။'' ''ပစ္ဆိမဗုဒ္ဓသဓန'' စ​သော စာတမ်း​များ​ကိုလည်း​ ချိတ်ဆွဲထား​သည်။ လိုဏ်ဂူ​တော်အတွင်း​တွင် အသီတိရှစ်ကျိပ် ရဟန္တာပုံ​တော် (ယခု ရုပ်တု​တော်) များ​ကိုလည်း​ ​တွေ့​နိုင်သည်။
ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝ နှစ် (၁၀ဝ)ခန့် ကြာမြင့်ခဲ့ပြီး သာသနာတော် လွန်စွာညှိုးနွမ်းလာခဲ့သည်။ သူ့ကျွန်ဘဝမှ လွတ်မြောက်လာသည်နှင့် သာသနာနှစ် (၂၄၉၈) နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ရသည်။
 
== အပြင်ဖက် ==
- ညောင်ရမ်းဆရာတော်၊ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်များ ဦးဆောင်သော ရဟန်း (၂၅၀ဝ) တွင် ထေရဝါဒနိုင်ငံများဖြစ်သော မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ နိုင်ငံ (၅) နိုင်ငံမှ ရဟန်းများ ပါဝင်သော သံဃာထု၊
လိုဏ်ဂူ​တော် အပြင်ပတ်လည်၌ ​ဗောဓိပင် ၂၈ ပင်တို့​ကိုလည်း​ စိုက်ပျိုး​ထား​သည်။ လိုဏ်ဂူ​တော် ၏ အပြင်ပတ်လည်တွင် ထိုး​စည် ၁၀၈ လုံး​နှင့်​ အမြင့် ၇ ​ပေ ရှိ​သော ​ခေါင်း​လောင်း​တော်ကြီး ၆ လုံး​ရှိသည်။ လိုဏ်ဂူ​တော်ကြီး​ကို ၁၉၅၄ ခု၊​ ​မေလ ၁၀ ရက်​နေ့​တွင် ပြီး​စီး​၍ နိုင်ငံ​တော် ဗုဒ္ဓသာသနာအဖွဲ့​၏ ဥက္ကဋ္ဌ ဖြစ်​သော ဆရာဦးသွင်ထံသို့​ အပ်နှံခဲ့​သည်။ လိုဏ်ဂူ​တော်ကြီး​ကို ‘ဆဋ္ဌသင်္ဂါတိမဟာပါသာဏ ဂုဟာ’ဟု အမည်​ပေး​ခဲ့​သည်။ ထို့​နောက် ၁၉၅၄ ၊​ ​မေ ၁၇ တွင် [[ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်း|ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မ သဘင်]] ဖွင့်​ပွဲအခမ်း​အနား​ ကျင်း​ပသည့်​ ၁၉၅၄ ၊​ ​မေ ၂၁ တွင် ကမ္ဘာ​အေး​ကုန်း​မြေ မဟာသာသနလိုဏ်ဂူ​တော်ကြီး​အတွင်း​၌ ​ထေရဝါဒ ငါး​နိုင်ငံမှ ဆရာ​တော် သံဃာ​တော် ၂၅၀ဝ တို့​က စု​ဝေး​တော်မူကြကာ ဆဋ္ဌသင်္ဂါယနာတင်​တော်မူခဲ့​လေသည်။ မြတ်စွာဘုရား​၏ ဓမ္မဝိနယ​ဒေသနာ​တော်များ​ကို နှစ်နှစ်ကြာ [[သင်္ဂါယနာ]]တင်ခဲ့​ရာ ၁၉၅၆ ၊​ ​မေ ၁၉ တွင် ​အောင်မြင်စွာ ပြီး​စီး​ခဲ့​လေသည်။
 
- ဖဆပလ ဦးနုအစိုးရဦးဆောင်သော မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသောထု (၃) ထု ပူးပေါင်းဆောင်ရွက်ပြီး ယခင် ပိဋကတ်တော် များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူ ဖတ်မှတ်လေ့လာနိုင်ရန် ပိဋကတ်တော်များကို စာအုပ်များပေါ်တွင် ကူးပြောင်းရိုက်နှိပ်ပြီး ဆဋ္ဌမ အကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်။
 
- ယခုအချိန်တွင် ဗုဒ္ဓသာသနာတော်ပိဋကတ် (၃) ပုံစလုံးသည် စာအုပ်များပေါ်တွင် ရောက်ရှိလာပြီဖြစ်သဖြင့် မည်သည့်ပုဂ္ဂိုလ်မဆို နေရာမရွေး အချိန်မရွေး အလွယ်တကူဖတ်မှတ် လေ့လာနိုင်လာပြီး သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေးအတွက်လည်း အထူးအရေးပါလှပေသည်။
 
== တရုတ်နိုင်ငံမှဗုဒ္ဓမြတ်စွယ်တော်ပင့်ဆောင်ပူဇော်မှုမှတ်တမ်း ==
Line ၃၈ ⟶ ၅၉:
=== တတိယအကြိမ် ===
=== စတုတ္ထအကြိမ် ===
မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် ပင့်ဆောင်သည့် တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်သည် နေပြည်တော် ဥပ္ပါတသန္တိစေတီလိုဏ်ဂူတော်တွင်[[ဥပ္ပါတသန္တိစေတီ]]လိုဏ်ဂူတော်တွင် ၁၅ ရက်၊ [[ရန်ကုန်မြို့]] ကမ္ဘာအေးကုန်းမြေ မဟာပါသဏလိုဏ်ဂူတော်တွင် ၁၅ ရက်၊ [[မန္တလေးမြို့]] မဟာအတုလေဝယန်(အတုမရှိ) ကျောင်းတော်ကြီးတွင် ၁၅ရက်၊ စုစုပေါင်း(၄၅)ရက် အပူဇော်ခံမည်ဖြစ်ပြီး အပူဇော်ခံကာလ ပြည့်မြောက်သည့်အခါတွင် မန္တလေးမှ ဗုဒ္ဓမြတ်စွယ်တော်၏ မူလကိန်းဝပ်စံပယ်တော်မူရာဖြစ်သည့် [[တရုတ်ပြည်သူ့သမ္မတနိုင်ငံ]] ပေကျင်းမြို့ရှိ[[ပေကျင်းမြို့]]ရှိ ကွမ်ကျီးဘုရားကျောင်းသို့ ပြန်လည်ပင့်ဆောင်သွားမည်ဖြစ်သည်။ ဗုဒ္ဓမြတ်စွယ်တော်သည် တရုတ်နိုင်ငံအတွက် အလွန်တန်ဖိုးထား အလေးအနက် ထားသည့် အတွက် မြန် မာနိုင်ငံသို့မြန်မာနိုင်ငံသို့ ပင့်ဆောင်နိုင်ရန်အတွက် လုံခြုံရေးအာမခံချက်ပေးပြီး စာချုပ်ချုပ်ဆို ပင့်ဆောင်ရခြင်းဖြစ်ကြောင်း Eleven Media Media Group တွင်ဖော်ပြထားသည်။ <ref>http://www.news-eleven.com/index.php?option=com_content&view=article&id=10866:2011-11-06-19-41-30&catid=42:2009-11-10-07-36-59&Itemid=112</ref>
 
== ဆက်စပ်ဖတ်ရှုရန် ==
== *[[ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်း==]]
 
== ကိုးကား ==
{{reflist}}
 
<br />
[[Category:ဗုဒ္ဓဘာသာ]]
[[Category:ရန်ကုန်မြို့]]
<br />