ဖိုးပါကြီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၁ -
[[File:kyin02.jpg|thumb|ဖိုးပါကြီး]]
အမျိုးသား ရုပ်ရှင် လုပ်ငန်းကြီးတွင် ရွှေရတုခေတ်မှသည် စိန်ရတုခေတ် အထိ ဝဏ္ဏကျော်ထင် အကယ်ဒမီ နှစ်ထပ်ကွမ်း ဟာသဟာသထိပ်သီး ဖိုးပါကြီး အဖြစ် ထင်ရှားလာမည့် သူကို မြောင်းမြမြို့ ကြေးတိုင် အင်စပက်တော် ဦးစံဖေ၊ ဒေါ်လှတို့၏ သားဖြစ်ရာ မွေးချင်းသုံးယောက် အနက် ဒုတိယ မြောက်သား ဖြစ်ပြီး မွေးသက္ကရာဇ်မှာ ၁၂၇၉ ခုနှစ် ဖြစ်၏။ ငယ်စဉ်က သူ့ကို အပါဟု ခေါ်ခဲ့ကြပြီးနောက် မောင်ညွန့်လှိုင် ဟုခေါ်ကြသည်။
ထိပ်သီး ဖိုးပါကြီး အဖြစ် ထင်ရှားလာမည့် သူကို မြောင်းမြမြို့ ကြေးတိုင် အင်စပက်တော် ဦးစံဖေ၊ ဒေါ်လှတို့၏ သားဖြစ်ရာ မွေးချင်းသုံးယောက် အနက် ဒုတိယ မြောက်သား ဖြစ်ပြီး မွေးသက္ကရာဇ်မှာ ၁၂၇၉ ခုနှစ် ဖြစ်၏။ ငယ်စဉ်က သူ့ကို အပါဟု ခေါ်ခဲ့ကြပြီး နောက်မောင်ညွန့်လှိုင်ဟု ခေါ်ကြသည်။
 
 
Line ၁၀ ⟶ ၉:
ထိုအဆက်အသွယ်နှင့် ရန်ကုန်ရုပ်ရှင် ကုမ္ပဏီခြံသို့ ရောက်ရှိလာကာ ယင်းကုမ္ပဏီတွင် အလုပ် ရခဲ့သည်။ သူလုပ်ရသော အလုပ်မှာ ရုပ်ရှင် ကင်မရာထမ်း ဘဝ ဖြစ်သလို မင်းသား ဘတင့်နှင့် ထိုစဉ်က စူပါစတား ဟာသ သရုပ်ဆောင် ဆားဘထွန်းတို့ထံ တပည့်ခံ၍ အောက်ခြေသိမ်း လုပ်ပေးရသည် သာမက ကုမ္ပဏီတွင် ကားဆက်ရခြင်း၊ ပန်းချီ ဆွဲရခြင်း စတဲ့ ခိုင်းသမှျကို လုပ်ပေး ခဲ့ရတယ်ဟု ဆို၏။ ရန်ကုန်ရုပ်ရှင် ကုမ္ပဏီက ရိုက်ကူးတဲ့ “ခိုင်ရွှေဝါ” အသံတိတ် ကားတွင် ရာဇဝတ်အုပ် အခန်း တစ်ခန်းတွင် ပါဝင်ခွင့် ရခဲ့သလို၊ “ရွှေဝါတောင်”၊ “မြိုင်ယံခြား”၊ “ချစ်တော့မယ်” စသည့် အသံတိတ် ကားတို့တွင် မထင်မရှား လူဆိုးဆိုက်ပတ် အခန်းမှ ပါဝင်ခွင့် ရခဲ့သည်။ လက်တွန်းလှည်းဖြင့် ရုပ်ရှင် ကြော်ငြာ လှည့်ရခြင်း၊ ရုပ်ရှင် ပိုစတာများ ကပ်ရခြင်း၊ ယင်းကုမ္ပဏီမှ ဇာတ်ကား ရုံတင်လှျင် ရုံပေါက် စောင်ရခြင်း စသည်တို့ကို လုပ်ကိုင် ခဲ့ရသည်။
 
ထိုကဲ့သို့ ပင်ပန်း ဆင်းရဲခံခဲ့ ရသော်လည်း မှျော်မှန်း ထားသလိုမှေျာ်မှန်းထားသလို အဆင့်ကို ရောက်မလာသဖြင့် စိတ်ပျက်ပြီး သူသည် ဟင်္သာတသို့ ပြန်သွားတော့သည်။ ဂျပန်ခေတ်တွင် ရုပ်ရှင် လုပ်ငန်းကြီး ရပ်ဆိုင်း သွား၍၊ ရုပ်ရှင် ပညာသည်များက လူဘိုင်စကုတ် အဖြစ် နယ်တကာ လှည့်၍ ပြဇာတ် ကပြနေကြရာ ဟင်္သာတမြို့သို့ ဒါရိုက်တာ ဆရာခန့်တို့ အဖွဲ့ ရောက်လာသည်။ သူ့ကို တွေ့တော့ ဆရာခန့်က “ဟေ့ သူငယ်၊ မင်း ပြဇာတ် လူရွှင်တော် လုပ်မလား” ဟု မေး၍ သူက မဆိုင်းမတွပင် “ဟာ ဆရာကလည်း ကွျန်တော် လုပ်မှာပေါ့”ဟု ပြန်ပြောလိုက်၍ ပြဇာတ် နောက်သို့ ပါသည့် အဖြစ် ရောက်ရလေတော့သည်။ ပြဇာတ်စင်သို့ ပထမဆုံး ပါဝင်ခဲ့ရတဲ့ အတွေ့အကြုံကို ပြောပြဖူး သည်မှာ “ပြဇာတ ်လူရွှင်တော် လုပ်မယ် သာ ပြောလိုက်ရတာ တကယ်တော့ ကျုပ်က ပရိသတ်ကို အိုက်တင် လုပ်ပြရဲသူ မဟုတ်ဘူး။ ဆရာက ဇာတ်ခုံပေါ်သို့ တွန်းတင် ပေးလိုက်တော့ ပရိသတ်ကို ရင်မဆိုင်ရဲဘဲ ကြောက်ဒူးတုန်လျက် စကားပြောတဲ့ အခါမှာလည်း ကြောက်စိတ်ကြောင့် ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေတာပေါ့။
 
ကုသိုလ်ကံ ခွျန်ချင်တော့ ကျုပ်ဒီလို ကသိကအောက် ကြောက်ဒူး တုန်ပြီး ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေတာကိုပဲ ပရိသတ်က အလိုလို ပွဲကျနေတယ်။ သူတို့က ဒီလို ပွဲကျလေ၊ ကျုပ် သူတို့ကို ကြောက်လေ၊ သူတို့က ကျုပ်ကို ပွဲကျလေ ဖြစ်တာပါပဲဗျာ။ နောက်ဆုံးတော့ ကြောက်လန့်ပြီး ကားကြားထဲ ဝင်ပြေးတာပေါ့။ ကားကြားထဲက ဆရာခန့်ကြီးကလည်း ကျုပ်ကို ဆီးပြီး ကန်ထုတ် လိုက်တာနဲ့ ကျုပ်လည်း ဇာတ်ခုံ အလယ်ကို ချာလည် ပတ်လည်နှင့် ပြန်ရောက်သွားတော့ တစ်ရုံလုံး ပရိသတ်က အုံကြွမတတ် ပွဲကျလို့ ရယ်နေကြတော့တာပါပဲဗျာ။ အဲဒီလို ပွဲကျတာကိုပဲ ဆရာခန့်ကြီးက နောက်မြို့တွေမှာ ဒီလိုပဲ ခိုင်းစေပြန်တာပဲ။ အဲဒီက စပြီး ကျုပ်လည်း လူရွှင်တော် ဖြစ်မှန်း မသိ ဖြစ်လာတယ် ဆိုပါတော့ဗျာ”
Line ၅၃ ⟶ ၅၂:
၏ ဥမ္မာဒန္တီ၏ စာဖွဲ့ရန် ခဲယဉ်းသော ရုပ်အလှ ကြောင့် ယစ်မူးတွေ ဝေကာ နေမထိ၊ ထိုင်မထိ ဖြစ်သွားသော သိဝိ ဘုရင် အဖြစ် ဖိုးပါကြီးကို သုံးထားကြောင်း တွေ့ ရ သည်။ ဖိုးပါကြီးကား မြန်မာရုပ်ရှင် လောကထဲမှာ နိုင်ငံခြားရုပ်ရှင် လူရွှင်တော်များ စံချိန်ကို မှီအောင်လိုက် နိုင်သူ ပညာသည်တစ်ဦးဖြစ်ရာ ဥမ္မာဒန္တီဇာတ်ထဲ သိဝိမင်းအဖြစ် ဖိုးပါကြီး ကိုမြင်ရသော် ပရိသတ်နှလုံးကို မုချရွှင်ပြုံး ကြည်လင် ပေးနိုင်ပေလိမ့်မည်ဟု တွက်နိုင်ပါတော့သည်။
 
[[ခင်မောင်ညို (မန်း)]]
. . . ဥမ္မတကော ဘုရင်အဖြစ်ဖြင့် လူရွှင်တော် ဖိုးပါကြီးက သယ်သွားပုံ၊ မိန်းမချော တစ်ယောက်အနေနှင့် မေရီမြင့်က တင်ဆက် သွားပုံ၊ သမာဓိတည် ကြည်သော စစ်သူကြီး အဖြစ်နှင့် ဇေယျက သရုပ်ဖော် သွားပုံတို့ကို ဇာတ်ကား အစမှ အဆုံးတိုင် စိတ်ဝင်စား ဖွယ်ရာ တွေ့မြင်ရပေလိမ့်မည် ဖြစ်ကြောင်း။