"အောင်ဗလ" ၏ တည်းဖြတ်မှု မူကွဲများ

အရွယ်အစားများ ပြောင်းလဲမှု မရှိ ,  ပြီးခဲ့သည့် ၅ နှစ်
အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး
အရေးမကြီး
အောင်ဗလသည် နာမည်ကြီးမင်းသမီး မထွေးလေးထံမှ အဆို၊ အငို၊ အက သင်ခဲ့ဖူးသည်။ ရွှေရင်ဆို့ရုပ်သေးမင်းသမီးကြီး ဦးရွှေဖောင်၊ ဦးဖိုးကွန်းတို့ထံမှလည်း အပြော၊ အဆို၊ အငို၊ အမူအရာမှအစ သင်ကြား ပညာယူခဲ့သည်။
 
မင်းသားကိုသန်းဆိုသူနှင့် တွဲကစဉ်က မြေဝိုင်းအနိမ့်သဘင်အဖြစ် ကပြခဲ့ရသည်။ အောက်နယ်သို့ဆင်းခဲ့ရာ ဟင်္သာတရောက်သောအခါ တွဲဖတ်ကပြရန် မင်းသမီး ကောင်းကောင်းရှာရင် ဟင်္သာတမြို့သို့ ဆိုက်ရောက်လာသော [[ဦးဘိုးစိန်|ဖိုးစိန်၊ ဦး (ဂရိတ်)|ဦးဘိုးစိန်]]နှင့် တွေ့ကြလေသည်။ အောင်ဗလနှင့်အတူ နာမည်ကျော်လူပြတ် ကြုံတိုင်း၊ ဆင့်ဆံ၊ ကျော်ဇံ စသည်တို့လည်း ပါလာလေသည်။ အောင်ဗလနှင့် ဘိုးစိန်တို့ အတွဲသည် ဘက်ညီလှသဖြင့် နာမည်ထွက်လာလေသည်။
 
တွဲကခဲ့သောမင်းသားများမှာ ဦးဘိုးစိန်အပြင်၊ [[စိန်ကတုံး၊ ဦး|ဦးစိန်ကတုံး]]၊ ဦးချစ်စရာ၊ ဦးစိန်ခို၊ ဧရာဝဏ် ဦးတင့်ကြီး၊ ဦးစိန်အုပ်၊ မောင်ထွန်းကြိုင်တို့ ဖြစ်ကြသည်။ အောင်ဗလသည် (၁၂၇၅) ခုနှစ်တွင် စိန်ကတုံးနှင့် တွဲကသည်။
၈၉၃၈

တည်းဖြတ်မှုများ