ဒြပ်ပေါင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁၉ -
== ဒြပ်ပေါင်းနှင့် ဒြပ်နှော ==
 
ဒြပ်ပေါင်းများတွင် ပါဝင်ဖွဲ့စည်းသည့် ဒြပ်စင်များအလိုက် ရုပ်သတ္တိ၊ ဓာတ်သတ္တိ မတူညီကြပါ။ ဤအချက်သည် ဒြပ်ပေါင်းအား ဒြပ်နှောမှ ခွဲခြားသည့် အခရာကျသည့် သတ်မှတ်ချက်တစ်ရပ်ဖြစ်သည်။ ဒြပ်နှောများ၏ သတ္တိများသည် ဖွဲ့စည်းပါဝင်သည့် ဒြပ်ပစ္စည်များ၏ သတ္တိနှင့် ယေဘုယျအားဖြင့် ဆင်တူသည်၊ ဆက်စပ်မှုရှိသည်။ နောက်သတ်မှတ်ချက်တစ်ရပ်မှာ ဒြပ်နှောတွင် ပါဝင်သည့် ပစ္စည်းများအား အရည်စစ်ြခင်းစသည့်ရေကဲ့ယူခြင်းစသည့် ရိုးစင်းသည့်နည်းလမ်းများဖြင့် ခွဲယူနိုင်သည်။ ဒြပ်ပေါင်းများမှာမူ ဤသို့ ခွဲယူရန် လွန်စွာခဲယဉ်းသည်။ ဒြပ်ပေါင်းဖြစ်ပေါ်လာချိန်တွင် ဓာတ်ပြုမှုမှ ဓာတ်သတ္တိ ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။
 
ဒြပ်ပေါင်းဟု ထင်ယောင်ထင်မှားဖြစ်စေသည့် ဒြပ်နှောတစ်မျိုးမှာ သတ္တုစပ်ဖြစ်သည်။ သတ္တုစပ်များအား များသောအားဖြင့် အပူပေးကာ အလျင်အမြန်ရစ်ခွေသည့် နည်းဖြင့် ပြုလုပ်လေ့ရှိသည်။ ဘယ်လိုပင်ဖြစ်စေ ဒြပ်ပေါင်းနှင့် ဒြပ်နှော တိတိကျကျ မခွဲခြားနိုင်သည်လည်း ရှိသည်။ ဥပမာ အမိုနီးယားဖြင့် ဖျော်ထားသော သတ္တုအယ်လ်ကာလီပျော်ရည်။