မေရှင် (ရုပ်ရှင်သရုပ်ဆောင်): တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး →‎အနုပညာခရီး
စာကြောင်း ၃၉ -
 
== အနုပညာခရီး ==
အနုပညာ၌ ပျော်မွေ့သော်လည်း အဆက်အသွယ်က မရှိသဖြင့် ၁၉၃၆ခုနှစ်တွင်မှ သူ၏ ဝါသနာကို အထောက်အကူ ပြုမည့် အကြောင်းတစ်ရပ်ပေါ်လာခဲ့သည်။ အေဝမ်းဖလင် ရုပ်ရှင် ကုမ္ပဏီမှ ရုပ်ရှင်မင်းသမီးသစ်များ အလိုရှိကြောင်း လျှောက်ထားနိူင်ကြောင်းလျှောက်ထားနိုင်ကြောင်း ကြော်ငြာအရ အမဖြစ်သူနှင့် တိုင်ပင်ကာ မန္တလေးအေဝမ်း တိုက်ခွဲသို့ သွားရောက်စုံစမ်းခဲ့သည်။ မန္တလေးတိုက်ခွဲမှာပင် လျှောက်လွာတင်ခဲ့သည်။ မကြာမီ ရန်ကုန်အေဝမ်းကုမ္ပဏီမှ ရုပ်ရှင်မင်းသမီးအဖြစ် ရွေးချယ်ကြောင်း အကြောင်းပြန်ကြားခဲ့ရာ ရန်ကုန်သို့ ဆင်းလာခဲ့ပြီး ကုမ္ပဏီသို့သွားရာမှ မူလ နန်းရှင် အမည်ကို မေရှင်ဟု ပြောင်းလဲမှည့်ခေါ်ခဲ့သည်။ အေဝမ်းမှ မေသန်းဟူသော မင်းသမီးကို မွေးထုတ်ပြီးဖြစ်ရာ နောက်ထပ် ရောက်လာ ကြသော မင်းသမီးများကို မေရှင်၊ မေချစ်၊ မေမြင့်၊ မေနု၊ မေသစ်၊ မေဆန်း၊ မေလွင် စသည်ဖြင့် '''မေ''' နာမည်များ မှည့်ခေါ်ခဲ့ပါသည်။
 
အသက်-၁၈ နှစ်မှ စတင်ကာ အဆိုတော် မမေရှင် အဖြစ် ထင်ရှား ကျော်ကြားလာခဲ့ပြီး အသက်၁၉ နှစ်တွင် မင်းသား ရဲခေါင် ချစ်ဆွေ နှင့် တွဲဖက် သရုပ်ဆောင် ရသော '''ဖူးစာရှင်''' အသံတိတ် ဇာတ်ကားကို ပထမဆုံး ရိုက်ကူးခဲ့သည်။ ၁၉၃ရတွင် "ဖူးစာရှင်" ရုပ်ရှင်အား ရုံတင်ပြသနိုင်ခဲ့သည်။ အသံတိတ်ဇာတ်ကားများ ရိုက်ကူးရာမှ အေဝမ်းသဘင်ဝန်ဓာတ်ပြား ထုတ်လာရာတွင် ဓာတ်ပြားသွင်းခွင့်ရရှိခဲ့သည်။ ရုပ်ရှင်ထဲတွင် သီဆိုခဲ့သော တေးများအပါအဝင် သီချင်းအပုဒ်ပေါင်း(၈၀)ခန့် သီဆိုခဲ့သည်။ နိူင်ငံကျော် အဆိုတော် ရုပ်ရှင်မင်းသမီးဘဝသို့ ရောက်ရှိသွားသောအခါ ဦးတင်မောင်နှင့်တွဲကာ ကားကြီးကားကောင်းများ ရိုက်ကူးခဲ့ရသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင်လည်း ဆက်လက်ရိုက်ကူးခဲ့သည်။ ထို့နောက် မြန်မာ့ ရုပ်ရှင်လောက၏ ပထမဆုံး အသံထွက် ဇာတ်ကားဖြစ်သည့် '''မြှားနတ်မောင်''' ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်များက လက်ခံကာ အောင်မြင်မှုများ ရရှိခဲ့သည်။
နောက်ဆုံးရိုက်ကူးခဲ့သော ကားမှာ '''သားတို့ရုပ်ရည်''' ဇာတ်ကားဖြစ်ပါသည်။ ရုပ်ရှင် ဇာတ်ကားပေါင်း ၁၄ကား နှင့် ဓာတ်ပြား တေးသီချင်းပေါင်း ၄ဝကျော် ကို သီဆို ခဲ့သည်။ ထို့နောက် ၁၉၆၁ခုနှစ် အသက်၄၅နှစ် အရွယ်တွင် ရုပ်ရှင်လောကမှ အနားယူခဲ့သည်။
 
== ပါဝင်ခဲ့သည့် ရုပ်ရှင်များ ==
* ဖူးစာရှင်