မြစေတီကျောက်စာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:Rajakumara Stone Inscription.jpg|thumb | မြ​စေတီ ကျောက်စာ​တိုင်]]
အေ​ဒီ ၁⁠၁​၁​၃ ခု​နှစ် က ကျောက်​တုံးပေါ်​တွင် ရေး​ထိုး​ခဲ့​သော '''မြ​စေတီ​ကျောက်စာ''' သည် မြ​စေတီ ခြေရင်း​နား​တွင်​တွေ့​ရှိ​ရ​သည်။<ref>[http://www.myanmar.gov.mm/Perspective/persp2000/12-2000/ros.htm Myazedi and Rosetta Stone Inscriptions (Dr. Khin Maung Nyunt)]</ref> [[ရာဇကုမာရ်]] ရေး​ထိုး​ခဲ့​သော​ကြောင့် ရာဇ​ကု​မာရ်​ကျောက်စာ​ဟု​လည်းခေါ်​သည်။ အလားတူ ကျောက်စာ​တစ်​ခု​ကို​လည်း မြ​စေတီ​အနီး​ရှိ အဆောက်အဦး​တွင်​လည်း တွေ့​ရ​သည်။ ၄င်း​ကျောက်စာ နှစ်​ခု​စလုံး​တွင် မျက်နှာ​လေး​ဖက်​ပါ​ပြီး ပါဠိ၊ [[မွန်]]၊ [[မြန်မာ ဘာသာ|မြန်မာ]] နှင့် [[ပျူ​ဘာသာ|ပျူ]] ဘာသာ​များ​တို့​ဖြင့် ရေးသား​ထား​သည်။ မြ​စေတီ ကျောက်စာ​တိုင်​သည် အမြင့် ၅​၅ လက်မ ရှိ​၍ လေး​ဖတ်​လုံး​တွင် အကျယ် ၁​၄ လက်မ​ရှိ​သည်။
 
မြ​စေတီ​ကျောက်စာ​အရ ရာဇ​ကု​မာရ်​မင်းသား​သည် [[ကျန်​စစ်​သား]]မင်း​နှင့် ကြင်​ရာတော် သမ္ဘူ​လ​၏​သား​ဖြစ်​သည်​ဟု​သိ​ရ​သည်။ ကျန်​စစ်​သား မင်း​ဖြစ်​သော​အခါ သမ္ဘူ​လ​နှင့်​သား (ရာဇ​ကု​မာရ်) မြို့တော်​သို့ ရောက်လာ​သည်။ သို့သော် သား​အရင်း​ဖြစ်​သည့် ရာဇ​ကု​မာရ်​အား ထီး​နန်း​အရိုက်အရာ​မ​ပေး​နိုင်​ပဲ သမီး​ဖြစ်​သူ ရွှေ​အိမ်​စည် နှင့် မွန်​ဘုရင် မ​နူ​ဟာ​၏​မြေးတော်​သူ​တို့​မှ ဖွားမြင်​သည့် မြေးတော်[[အလောင်း​စည်​သူ]] အား​နန်း​လျာ​ထား​ပြီး​ဖြစ်​သ​ဖြင့် ရာဇ​ကု​မာရ်​အား ဓ​ည​ဝ​တီ​တောင်​စဉ်​ရ ခ​ရိုင်​အားပေး​ခြင်း​ဖြင့် နှစ်သိမ့်​ခဲ့​သည်။ ရာဇ​ကု​မာရ်​က​လည်း ကျေးဇူးသိ​တတ်​သော​အား​ဖြင့် ကျန်​စစ်​သား နာမ​ကျန်း​ဖြစ်​ချိန်​တွင် မိမိ​ပိုင်​ရွှေ၊ငွေ ဥစ္စာ​များ​ဖြင့် ဗုဒ္ဓ​ရုပ်​ပွားတော်​များ သွန်း​လုပ်​ပူဇော်​ပေး​ခဲ့​သည်။ ထိုသို့​သော ကုသိုလ်​အကြောင်း​ကို မြ​စေတီ​ကျောက်စာ​အဖြစ် ရေး​ထိုး​ခဲ့​ခြင်း​ဖြစ်​သည်။