စစ်တက္ကသိုလ် (ပြင်ဦးလွင်): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး c
အရေးမကြီး merge
စာကြောင်း ၂၁ -
 
အနော်ရထာ(အနီ)၊ ဘုရင့်နောင်(အပြာ)၊ အောင်ဇေယျ(အဝါ)ဟူသော ဗိုလ်လောင်းတပ်ရင်း ၃ရင်း တပ်ခွဲ ၄၂ခွဲ(တစ်ရင်းလျှင် ၁၄ခွဲ)ဖြင့် ဗိုလ်လောင်းများကို Senior-Junior စနစ်ဖြင့် စစ်စည်းကမ်းများဖြင့် တင်းကျပ်စွာ အုပ်ချုပ်ကွပ်ကဲသည်။ ယခုကျောင်းအုပ်ကြီးမှာ ၂၆ ဆက်မြောက်ဖြစ်သည်။ စစ်တက္ကသိုလ် တက်ရောက်မည့် ဗိုလ်လောင်းများကို နှစ်စဉ် သတင်းစာမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ လူငယ်လူရွယ်များကို ခေါ်ယူပြီး ဝင်ခွင့်စာမေးပွဲများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များတွင် ပြုလုပ်ကာ ဗိုလ်ရွေးအဖွဲ့မှတဆင့် ခေါ်ယူခြင်း ဖြစ်သည်။ ထို့နောက် ဗိုလ်လောင်းများကို ဆေးစစ်ခြင်းပြုလုပ်ကာ ဆန်ကာတင်ရွေးချယ်ကာ ဆေးအောင်ဗိုလ်လောင်းများကိုသာ အတည်ပြုရွေးချယ်သည်၊၊ ဗိုလ်လောင်း သင်တန်းမှာ ၃နှစ်ကာလကြာမြင့်ပြီး စစ်ပညာကိုသာမက တက္ကသိုလ်ပညာကိုပါ သင်ကြားပေးသည်။သင်တန်းဆင်းသည်နှင့် တပ်မတော်([[တပ်မတော် (ကြည်း)|ကြည်း]]၊ [[တပ်မတော် (ရေ)|ရေ]]၊ [[တပ်မတော် (လေ)|လေ]] တစ်ခုခုတွင်) ပြန်တမ်းဝင်အရာရှိ ဒုတိယဗိုလ် အဖြစ်ခန့်အပ်ပေးသည်။
 
စစ်တက္ကသိုလ်တွင် စာပေပညာဘာသာရပ်ကို သင်ကြားလေ့ကျင့်ရာ၌ ခေတ်မီတပ်မတော်တွင် တကယ်တန်းလက်တွေ့ လိုအပ်မည့် အခြေခံသိပ္ပံပညာရပ်များကို လည်းကောင်း၊ တပ်မတော် ကြည်း၊ ရေ၊ လေ လက်ရုံးဝန်ထမ်းတပ်အသီးသီးတွင် သုံးစွဲလျက်ရှိသော ခေတ်မီလက်နက်ကရိယာတန်ဆာပလာများကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရေးအတွက် စစ်သုံးသိပ္ပံဘာသာရပ်များကိုလည်းကောင်း၊ အထွေထွေဗဟုသုတများနှင့် ပြည့်ဝလျက် ကျယ်ဝန်းသောအမြင်၊ မျှတသော အယူအဆများရှိစေရန် မျက်မှောက်ရေးရာ၊ လူမှုရေးရာနှင့် နိုင်ငံအရေးအရာ ပညာရပ်များကို လူမှုသိပ္ပံဘာသာရပ်အနေဖြင့်လည်းကောင်း ဦးစားထား၍ သင်ကြားပို့ချပေးသည်။ စစ်ပညာနှင့် စပ်လျဉ်း၍ အရာရှိငယ်များအဖို့ လိုအပ်သော တပ်မတော်၏ အစဉ်အလာများကိုလည်းကောင်း၊ သမားရိုးကျစစ်နှင့် ပြည်သူ့စစ်အတွက် သင်ကြားလေ့ကျင့်မှုကိုလည်းကောင်း၊ ယေဘူယျစစ်အခြေခံသဘောတရားများကိုလည်းကောင်း စစ်တက္ကသိုလ် သင်တန်းနှစ်အလိုက် ပိုင်းခြားကာ စာပေပညာ သင်ကြားမှုနှင့်အတူ လေ့ကျင့်ပေးသည်။ စစ်တက္ကသိုလ်သင်တန်းမပြီးဆုံးမှီ နောက်ဆုံးခြောက်လတွင် တပ်စုတစုကို ပိုင်နိုင်စွာ ကွပ်ကဲခေါင်းဆောင်၍ တိုက်ပွဲဝင်နိုင်သော တပ်စုမှူးကောင်းတဦးဖြစ်စေရန် လေ့ကျင့်ပေးသည်။
 
== သမိုင်းကြောင်း ==
စစ်တက္ကသိုလ်ကို ၁၉၅၅ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း [[ဗထူးတပ်မြို့]]၌ စတင်တပ်မြို့ဖွင့်လှစ်ပွဲနှင့်အတူ တည်ထောင်ခဲ့သည်။ဖွင့်လှစ်ခဲ့၏။ ၁၉၅၇ ဇွန်လ (၁) ရက်နေ့တွင် [[မန္တလေးတိုင်းဒေသကြီး]] ၊ [[ပြင်ဦးလွင်မြို့]]သို့ ပြောင်းရွှေ့ခဲ့သည်။ စစ်တက္ကသိုလ်ကို ပထမဆုံးကျောင်းအုပ်ကြီးမှာတည်ထောင်ရခြင်း၏ ဗိုလ်မှူးကြီးရည်ရွယ်ချက်မှာ ကျော်စိုးတပ်မတော် ကြည်း၊ ဖြစ်သည်။ရေ၊ လေ တို့တွင် အနာဂတ်၌ ခေါင်းဆောင်ကြမည့် အရာရှိကောင်းများရရှိနိုင်စေရန် ဖြစ်၏။ အခြားစစ်တက္ကသိုလ်များနည်းတူ ခေတ်စာပေပညာနှင့် စစ်ပညာများသင်ပေး၍ ပြည့်ဝသော ဗဟုသုတ၊ ကျယ်ဝန်းသောအမြင်၊ မျှတသောအယူအဆ၊ ကြံ့ခိုင်သောစာရိတ္တ၊ စိတ်ဓာတ်၊ ဇွဲသတ္တိတို့နှင့်
ပြည့်စုံ၍ နိုင်ငံတော်သားတယောက်အနေဖြင့်လည်းကောင်း၊ စစ်သည်တော်တယောက်အနေဖြင့်လည်းကောင်း စည်းကမ်းကောင်းကောင်းသစ္စာရှိရှိ တာဝန်သိသိ အထက်မှ ပေးအပ်သမျှသောအမိန့်နှင့် တာဝန်ကို ဦးလည်မသုန် ကျေပြွန်စွာထမ်းဆောင်ကြမည့်သူများ ဖြစ်စေရန် ဖြစ်သည်။ ပထမဆုံးကျောင်းအုပ်ကြီးမှာ ဗိုလ်မှူးကြီး ကျော်စိုး ဖြစ်သည်။
 
၁၉၅၃ ခုနှစ် [[ရန်ကုန်တက္ကသိုလ်]] (ပြင်ဆင်ချက်) အက်ဥပဒေအရ စစ်တက္ကသိုလ်သည် ရန်ကုန်တက္ကသိုလ် လက်အောက်ခံ ကောလိပ်ကျောင်း
တခုဖြစ်၏။ စစ်တက္ကသိုလ်သင်တန်း လေးနှစ် ပြီးဆုံးအောင်မြင်သော ဗိုလ်လောင်းသည် တပ်မတော်ပြန်တမ်းဝင်အရာရှိ ဒုတိယဗိုလ်အဖြစ် ခန့်အပ်ခြင်းခံရပြီးလျှင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာ/သိပ္ပံဘွဲ့ကိုလည်း ရမည်ဖြစ်သည်။ ၁၉၆၄ ခုနှစ် တော်လှန်ရေးအစိုးရ၏ တက္ကသိုလ်ပညာရေး ဥပဒေသစ်အရ စစ်တက္ကသိုလ်သည် သီးခြားတက္ကသိုလ်အဖြစ်သို့ ရောက်ရှိခဲ့သည်။ ချီးမြှင့်သောဘွဲ့ကိုလည်း မူလက ဝိဇ္ဇာ/သိပ္ပံဘွဲ့များအစား "စစ်ပညာသိပ္ပံဘွဲ့" ဟု သတ်မှတ်သည်။ သို့ရာတွင် ၁၉၆၅ ခုနှစ်တွင် ဝိဇ္ဇာ/သိပ္ပံဟူ၍ ပြန်လည်ပြင်ဆင်ခဲ့သည်။ စစ်တက္ကသိုလ်ကို ကာကွယ်ရေးဌာနလေ့ကျင့်ရေးနှင့် စီမံရေးညွှန်ကြားရေးမှူးက တိုက်ရိုက်အုပ်ချုပ်ပြီးလျှင် စစ်ဘက်လေ့ကျင့်ရေးကိစ္စအဝဝကိုလည်း ညွှန်ကြားသည်။ စစ်တက္ကသိုလ်၏ စစ်သုံးသိပ္ပံပညာရပ်များ သင်ကြားပို့ချမှုကိုလည်း ညှိနှိုင်းသတ်မှတ်ပေးသည်။
 
== သင်တန်းဆင်းများထဲမှလက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသူများ ==