ကလျာဏီကျောက်စာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 1 interwiki links, now provided by Wikidata on d:q5364445 (translate me)
အရေးမကြီး c
စာကြောင်း ၁ -
[[File:01p14521.jpg|thumb|ကလျာဏီ ကျောက်စာ]]
ကလျာဏီကျောက်စာမှာ သက္ကရာဇ် ၈၄၁ ခုနှစ်တွင် [[ဟံသာဝတီ]]ဘုရင် [[ဓမ္မစေတီ]]မင်းကြီး ထိုးစိုက်ခဲ့သော ကျောက်စာဖြစ်၍ ယခုအခါ [[ပဲခူးမြိုပဲခူးမြို့]] အနောက်မျက်နှာ မဇင်းချောင်းရပ်ကွက် ရွှေသာလျောင်းဘုရားလမ်း [[ကလျာဏီသိမ်တော်ကြီး]]၏ တောင်ဘက်အနီးတွင် တည်ရှိသည်။
 
ဓမ္မစေတီမင်းသည် ဟံသာဝတီသား မထေရ်ကြီးများကို တောင်းပန်၍ သက္ကရာဇ် ၈၃၇ ခုနှစ် တပို့တွဲလတွင် [[သီဟိုကျွန်းသီဟိုဠ်ကျွန်း]]သို့ စေလွှတ်ကာ သိက္ခာသစ် တင်စေသည်။ မထေရ်ကြီးများသည် သက္ကရာဇ် ၈၃၈ ခုနှစ် ဒုတိယ ဝါဆိုလတွင် မြတ်စွာဘုရား ရေသုံးသပ်တော်မူခဲ့သော ကလျာဏီမြစ်၌ မဟာဝိဟာရဝါသီဂိုဏ်းမြတ်၏ အဆက်အနွယ်ဖြစ်သော ရဟန်းသံဃာတော်များထံမှ ရဟန်းအဖြစ် ထပ်မံခံယူလျက် နတ်တော်လဆန်း ၈ ရက် တနင်္ဂနွေနေ့တွင် ဟံသာဝတီသို့ ပြန်ရောက်လာ၍ ကလျာဏီသိမ်ကို သမုတ်ကြသည်။ ယင်းကို အကြောင်းပြု၍ ဓမ္မစေတီမင်းက ကျောက်စာစိုက်ထူထားရာ ကလျာဏီကျောက်စာဟု တွင်သည်။
[[File:01p14522.jpg|thumb|ကလျာဏီသိမ်တော်ကြီး]]
ထိုကျောက်စာကို ပါဠိဘာသာ၊[[ပါဠိဘာသာ]]၊ မွန်ဘာသာတို့ဖြင့်[[မွန်ဘာသာစကား|မွန်ဘာသာ]]တို့ဖြင့် ရေးထိုးထားသည်။ ကျောက်စာတိုင်အမြင့် ၇ ပေ၊ အကျယ် ၄ ပေ ၂ လက်မ၊ထု ၁ ပေ ၃ လက်မ၊ ၂ မျက်နှာစီရေး။ တစ်မျက်နှာလျှင် စာကြောင်းရေ ၇၀ ရှိ၍ တစ်လက်မအလျားတွင် စာလုံး ၃ လုံးစီဝင်အောင် ရေးထိုးထားသည်။ မြောက်ဘက် ကျောက်စာတိုင် ၃ ချပ်တွင် ပါဠိဘာသာကို မြန်မာအက္ခရာဖြင့် ရေးထိုးသည်။ တောင်ဘက် ကျောက်စာတိုင် ၇ ချပ်တွင် ပါဠိဘာသာ ကျောက်စာ ၃ ချပ်၏ အဓိပ္ပာယ်ကို မွန်ဘာသာဖြင့် ရေးထိုးထားသည်။ ထိုကျောက်စာများကို ကမ္ဗည်းကျောက်စာဌာနမှ ကျောက်စာရုံ ဆောက်လုပ်ကာ စောင့်ရှောက်သိမ်းဆည်းထားသည်။
 
ကျောက်စာထိုး သက္ကရာဇ်များ အတိတ် သာသနာ ၂၀၂၃၊ အနာဂတ် သာသနာ ၂၉၇၇၊ ကောဇာသက္ကရာဇ် ၈၄၀၊ ခရစ်နှစ် ၁၄၇၉ အသီးသီး ဖြစ်သည်။
စာကြောင်း ၁၀ -
ယင်းကျောက်စာများတွင် မဇ္ဈိမဒေသ သာသနာဝင်၊ ပုဂံ သာသနာဝင်၊ ဟံသာဝတီ သာသနာဝင်၊ ကလျာဏီသိမ် သမုတ်ခြင်း အကြောင်း၊ ရာမညတိုင်း စေတီသမိုင်း၊ [[ရွှေမော်ဓောစေတီ]]သမိုင်း စသည်တို့ကို အကျယ်တဝင့် အသေးစိတ် ရေးထိုးဖော်ပြထားသဖြင့် သာသနာဝင်နှင့် သမိုင်းအဖို့ များစွာ အထောက်အပံ့ရသည်။
 
ကလျာဏီကျောက်စာပါ ပါဠိများကို [[ရန်ကုန်မြို့]] ဘုရားဖြူတိုက် ဆရာတော် အသျှင်ရာဇိန္ဒသည် သက္ကရာဇ် ၁၃၀၀ ပြည့်နှစ်တွင် မြန်မာဘာသာနိသျှ ပြန်ဆိုခဲ့သည်။ ထိုထက်စော၍ သက္ကရာဇ် ၁၁၁၁ ခုနှစ်ကလည်း ပုဂံမြို့နှင့်[[ပုဂံ]]မြို့နှင့် မြစ်တစ်ဘက်ကမ်း တန့်ကြည်တောင် အနောက်တောင်မြင့်ရွာ သုံးထပ်ကျောင်း ဆရာတော် အသျှင်ဓမ္မစာရီ မထေရ်သည် နိသျှပြန်ဆိုခဲ့ဘူးသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)</ref>
 
== ကိုးကား ==
<references/>
 
[[Category:မြန်မာ့ သမိုင်း]]
[[Category:မြန်မာပြည်]]
[[Category:ပဲခူးမြို့]]