ဗန်းမော်မြို့: တည်းဖြတ်မှု မူကွဲများ

၆ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၇ နှစ်
 
== သမိုင်း​စဉ် ==
ဗန်းမော်​ဟူ​သော ဝေါဟာရ​သည် ရှမ်း​ဘာသာ​စကား “မန်မော်”“မန့်မော်” ([[မၢၼ်ႈ​မေႃႇ]]) မှ ဆင်းသက်​လာ​သော စကား​ဖြစ်​သည်။ မန်မန့်(Man)= ရွာ၊ မော်(Maw)=အိုး ဟု အဓိပ္ပါယ်​ရသ​ဖြင့် “အိုးလုပ်​သော​ရွာ” ဟု ခေါ်​ဆို​နိုင်​သည်။ စမ္ပာ​န​ဂိုလ် မင်း​ဆက်​ပျက်​ပြီး သက္ကရာဇ် ၄​၀⁠၀ ကျော်​တွင် စော်ဘွား [[သိုဟန်ဘွား]]သည် ရှေး​မင်း​မြတ်​တို့​၏ မြို့​နေရာ​တွင် မ​နေ​ဝံ့​၍ မြို့ဆင်ခြေဖုံး​ဖြစ်​သော ဗန်းမော်​သို့ ပြောင်း​ရွေ့​လာ​ခဲ့​ပြီး မြို့ပြ တည်ထောင်​၍ အုပ်စိုး​သည်။ မိုး​မိတ်​သမိုင်း​အရ ခရစ်​နှစ် ၆​၈​၉ တွင် စော်ဘွား စဝ်​ပုတ်​ဖ​ထံ လာ​ရောက်​ပြီး စော်ဘွား​ဆက် တောင်းခံ​သည်။ မိုး​မိတ်စော်​ဘွား​က တူတော်​ကြီး ခမ်း​ရွက်​ဖ အား ဗန်းမော်စော်​ဘွား အဖြစ် အုပ်ချုပ်​ရန် စေလွှတ်​ခဲ့​ကြောင်း ဖော်​ပြ​ထား​သည်။ ဗန်းမော်​မြို့​တွင် စော်ဘွား​၂​၃ ဆက် နှစ်​ပေါင်း ၃​၅​၀ အုပ်စိုး​ခဲ့​သည်။ ကုန်း​ဘောင်​ခေတ်၊ ဘိုးတော်​ဘုရား​လက်ထက်​တွင်စော်​ဘွား​နယ်​အဖြစ်​မှ ဝန်​အုပ်ချုပ်​သော​မြို့​အဖြစ်​ပြောင်းလဲ​ဖွဲ့​စည်း​ခဲ့​သည်။ <ref>ဒေါ်​ခင်​သိန်း (မြန်မာ​စာ​ပါ​မောက္ခ မြစ်​ကြီး​နား​တက္ကသိုလ်) ၏ “ကချင်ပြည်နယ်​အတွင်း​ရှိ မြို့​နယ်​အမည်​များ လေ့​လာ​ချက်” </ref>
 
ကုန်း​ဘောင်​ခေတ် ဗန်းမော်​မြို့ဝန်​များ​ထဲ​မှ ထင်ရှား​သူ​အချို့​မှာ ဦး​ရွှေ​ရည်၊ စော​မြတ်​အောင်၊ ဦး​ကံ၊ ဦး​စံ​တည်၊ ဦး​ရွှေ​အိုး၊ ဦး​ရွှန်း၊ ဦး​သူ၊ ဦး​ဘိုး၊ ဦး​အောင်​မြတ်​သူ၊ ဦး​နက်​ပြာ၊ ဦး​တုတ်၊ ဦး​ပုံ၊ ဦး​ဖိုး​အို၊ ဦး​ဘိုး​လှ၊ ဦး​မှန်း၊ ဦး​လူကြီး၊ ဦး​ထောင်​ဗိုလ် စ​သူ​တို့​ဖြစ်​ကြ​သည်။ <ref>မြန်မာ​မြို့​အဘိဓာန်။ တင်​နိုင်​တိုး။ ဇေ​တ​ဝန်​စာအုပ်​တိုက်။ ရန်ကုန်။ ပ​ကြိမ်။ ၂​၀​၁​၂ ဖေဖော်ဝါရီ။</ref>

တည်းဖြတ်မှုများ