ပါရဂူဘွဲ့ ကြီးကြပ်သူ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး style
အရေးမကြီး link fixed
စာကြောင်း ၁ -
မြန်မာဘာသာဖြင့် '''ပါရဂူဘွဲ့ကြီးကြပ်သူ'''၊ အင်္ဂလိပ်ဘာသာဖြင့် '''doctoral advisor'''၊ '''dissertation director'''၊ '''dissertation advisor'''၊ (ဗြိတိသျှ အင်္ဂလိပ် ဘာသာတွင်) '''doctoral supervisor''' ဟု ခေါ်ဆိုသူမှာ ဘွဲ့လွန် ကျောင်းသားများကို [[ပါရဂူဘွဲ့ ]] (doctorate) ရရှိရန် လမ်းညွှန် ထိန်းကြောင်းပေးသည့် တက္ကသိုလ်ဆရာကို ဆိုလိုသည်။ သင်ရိုးရွေးချယ်ရာတွင် လည်းကောင်း၊ စာတမ်း ([[:en:dissertation|dissertation]]) ရေးရန် သုတေသနနယ်ပယ် ရွေးချယ်ရာတွင်လည်းကောင်း ကူညီပေးလေ့ရှိပြီး၊<ref>{{citation|title=The portable dissertation advisor|author=Miles Taft Bryant|publisher=Corwin Press|year=2004|isbn=978-0-7619-4696-0|pages=9–11}}.</ref> အများအားဖြင့် ပါရဂူဘွဲ့ကြီးကြပ်သူများမှာ ဌာနတွင်းရှိ အဆင်မြင့်/ဝါရင့် ဆရာများ ဖြစ်တတ်သည်။ ကျောင်းသားများက ကြီးကြပ်သူရွေးချယ်ရာတွင် ဆရာ၏ သုတေသန နယ်ပယ်၊ ဆရာ၏ သဘောတူညီမှု၊ ၎င်းဆရာနှင့် မိမိ အလုပ်အတူ လုပ်လို/မလုပ်လို စသည်တို့အပေါ် မူတည်ပြီး ရွေးချယ်ကြသည်။
 
အချို့နိုင်ငံများတွင် ပါရဂူဘွဲ့ကြီးကြပ်သူများမှာ ကျောင်းသား၏ စာတမ်းကော်မတီ၊ သို့မဟုတ် ပါရဂူအရည်အချင်းစစ် စာမေးပွဲတွင် ဥက္ကဌအဖြစ် ကြီးမှူးလေ့ရှိပြီး၊ အချို့နိုင်ငံများတွင်မူ ၎င်းဥက္ကဌရာထူးကို အခြားသူတစ်ဦးက ယူရလေ့ရှိသည်။ ပမာအားဖြင့် ဒတ်ချ် ပညာရေးစနစ် ([[:en:Dutch academic system|Dutch academic system]]) တွင် တင်းပြည့် ပါမောက္ခများသာ ကော်မတီဥက္ကဌ လုပ်ခွင့်ရှိ၍ လက်ထောက်ပါမောက္ခတစ်ဦးကို ကြီးကြပ်သူအဖြစ် ရွေးချယ်သော ကျောင်းသားတစ်ဦး၏ ပါရဂူဘွဲ့ကြီးကြပ်သူကို ''promotor'' ဟုခေါ်ဆိုပြီး၊ ကော်မတီဥက္ကဌကို ''co-promotor'' ဟု ခေါ်သည်။<ref>[http://www.strw.leidenuniv.nl/blufguide/node42.html A Few Words about Dutch University Titles, Ranks etc.], Astronomy Department, [[:en:Leiden University|Leiden University]]. Retrieved 2010-02-15.</ref> စပိန်ကဲ့သို့သော နိုင်ငံများတွင်မူ ပါရဂူဘွဲ့ ကြီးကြပ်သူသည် ကျောင်းသား၏ အုပ်ထိန်းသူ အကြံပေးအဖြစ် ဆောင်ရွက်နိုင်သော်လည်း စာတမ်း/စာမေးပွဲ ကော်မတီတွင် ပါဝင်ခွင့်မရှိပေ။ ၎င်းကော်မတီကို ပါမောက္ခချုပ်ရုံးမှ သီးသန့် ရွေးချယ်ထားသော ဆရာငါးဦးဖြင့် ဖွဲ့စည်းပြီး၊ ၎င်းဆရာငါးဦးကို ဘွဲ့ယူကျောင်းသား၏ ဌာနမှ စာရင်းတင်သွင်းသည့် ဆရာဆယ်ဦးထဲမှ ရွေးချယ်ခြင်း ဖြစ်သည်။
 
ပညာရေး မျိုးရိုးစဉ်ဆက် ([[:en:academic genealogy|academic genealogy]]) ကို ကျောင်းသား၏ ပါရဂူဘွဲ့ ကြီးကြပ်သူမှ တဆင့် သာမန် မျိုးရိုးအဆက် လိုက်သကဲ့သို့ လိုက်နိုင်သည်။ ဆိုလိုသည်မှာ မိမိ၏ ဘိုးဘွားဘီဘင်တို့ကို မိဘများမှတဆင့် မျိုးရိုးလိုက်နိုင်သကဲ့သို့ ကျောင်းသား၏ "ပညာရေး ဘိုးဘွားဘီဘင်" တို့ကို ပါရဂူဘွဲ့ကြီးကြပ်သူမှတဆင့် မျိုးရိုးဆက်လေ့ ရှိကြသည်။