သပြေတန်း ခံတပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
==သပြေတန်း ခံတပ်==
'''သပြေတန်းခံတပ်၊ ရွှေကြက်ယက်ခံတပ်၊ ခံတပ်တော်ကြီး'''ဟူ၍ အမည်အမျိုးမျိုးနှင့် ထင်ရှားခဲ့သော ဤ[[ခံတပ်]]ကို [[မင်းတုန်းမင်း]]လက်ထက်၊ ၁၈၆၈-ခုနှစ်ခန့်လောက်က တည်ဆောက်ခဲ့သည်ဟု ခန့်မှန်းရသည်။ ခံတပ်တော်ကြီးကို မူလက တော်ဝင်နန်းသုံး အမည်ပေးခဲ့သော်လည်း အမည်မတွင်ဘဲ [[ရွှေကြက်ယက်]]တောင်ကုန်းကိုစွဲ၍ ရွှေကြက်ယက် ခံတပ်ဟု၄င်း၊ သပြေတန်းရွာငယ်ကို စွဲ၍ သပြေတန်း ခံတပ်ဟု၄င်း ခေါ်တွင်ခြင်းဖြစ်ဟန်ရှိသည်။
 
Line ၁၀ ⟶ ၉:
တောင်ဘက်နှင့် အရှေ့ဘက်တွင် တပ်သားများနေထို်င်ရာ သက်ငယ်မိုးဝါးတဲများရှိသည်။ တပ်သားများကို သုံးလတကြိမ် မန္တလေးမှလာ၍ လူစားလဲသည်။ ခံတပ်၏ တောင်ဘက် ပေ ၂၅၀-အကွာတွင် အိမ်ခြေ ၁၅-အိမ်ခန့်ရှိသော သပြေတန်းရွာငယ်ရှိ၏။ ရွာ၏တောင်ဘက်တွင် သစ်ပင်ကြိုးကြားနှင့် နှစ်မိုင်ခန့်ကျယ်သော ကိုင်းတောကြီးရှိသည်။ ကိုင်းပင်များသည် ၆-ပေမှ ရ-ပေထိရှည်သည်။ ခံတပ်၏အနောက်ဘက်တွင် မြစ်ငယ်မြစ်ထိ ပြောင်းခင်း၊ ပဲခင်းများရှိသည်။ အရှေ့ဘက်ခြေလှမ်း ၂၀၀၀-ခန့်အကွာတွင် ရွှေကြက်ယက်စေနီရှိသည်။ ဘုရားကုန်းသည် ခံတပ်ကို စီးမိုးနေသော အနေအထားရှိသည်။
 
သပြေတန်းခံတပ်ကို ဧရာဝနီမြစ်ကမ်းနဖူး[[ဧရာဝတီမြစ်]]ကမ်းနဖူး ဒုဋ္ဌဝတီ(ခေါ်)[[မြစ်ငယ်မြစ်]]နှင့်ဆုံရာ သန်လျက်စွန်းတွင် ဆောက်လုပ်ထားသည်။ [[မန္တလေး နေပြည်တော်နှင့်နန်းတော်|မန္တလေး နေပြည်တော်]]နှင့် မြစ်ကမ်းတဖက်တည်းတွင် ရှိသည်။ နေပြည်တော်နှင့်အနီးဆုံး ခံတပ်ဖြစ်သည်။ မည်သူတည်ဆောက်ခဲ့သည်၊ မည်မျှကုန်ကျသည်။ စသည့်အချက်အလက်များ ရှာမေတွေ့ပေ။ မင်းတုန်းမင်းလက်ထက်၌ တည်ဆောက်ကြောင်း၊ ၁၈၇၀-ပြည့်နှစ် (၁၂၄၀-ပြည့် ပြာသိုလဆန်း ၁၀-ရက်နေ့) တွင် [[သီပေါမင်း]]နန်းတက်ပြီး လေးလခန့်အကြာတွင် ခံတပ်ပြီးစီးသည့် အခမ်းအနား ကျင်းပကြောင်း ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် ဖော်ပြထားသည်။
 
၁၈၈၅-ခုနှစ် နိုဝင်ဘာလ ၂၈-ရက်နေ့တွင် ဂျင်နရယ်ပရင်ဒါဂတ် ဦးစီးသော ဗြိတိသျှတပ်များ သပြေတန်းခံတပ်ကို သိမ်းပိုက်နိုင်ခဲ့သည်။ ၄င်းခံတပ်မှ ခြောက်ပေါင်ဒါ သံသွန်းအမြောက်ခုနစ်လက်၊ ကျည်မွှေကြေးအမြောက် ငါးလက်၊ အမြောက်ငယ် နှစ်လက်၊ စိန်ပြောင်းတလက် သိမ်းဆည်းရရှိကြောင်း ဖော်ပြထားသည်။
Line ၂၄ ⟶ ၂၃:
 
[[Category:မြန်မာ့ သမိုင်း]]
[[Category:မန္တလေးတိုင်းဒေသကြီး]]
[[Category:သမိုင်း]]
[[Category:ခံတပ်]]