ဖုန်ကြားရှင်: တည်းဖြတ်မှု မူကွဲများ

"==ဖုန်ကြားရှင်(Pen..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
အရေးမကြီးNo edit summary
စာကြောင်း ၂ -
ဖုန်ကြားရှင်ကို ၁၉၃၁ မှာ ကိုးကန့်က ဟောင်ဆော်ထူးဟော် ရွာလေးမှာ မွေးသည်။ ၁၉၆၀ ကျော်ကာလတွေမှာ ဂျင်မီယန်း၏ ကိုးကန့်တော်လှန်ရေး တပ်ဖွဲ့တွင် အရာရှိအဖြစ်တာဝန်ထမ်းဆောင်ပြီး ၁၉၆၇ မှာ တရုတ်မှာရှိသော [[ဗမာပြည် ကွန်မြူနစ်ပါတီ]]ကေဒါတွေနှင့် အဆက်အသွယ်ရသည်။ လက်နက်အထောက်အပံ့တွေ ရမည်ဟု ကတိကဝတ်ရခဲ့သည်။ သိပ်မကြာဘူး။ ဖုန်ကြားရှင်သည် သူ့ညီ ဖုန်ကြားဖူနှင့်အတူ ဘေကျင်းကိုသွားခဲ့သည်။ ၁၉၆၈၊ ဇန်နဝါရီ ၅ရက်နေ့မှာ တရုတ်ပြည်မှ၍
ကိုးကန့်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို ဦးဆောင်ပြီး ကိုးကန့်ဒေသ ကို ပြန်လည်ဝင်ရောက်ခဲ့သည်။ ထို့နောက် ကွန်မြူနစ်ပါတီနှင့် ပေါင်းသည်။ ၁၉၇၀ အစောပိုင်းလောက်မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုကို စတင်လုပ်ကိုင်သည်ဟု သုံးသပ်သူတွေက ဆိုသည်။ ၁၉၈၉ မတ်လမှ ညီဖြစ်သူ ဖုန်ကြားဖူနှင့်အတူ ကွန်မြူနစ်ပါတီကိုပြန်လည် ပုန်ကန်သည်။ နောက်ပြီး အစိုးရနှင့် ငြိမ်းချမ်းရေးယူပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေကို တရားဝင်နီးပါး လုပ်ကိုင်ခဲ့သည်ဟု မှတ်တမ်းတွေက ဆိုသည်။ ထင်ရှားသော ဘိန်းရာဇာတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ၁၉၉၂ မှာ ကိုးကန့်ဒေသက ဘိန်းစစ်မှာ ဖုန်ကျားရှင်သည် ယန်းမျိုးဆက်တစ်ဦးဖြစ်သော ယန်းမိုလျန်ကို စစ်ရှုံးပြီး ကျိုင်းတုံကို ပြေးသည်။ ဒါပေမဲ့ ၁၉၉၄ မှာ ယန်းမိုလျန်းကို ဘိန်းမှုနဲ့ ကူမင်းမှာ ကွပ်မျက်တော့ ဖုန်ကြားရှင် ကိုးကန့်ကို ပြန်ချေချခဲ့သည်။ ၂၀၀၉ မှာ စစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားပြီး လောက်ကိုင်ကနေ တရုတ်ကို ထွက်ပြေးသွားသည်။
[[en:Pheung_Kya-shin]]