ကဗျာလင်္ကာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 1 interwiki links, now provided by Wikidata on d:Q1661
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၃ -
ကဗျာလင်္ကာကို မြန်မာဘာသာ စာပေသာမဟုတ်၊ ကမ္ဘာပေါ်ရှိ ဘာသာစာပေ အသီးသီးတို့၌လည်း တွေ့ရှိနိုင်သည်။ ထိုသို့ဖြစ်သော် ကဗျာလင်္ကာသည် မည်ကဲ့သို့ စတင်ပေါ်ပေါက်လာသနည်းဟု စဉ်းစားဖွယ်ရှိသည်။ ကဗျာလင်္ကာကို မည်သူကစ၍ ရေးလိုက်သည်ကို ကျွန်ုပ်တို့ အတိအကျ မပြောနိုင်ချေ။ သို့သော် ကဗျာလင်္ကာ မည်သို့စတင်ဖြစ်ပေါ်လာသည်ကိုမူ ခန့်မှန်း ချိန်ဆနိုင်ပေသည်။ ကဗျာလင်္ကာဟူသည် တေးဂီတပမာ ချိုသာငြိမ့်ငြောင်းအောင် စီကုံးထားသော စာဖြစ်သည်ဟု အထက်ကဆိုခဲ့ပြီ။ ထို့ကြောင့် ကဗျာလင်္ကာ၏ ရေသောက်မြစ်ဖြစ်သော တေးဂီတများကို ပြန်လည် စဉ်းစား သင့်ပေသည်။ တေးဂီတများမည်ကဲ့သို့ စတင်ပေါ်ပေါက်လာသနည်း။
 
ကမ္ဘာလောကကြီး၌ သာယာသောအသံ ဆိတ်သုန်းနေသည့် အချိန်ဟူ၍ မည်သည့် အခါကမ မရှိခဲ့ချေ။ သတ္တလောကကြီးမဖြစ်တည်မီ လောကဓါတ်ကြီးတစ်ခွင်လုံးလောကဓါတ်ထကြီးတစ်ခွင်လုံး ရေပြင်အတိ ဖုံးလွှမ်းနေသော ကမ္ဘာပျက်နေချိန်၌ပင် ရေယာဉ်လှိုင်းတို့ခွပ်သံ၊ လျှပ်စစ်ပြက်၍ မိုးကြိုးထစ်သံ စသော အသံများ ရှိခဲ့ပေသည်။ ထိုနောက် ရေများခန်းခြောက်၍ မြေပြင်ပေါ်ထွန်း လာသောအခါ လေဖြင့် တိုက်ခတ်အပ်သော ရေလှိုင်းသံသည်လည်းကောင်း၊ ပင်ထက်မှ သစ်ရွက် သစ်ခက်ကလေးများ လှုပ်ရှားသံသည်လည်းကောင်း၊ ချောင်း
မြောင်း အင်းအိုင်တို့မှ ရေပွက်သံသည် လည်းကောင်း၊ ပိုးမွှားတိရစ္ဆာန် တို့၏ အော်မြည်သံသည်လည်းကောင်း၊ ကျေးငှက် သာရကာတို့၏ ရင့်ရူသံသည် လည်းကောင်းအသီးသီး ရှိခဲ့ကြပေသည်။ ထိုအသံများမှာ စင်စစ် သဘာဝ၏ တေးဂီတပင် ဖြစ်လေသည်။ ဂီတသံနွှယ်သည့် သာယာငြိမ့်ငြောင်းသော ထိုသဘာဝသံကို ကမ္ဘာဦးသူတို့ အာရုံပြုမိကြသည်။ ကလေးသူငယ်များသည် အိမ်၌မွေးထားသောကြောင်ကလေး၊ ခွေးကလေးတို့၏ အသံကိုအတုယူအော်ကြည့်ကြသကဲ့သို့ ကမ္ဘာဦးသူ တို့သည်လည်း ထိုသဘာဝ ဂီတသံများကို အတုယူကြသည်။ ဦးစွာ သူတို့အနီးပတ်ဝန်းကျင်ရှိ တိရစ္ဆာန်များ အော်သံကို အတုယူသည်။ အထူးသဖြင့် ငှက်ကလေးများ၏အသံကို မတူ တူအောင် လေ့ကျင့် ကြည့်ကြ၏။ ငှက်မြည်သံမှာ လူတို့အတုယူရန် အလွယ်ဆုံးသော အသံဖြစ်လေသည်။