ဝိရာမ: တည်းဖြတ်မှု မူကွဲများ

"==ဝိရာမ (Virama)== ဝိရာ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
အရေးမကြီးNo edit summary
စာကြောင်း ၂ -
ဝိရာမ (Virama) ဆိုတဲ့ အသုံးကို ယူနီကုဒ်စတင် သုံးမှ ကြားဖူးပါတယ်။ ဝိရာမ ဆိုတာ တကယ်တော့ မြန်မာ အပါအဝင် ဗြဟ္မီပွား အက္ခရာတွေမှာ အသုံးပြုကြပါတယ်။ မြန်မာ ဘာသာ အားဖြင့် ဝရာမကို အသတ် (် ) လို့ ခေါ်ပါတယ်။ ဝိရာမ (विराम) ဆိုသည်မှာ သက္ကတဘာသာဖြင့် ရပ်တန်ခြင်း၊ အဆုံးသတ်ခြင်း၊ အဆုံးဟု အဓိပ္ပာယ်ရပါသည်။ မြန်မာ ဘာသာဖြင့် အသတ် ဟု အဓိပ္ပာယ်ရပါသည်။
 
#* ဝိရာမ (အသတ်) ဆိုသည်မှာ သတ်ခြင်း၊ ရပ်တန့်ခြင်း ဖြစ်ပါသည်။
#* ဘာကို သတ်သနည်း? သရသံကို သတ်ပါသည်။
#* ဘာသရကို သတ်သနည်း? 'အ' သရသံကို သတ်ပါသည်။
#* မည်သည့် 'အ'သရကို သတ်သနည်း? ဗျည်းအတွင်း တိမ်မြုပ်နေသော 'အ' သရကို သတ်ခြင်း ဖြစ်ပါသည်။
=== ဗျည်းအတွင်း တိမ်မြုပ်နေသော'အ'===
မြန်မာအပါအဝင် ဗြဟ္မီပွားအက္ခရာများ၏ ထူးခြားသော ဝိသေသတစ်ခုမှာ 'အ' သည် ဗျည်းများအတွင်း တိမ်မြုပ်နေခြင်းဖြစ်ပါသည်။ အဓိပ္ပာယ် သတ်မှတ်ချက်အရ ဗျည်းသည် ကိုယ်ပိုင်အသံ မထုတ်နိုင်၊ သရ တစ်ခုခုနှင့်ပေါင်းမှသာ အသံထွက်နိုင်ပါသည်။ က၊ ခ၊ ဂ၊ ဃ၊ င စသော မြန်မာဗျည်းများကို ရွတ်ဆိုကြည့်ပါက အသံပြည့်ထွက်နိုင်သည်ကို တွေ့ရပါမည်။ အကြောင်းမှာ ဗျည်းများ အတွင်း 'အ' သရ ပေါင်းစပ်ထားပြီး ဖြစ်သောကြောင့် ဖြစ်ပါသည်။ ဗျည်းအတွင်း တိမ်မြုပ်နေသော 'အ'သရသံ မပါဘဲ ဗျည်းသက်သက်ပြလိုပါက ဝိရာမ သို့မဟုတ် အသတ်ကိုတင်၍ ပြကြပါသည်။ ဗြဟ္မီပွားအက္ခရာများတွင် ဤကဲ့သို့ တိမ်မြုပ်နေသော 'အ'သရ ပါရှိကြပါသည်။
 
===ဗျည်းများနှင့် သရ တွဲဆက်ကြပုံ။===
'က' သည် အမှန်စင်စစ် 'က်'ဗျည်းနှင့် 'အ'သရ ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ အင်္ဂလိပ် အက္ခရာ ဖလှယ်ပါက က=ka ဖြစ်ပြီး က်=k နှင့် အ= a တို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ဒေဝနာဂရီအက္ခရာတွင် क=က,ka ဖြစ်ပြီး क्=က်,k ဖြစ်သည်။
 
အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ ဩ၊ ဪ၊ အို ဟူသော မြန်မာ သရ ၁၁ လုံးကို ဗျည်းများနှင့် ပေါင်းစပ်ပါက အောက်ပါအတိုင်း ရပါသည်။
::က်+အ =က
::က်+အာ =ကာ
::က်+ဣ =ကိ
::က်+ဤ =ကီ
::က်+ဥ =ကု
::က်+ဦ =ကူ
::က်+ဧ =ကေ
::က်+အဲ =ကဲ
::က်+ဩ =ကော
::က်+ဪ =ကော်
::က်+အို =ကို
::(ဣ၊ဤ၊ဥ၊ဦ၊ဧ၊ဩ၊ဪ ကို လုံးချင်း သရဟုခေါ်ပါသည်။ ိ ီ ု ူ ေ ော ော် စသည်တို့မှာ ဗျည်းယှဉ်သရဟုခေါ်ပါသည်။ တနည်း သရသင်္ကေတဟု ခေါ်ပါသည်)
===ဝိရာမ အသုံး ၂ မျိုး===
မြန်မာစာတွင် ဝိရာမအသုံး ၂ မျိုးရှိပါသည်။
# အသတ်အနေဖြင့် သုံးခြင်း၊
# သံယုတ်ခေါ် ဗျည်းဆင့်များတွင် သုံးခြင်း တို့ ဖြစ်ပါသည်။
===ဗျည်းဆင့်===
သံယုတ်တွင်သုံးရာမှာ ရှေ့ဗျည်းနှင့် နောက်ဗျည်းကြားမှာ ဝိရာမ ခံရပါသည်။ လက်ရေးဖြင့်ရေးရာတွင် မသိကြတာများပါတယ်။ ငယ်စဉ်ကတည်းက စာလုံးဆင့်ဖတ်လျင် အပေါ်ဗျည်းကို အသတ်သံဖတ် အောက်ဗျည်းကို သရနဲ့တွဲဖတ်လို့ သင်ခဲ့ဖူးတာ မှတ်မိပါလိမ့်မယ်။
 
မန္တလေး ကို ပေါင်းပါက အသံအရ မန်+တလေး လို့ ထွက်ကြပါသည်။ အသတ်နေရာတွင် ဝိရာမ အစားထိုးပါက မန္တလေး ဆိုတဲ့ ပုံစံအတိုင်း ထွက်လာတာ မြင်ရမှာဖြစ်ပါသည်။ ကင်းစီး င်္ ကို ငသတ်ရိုက်ပြီးမှ ဝိရာမ ရိုက်ရပါသည်။
 
::ဗုဒ်-ဓ= ဗုဒ္ဓ
::မန်-တလေး= မန္တလေး
::အတ်-တ= အတ္တ
::ခြင်-သေ့= ခြင်္သေ့
::သင်-ဘော= သင်္ဘော
::ဘန်-တေ= ဘန္တေ
 
===မြန်မာယူနီကုဒ်နှင့် ဝိရာမ===
ပထမပိုင်း မြန်မာယူနီကုဒ်တွင် ဝိရာမ တစ်မျိုးသာ ရှိပါသည်။ ဝိရာမ တစ်မျိုးကပဲ အသတ်နေရာတွင် အသတ် ဗျည်းဆင့်နေရာတွင် ဗျည်းဆင့် လိုအပ်သလို ပြောင်းလဲရပါသည်။ ဤစနစ်မှာ ဒေဝနာဂရီကဲ့သို့ အက္ခရာများတွင်လဲ ရှိပါသည်။ ဥပမာ- (कक्)ကက် (कक्क)ကက္က
ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုး ကို မူလက မပါဝင်သေးပါ။ ပင့်ရစ်ဆွဲထိုးသည် ယရဝဟ ၏ စာလုံးဆင့်ပုံစံဖြစ်သောကြောင့် သတ်ဆိုင်ရာဗျည်းနှင့် ဝိရာမပေါင်းရိုက်ရန် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။
ဝိရာမ+ယ=ျ
ဝိရာမ+ရ=ြ
ဝိရာမ+ဝ=ွ
ဝိရာမ+ဟ=ှ
 
 
သို့သော်မြန်မာစာ၏ သဘောသဘာဝအရ အဆင်မပြေမှုများ ရှိသဖြင့် နောက်ပိုင်းတွင် အသတ်နှင့် ပင့်ရစ်ဆွဲထိုး ကို ထည့်ပေးရပါသည်။