ဂျက်ကော့ ကာတီယေး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 1 interwiki links, now provided by Wikidata on d:q7321 (translate me)
စာကြောင်း ၂ -
== ကာတီယေး ဂျေ (ခရစ် ၁၄၉၁-၁၅၅၇) ==
မြောက်အမေရိကတိုက်၌ ပြင်သစ်ကိုလိုနီနယ်သစ်များ စတင်ထူထောင်နိုင်ရန် အခြေချပေးခဲသူမှာ ဇက် ကာတီယေး ဖြစ်သည်။ ကာတီယေး သည် ပြင်သစ်နိုင်ငံ၏ သင်္ဘောသားကောင်းတို့ ထွက်ပေါ်ရာ ဗရစ်တနီယ် စန်မာလိုမြို့သား တစ်ဦးဖြစ်ကြောင်းမှတစ်ပါး သူ၏ ငယ်ရွယ်စဉ်က အဖြစ်အပျက်များကို မသိရပေ။
သူ၏အကြောင်းကို စတင်သိရှိရသည်မှာ ၁၅၃၄ ခုနှစ်တွင် ပြင်သစ်ဘုရင် ပထမ ဖရန်စစ်က သူ့အား ရေသစ်၊ မြေသစ် ရှာဖွေရန်နှင့် တရုတ်နိုင်ငံဘက်သို့ လမ်းပေါက်ရှာရန် စေလွှတ် သည့်အခါမှ ဖြစ်၏။ ထိုစဉ်က ကာတီယေးသည် စန်မာလိုမြို့မှ သင်္ဘောငယ် ၂စင်းဖြင့် ဧပြီလ ၂ဝ ရက်နေ့တွင် စတင် ခရီး ထွက်ခဲ့ရာ နယူးဖောင်းလန်းဒေသသို့ မေလ ၁ဝရက်နေ့တွင် ရောက်ရှိခဲ့သည်။ ကာတီယေးသည် လာဘရာဒေါ တောင်ဘက် ကမ်းရိုးတန်းကို ဆန်တက်သွားပြီးနောက် ဗဲလအိုင်းရေလက် ကြားမှ စိန့်လောရင့် ပင်လယ်ကျွန်းဆွယ်ကို ပြင်သစ်ပိုင်အဖြစ် သိမ်းယူခဲ့၏။ ယင်းသို့ဖြင့် မြောက်အမေရိကတိုက်၌ ပြင်သစ် ကိုလိုနီကို[[ကိုလိုနီ]]ကို စတင်တည်ထောင်ခဲ့လေသည်။
 
၁၅၃၆ ခုနှစ်တွင် နယ်သစ်တည်ထောင်ရန် သင်္ဘော ၃စင်း ဖြင့် အမေရိကတိုက်သို့ ခရီးထွက်ခဲ့ပြန်သည်။ စိန်လောရင့် ပင်လယ်ကွေ့ထဲသို့ ရောက်ပြီးနောက် အနောက်ဘက်သို့ ဆန် တက်ကြည့်ရာ ထိုရေပြင်ကြီးမှာ မြစ်ကြီးတစ်မြစ် ဖြစ်ကြောင်း ကို တွေ့ရသည်။ ထိုသို့ သိရသောနေ့ (ဩဂုတ်လ ၁ဝ ရက် နေ့)မှာ စိန်လောရင့်သူတော်စင်၏ ပွဲတော်နေ့ ဖြစ်နေသဖြင့် ကာတီယေး သည် ထိုမြစ်ကို စိန်လောရင့်မြစ်ဟု အမည်ပေးခဲ့ လေသည်။
စာကြောင်း ၁၁ -
စေလွှတ်လိုက်ပြန်သည်။ ထိုနောက်တွင်ကား ခရီး မထွက်တော့ ဘဲ စန်မာလိုမြို့ရှိ ဘုရင်က ပေးသနားထားသော ခြံများနှင့်အိမ် ကြီးတွင် အေးချမ်းစွာ နေယင်း စိတ်ဝင်စားဖွယ်ကောင်းသော သူ၏ ခရီးသွားမှတ်တမ်းများကို ရေးသားခဲ့သည်။ ကာတီးယေး သည် ၁၅၅၇ ခု စက်တင်ဘာလ ၁ ရက်နေ့တွင် ကွယ်လွန်လေသည်။
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)</ref>
 
== ကိုးကား ==
<references/>