ဂင်းနီဗစ်ဆောနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 163 interwiki links, now provided by Wikidata on d:q1007 (translate me)
အရေးမကြီးNo edit summary
စာကြောင်း ၄၈ -
}}
 
ဂင်းနီဗစ်ဆောနိုင်ငံ၏ မူရင်းအမည်မှာ ပေါ်တူဂီ ဂင်းနီနိုင်ငံ ဖြစ်သည်။ ၁၉၇၄ ခုနှစ် တွင် [[လွတ်လပ်ရေး ]]ရရှိ၍ ဂင်းနီဗစ်ဆောနိုင်ငံဟု အမည် ပြောင်းခဲ့သည်။ အာဖရိကတိုက် အနောက်ဘက် ကမ်းခြေတွင် တည်ရှိပြီး မြောက်ဘက်တွင် [[ဆီနီဂေါနိုင်ငံ]]၊ အရှေ့နှင့်တောင်ဘက်တွင် ဂီနီနိုင်ငံတို့ တည်ရှိသည်။ နိုင်ငံ၏အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၃၉၄၈ ရှိသည်။ ၁၉၇၆ခုနှစ် ခန့်မှန်းချက်အရ လူဦးရေ ၅၃ဝဝဝဝ
ရှိသည်။မြို့တော်မှာရှိသည်။ မြို့တော်မှာ ဗစ်ဆောမြို့ ဖြစ်သည်။ မြေနိမ့်လွင်ပြင်များနှင့် ကျွန်းပြတ်များ ပေါများပြီး သစ်တောထူထပ်သော နိုင်ငံ ဖြစ်သည်။
 
ဂင်းနီဗစ်ဆောနိုင်ငံကို ၁၅ ရာစုခန့်မှ အစပြု၍ ပေါ်တူဂီလူမျိုး ပင်လယ်ခရီးသွား တစ်စုက စတင် တွေ့ရှိခဲ့သည်။ ၁၇ ရာစုနှင့် ၁၈ ရာစု နှစ်များအတွင်း ထိုအရပ်၌ ငွေဝယ်ကျွန် အရောင်းအဝယ်လုပ်ငန်း ထွန်းကား ခဲ့သည်။ ထိုအချိန်မှ အစပြု၍ ပေါ်တူဂီလူမျိုးတို့က [[ကိုလိုနီ ]]နိုင်ငံအဖြစ် သိမ်းပိုက် အုပ်ချုပ်ခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ပေါ်တူဂီပိုင် ကိုလိုနီများ အားလုံးကို ဖျက်သိမ်းလိုက်သောအခါ ဂင်းနီဗစ်ဆော နိုင်ငံသည် ပေါ်တူဂီတို့၏ ပင်လယ်ရပ်ခြား
ပြည်နယ်တစ်ခု ဖြစ်လာသည်။