ဗြိတိသျှအင်ပါယာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 1 interwiki links, now provided by Wikidata on d:q8680 (translate me)
အရေးမကြီးNo edit summary
စာကြောင်း ၂ -
[[File:BritishEmpire1919.png|thumb|300px|ဗြိတိသျှအလံတော် နှင့် တစ်ချိန်က ဗြိတိသျှ အင်ပါယာ၏ တစ်စိတ်တစ်ဒေသ ဖြစ်ခဲ့ကြသော ကမ္ဘာပေါ်ရှိ နယ်မြေများ။ လက်ရှိ ဗြိတိသျှ ပင်လယ်ရပ်ခြား နယ်မြေများ ကို အနီရောင် အောက်ခံမျဉ်းသား ထားသည်။]]
 
'''ဗြိတိသျှ အင်ပါယာ''' သည် ယူနိုက်တက်ကင်းဒမ်း(United Kingdom)မှ အုပ်ချုပ်သော သို့မဟုတ် စီမံခန့်ခွဲသော ဒိုမီနီယမ်များ၊ ကိုလိုနီများ၊[[ကိုလိုနီ]]များ၊ အထိန်းသိမ်းခံနိုင်ငံများ၊ အုပ်ချုပ်ပိုင်ခွင့်အောက်တွင် ထားရှိသောနိုင်ငံများနှင့် အခြားနယ်ပယ်များတို့နှင့် ဖွဲ့စည်းထားရှိခဲ့ပြီး ၎င်းတို့သည် ၁၆ ရာစု နှောင်းပိုင်းနှင့် ၁၇ ရာစုအစောပိုင်းတို့တွင် အင်္ဂလန်မှ ထူထောင်ခဲ့သော ပင်လယ်ရပ်ခြား ကိုလိုနီများ၊ အရောင်းအဝယ်ဋ္ဌာနများတို့နှင့်အတူ ပေါ်ပေါက် ခဲ့သည်။ ၎င်းအထွတ်အထိပ်ဖြစ်နေချိန်တွင် သမိုင်းတွင် အကြီးဆုံးသော အင်ပါယာ တစ်ခုဖြစ်ခဲ့ပြီး ရာစုနှစ်တစ်ခုကျော် တိုင်အောင် အထင်ကရဖြစ်သည့် ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်သည်။ ၁၉၂၂ ခုနှစ်တွင် ဗြိတိသျှ အင်ပါယာသည် ထိုအချိန်က ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံဖြစ်သောလူဦးရေ ၄၅၈ သန်း ကျော်ခန့် ကို ဩဇာလွှမ်းမိုးခဲ့ပြီး အကြမ်းအားဖြင့် ကမ္ဘာ၏စုစုပေါင်း မြေပြင်ဧရိယာ လေးပုံတစ်ပုံဖြစ်သော ၁၃၀၀၀၀၀၀ စတုရန်းမိုင်ကျော် (၃၃၆၇၀၀၀၀ စတုရန်း ကီလိုမီတာ) ကို ဖုံးလွှမ်းခဲ့သည်။
 
ရလဒ်တစ်ခုအနေဖြင့် ၎င်း၏ နိုင်ငံရေး၊ ဘာသာ စကား နှင့် ယဉ်ကျေးမှု အမွေအနှစ်များသည် ၎င်းတို့ အုပ်ချုပ်သော နေရာ ဒေသများသို့ ပျံ့နှံ့ခဲ့သည်။ နယ်ချဲ့တို့၏ တန်ခိုးဩဇာ အထွတ်အထိပ် ရောက်နေ ချိန်တွင် " ဗြိတိသျှ အင်ပါယာပေါ်တွင် ဘယ်သောအခါမျှ နေမဝင်ပါ " ဟု ပြော လေ့ရှိခဲ့ကြသည်။ အဘယ့် ကြောင့်ဆိုသော် တစ်ကမ္ဘာလုံးအနှံ့ ၎င်းတို့ ဩဇာ လွှမ်းခြုံထားခြင်းသော မြောက်မြားစွာ သော နယ်ပယ်ဒေသ များအနက်မှ အနည်းဆုံးတစ်ခုပေါ်တွင် နေမင်းကြီးသည် အမြဲတမ်း ထွန်းလင်းတောက် ပနေမည်မှာ သေချာ သောကြောင့်ဖြစ်သည်။