ပျဉ်းမနားမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
အရေးမကြီး f
စာကြောင်း ၁ -
'''ပျဉ်းမနားမြို့'''သည် [[ရမည်းသင်းခရိုင်နေပြည်တော် ပြည်ထောင်စုနယ်မြေ]]တွင် ပျဉ်းမနားနယ်နှင့်ပါဝင်သော ပျဉ်းမနားမြို့နယ်၏[[ပျဉ်းမနားမြို့နယ်]]၏ ရုံးစိုက်မြို့ ဖြစ်သည်။ ပျဉ်းမနားနယ်တွင် ပျဉ်းမနားမြို့နယ်နှင့် [[လယ်ဝေးမြို့လယ်ဝေးမြို့နယ်]]နယ် တို့ ပါဝင်သည်။ ပျဉ်းမနားမြို့သည် [[ငလိုက်ချောင်း]]၏ တောင်ဘက်ကမ်း၊ [[ပဲခူးရိုးမ]]၏ မြောက်ဘက် တောင်စွယ်ပေါ်တွင် တည်ရှိသည်။ ရန်ကုန်-မန္တလေး [[မော်တော်ကားလမ်း]]သည်လည်း ပျဉ်းမနားမြို့ကို ဖြတ်သန်းသွားသည်။ [[မီးရထားလမ်း]]အားဖြင့် ပျဉ်းမနားမြို့သည် [[ရန်ကုန်မြို့]]မှ ၂၂၆မိုင် ကွာဝေး၍ [[မန္တလေးမြို့]]မှ ၁၆၁ မိုင်ကွာဝေးသည်။ ခရိုင်ရုံးစိုက်ရာရမည်းသင်းခရိုင်ရုံးစိုက်ရာ [[ရမည်းသင်းမြို့]]နှင့်မူ ၄၉ မိုင်ကွာဝေးသည်။
 
ပျဉ်းမနားမြို့ကို မြန်မာဘုရင်များလက်ထက်ကပင် တည်ထောင်ခဲ့သည်။ ထိုစဉ်က နယ်ကျန် ၊ နယ်ချန် သို့မဟုတ် နင်းကြမ်း ဟု ခေါ်ဝေါ်ခဲ့သည်။ မြန်မာမင်းများလက်ထက် စစ်ချီတက်ရာတွင်လည်းကောင်း၊ ဆိုင်ရာနယ်စားများ အခွန်ဘဏ္ဍာတော် ကောက်ခံရာတွင်လည်းကောင်း ယခုလက်ရှိ ပျဉ်းမနားမြို့သည် တောတောင်စိမ့်စမ်း အလွန်ထူထပ်သောကြောင့် ချန်၍ ထားခဲ့သဖြင့် နယ်ကျန်၊ သို့မဟုတ် နယ်ချန် ဟု ခေါ်ဆိုခဲ့သည်ဟု ဆိုသည်။ နင်းကြမ်း ဟု ခေါ်တွင်ခဲ့ခြင်းမှာ ထိုစဉ်က လူအများရောင်းဝယ်ဖောက်ကားရာဈေးသည် ပျဉ်းမနားမြို့မြောက်ဘက် ငလိုက်ချောင်း (ရှေးအခေါ်လက်လိုက်ချောင်း) တစ်ဘက်ကမ်းရှိ ရွာကောက်ရပ် ဖြစ်သဖြင့် ဈေးသွားသူတို့ ချောင်းဖြတ်ကူးရာတွင် လွယ်ကူစေရန် ဝါးကြမ်းခင်း၍ နင်းသွားရသောကြောင့် နင်းကြမ်း ဟု အမည်တွင်ရကြောင်း ဆိုကြသည်။
စာကြောင်း ၁၆ -
{{reflist}}
 
 
{{မန္တလေးတိုင်း}}
{{နေပြည်တော် ပြည်ထောင်စုနယ်မြေ}}
{{မြန်မာတိုင်းနှင့် ပြည်နယ်များ}}
 
[[Category:နေပြည်တော်]]
[[Category:မန္တလေးတိုင်းဒေသကြီး]]
[[Category:မြန်မာနိုင်ငံရှိ မြို့များ]]