ကျိုတိုမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၄၅ -
ရာစုနှစ်ပေါင်းများစွာ ဂျပန်နိုင်ငံ၏ ရှေးမြို့တော်အဖြစ် တည်ရှိခဲ့သည့် ကျိုတိုမြို့သည် ကံကောင်းထောက်မစွာပဲ [[ဒုတိယ ကမ္ဘာစစ်]] အတွင်း [[ဟီရိုရှီးမားမြို့|ဟီရိုရှီးမား]]နှင့် [[နာဂါစာကီမြို့|နာဂါစာကီ]]ကဲ့သို့ ဗုံးကျဲဖျက်ဆီးခြင်း မခံခဲ့ရပေ။ ကျိုတိုမြို့သည် ဂျပန်နိုင်ငံတွင် ရှေးမူရှေးဟန်များကို အကောင်းဆုံး ထိန်းသိမ်းနိုင်သည့် မြို့တစ်မြို့ဖြစ်သည်။ ဘုရားကျောင်းနှင့် နတ်ကွန်း ၂၀၀၀ ခန့်၊ နန်းတော်၊ ပန်းခြံနှင့် အခြား ရှေးရိုးဟန် အဆောက်အအုံ အများအပြားကို တွေ့ရှိနိုင်သည်။ ထို့အပြင် သာသနာရေးအချက်အချာမြို့ဖြစ်သည်။ တန်ဆောင်းကျောင်းကြီးများမှာ ကြီးမားခန့်ညားသော သစ်ပင်ကြီးများအကြား၌ မြေခုံအဆင့်ဆင့်နှင့် တင့်တယ်စွာ တည်ရှိကြသည်။ ယင်းတို့အနက် ဘုရားကျောင်းတစ်ခုမှာ ကမ္ဘာပေါ်၌ အကြီးဆုံးသော သစ်အဆောက်အအုံကြီးဖြစ်သည်။
အခြားအဓိကရ အဆောက်အအုံမှာ ဂျပန်မင်းများ စံပျော်ခဲ့သော နန်းတော်ကြီးနှင့် နီဂျိုရဲတိုက်ကြီးဖြစ်သည်။ ထိုရဲတိုက်ကြီးမှာ ၁၅ ရာစု၊ စံပြဗိသုကာလက်ရာ ဖြစ်သည်။
ကျိုတိုမြို့တွင် တက္ကသိုလ်နှစ်ခုရှိသည်။ ခေတ်မှီ စက်ရုံအလုပ်ရုံများ မရှိချေ။ ပိုးထည်၊ ကြွေထည်၊[[ကြွေထည်]]၊ ပန်းထိမ်၊ ပန်းပု စသော လက်မှုလုပ်ငန်းများကိုသာ လုပ်ကိုင် ကြသည်။ ထိုလုပ်ငန်းများတွင် အခြားဂျပန်မြို့များက ကျိုတိုမြို့ကို မယှဉ်နိုင်ကြချေ။
ကျိုတို ဆင်ခြေဖုံးတွင် လက်ဖက်ပင် အကြီးအကျယ်စိုက်ပျိုးသည်။ ကျိုတိုလက်ဖက်ခြောက်မှာ ဂျပန်နိုင်ငံတွင် အကောင်းဆုံးဖြစ်သည်။ သို့သော် ပြည်ပမတင်ပို့ဘဲ နိုင်ငံတွင်း၌သာ သုံးစွဲလေသည်။
နှစ်ပေါင်း တစ်ထောင်ကျော် မင်းနေပြည်တော်ဖြစ်ခဲ့ရာမှ မေဂျီဘုရင်လက်ထက်တွင် တိုကျိုသို့ မြို့တော်ပြောင်းလိုက်သည်။ သို့သော်ငြားလည်း ဂျပန်မင်းများသည် ကျိုတိုနန်းတော်ကြီး၌သာလျှင် ဘိသက်ခံလေ့ရှိကြသည်။
စာကြောင်း ၆၈ -
</gallery>
 
==ပွဲတော်များ==
<gallery>
Image:Minami Kannonyama Gion Matsuri Yoiyama.jpg|[[Gion Matsuri]] (祇園祭)